လူတစ်ခု
အခုလို
မနိုင်မနင်းချစ်နေရတာကိုပဲ
ဂုဏ်ယူလိုက်ရ ၊
ဦးနှောက်ထဲမှာစကားလုံးကင်ဆာ
နှလုံးသားမှာမီးကင်ဆာ
ဒဏ်ရာတို့၌၊ ယာဉ်ကြောပိတ်ကြတယ် ။
ကျပန်းစကားတွေ မနားတမ်းပြောရ၊
ကျပန်းအလုပ်တွေ မနားတမ်းလုပ်ရ၊
ကျပန်းအတွေးတွေ မနားတမ်းတွေးရ၊
လက်သပ်မွေးမိတဲ့ အိပ်မက်မှာလန့်ဖျန့်ရ ။
ဖိုသမျှမီးထက် ပိုပူတတ်ခဲ့ရာ
ကျွဲကူးရေပါဒုက္ခများ
ထိုင်မရထမရ သံဝေဂများ
သံသရာစကားများခဏဘေးဖယ်
တစ်ဘ၀တည်းသာ မြင်ရလို့ပေါ့
တစ်ဘ၀စာ ကားတစ်စင်း
တွန်းနှိုး နှိုးနေရတာ
နီးရာကြယ်နဲ့ အလင်းမျှနေရတာ……။ ။
ရန်လင်းအောင်
၂၀၀၇ခုနှစ် ၊ ဇန်န၀ါရီလ
ချယ်ရီ် မဂ္ဂဇင်း တွင် ဖေါ်ပြပြီး ။