လ က် နှ စ် ဘ က် မ င်း ညွ န် လှို င် |
လ က် နှ စ် ဘ က်
လက်နှစ်ဘက်
ထွက်ခွာရာပုဒ်မတူတဲ့ လက်နှစ်ဘက်
လက်နှစ်ဘက် အသွေးအမွေးမတူတဲ့
လက်နှစ်ဘက် အရောင်းအဆင်းမတူတဲ့
လက်နှစ်ဘက် နောက်ခံကားချပ်မတူတဲ့
လက်နှစ်ဘက် . . .
ကြားခံလေထဲမြောက်တက်လာတဲ့
လက်နှစ်ဘက်
တပ်ဆင်ဆဲတံတားသံဘောင်လို
လက်နှစ်ဘက်
လှိုက်လှိုက်လှဲလှဲ နူတ်ဆက်မလို
လက်နှစ်ဘက်
သူနိုင် ကိုယ်နိုင်မောင်းလှဲမှာလား
လက်နှစ်ဘက်
ဆိုက်ရောက်ရာပုဒ်ကို မရေးခြစ်နိုင်သေးတဲ့
လက်နှစ်ဘက် . . . . . . . . .
မင်းညွန့်လှိုင်
ဒေါင်းအိုးဝေ | ဇန္နဝါရီလ|၂၀၁၄ မှ
ကူးယူပြဖော်သည် ။