Thursday, August 6, 2015

မမျှော်လင့်တဲ့ဘက် - ရန်လင်းအောင်


မမျှော်လင့်တဲ့ဘက်


မီးလောင်တယ်ဆိုလည်း ပြေးကြည့်
ရေကြီးတယ် ဆိုလည်း ပြေးကြည့်
ကားချင်းတိုက်လည်းပြေးကြည့်
ခွေးချင်းကိုက်လည်းပြေးကြည့်
ဟိုဟာပြေးကြည့် ဒီဟာပြေးကြည့်
ဟိုပြဿနာပြေးကြည့် ဒီပြဿနာပြေးကြည့်
ဘာဖြစ်ဖြစ်ပြေးကြည့်
ဒါ ငါတို့ မတွေးမိတာတွေပဲ
ဟုတ်တယ်
ဒါ ငါတို့ မမျှော်လင့်တာတွေပဲ
ငါတို့
ပြေးမကြည့်တာဆိုလို့ မတွေးမိတာတွေပဲ
မတွေးမိတာတွေဘက်
ဦးအောင်ပြေးကြည့်ကြပါစို့ ။

                                          ရန်လင်းအောင်

ကြယ်ငါးကောက်သူများ ၊ မင်းညွန့်လှိုင်


ကြယ်ငါးကောက်သူများ


ပင်လယ်ကြီးကအကျယ်ကြီး
ကမ်းစပ်ကလည်းအရှည်ကြီး
လှိုင်းပုတ်ဒဏ်ခံ
ကြယ်ငါးတွေလည်းတဖွေးကြီး ။
ငါတို့မှာကလက်နှစ်ဘက်တည်း
ကြယ်ငါးတစ်ကောင်တွေ့တိုင်း
ပင်လယ်ထဲပြန်ပို့ပေးလိုက်ရင်
ကြယ်ငါးလေးတစ်ကောင်အတွက်တော့
ထွက်မြောက်ရာလမ်းတွေ့မှာပေါ့ ။
မိတ်ဆွေတို့ရေ
ကြယ်ငါးကောက်လက်ချောင်းတွေ
များပြားခဲ့ရင်
ကြယ်ငါးတွေ
အများကြီးရှင်သန်မယ်
ရိုးရှင်းလွန်းတဲ့သင်္ချာပါ ။
ွှရှင်သန်ခြင်းကိုမြတ်နိုးတယ်လား
ငါတို့ကြယ်ငါးကောက်ပါစို့ ။ ။
[ ဆရာဖေမြင့်ဘာသာပြန်
စာတစ်ပုဒ်ကိုပြန်အောက်မေ့ခြင်း ။ ]
မင်းညွန့်လှိုင်