Tuesday, April 28, 2015

အ ကျ န် -၄ မင်းညွန့်လှိုင်


အ ကျ န် ( ၄ )

------------
မိုးမြားပစ်ကြဲ
စိုရွှဲခြောက်ကပ်နေတဲ့ည
လူသူမဲ့မဲ့လမ်းဆုံလမ်းခွ
အိပ်စက်မရတဲ့တစ္ဆေအို
အမှောင်ကိုစောင့်ကြည့်နေရ
ကိုယ်ဟာ
အမေ့လျော့ခံမီးပွိုင့်ကြီးပါလေ ။ ။

မင်းညွန့်လှိုင်

နေတူနံတူများ နှင့် အနီးတဝိုက်


နေ့တူနံတူများ နှင့် အနီးတဝိုက်

ပျော်သလိုလို ဘာလိုလို
ပေပြီးချစ် ပေပြီးမုန်း
ပေပြီးလွမ်း ……
ပျော်သလိုလို ဘာဘာလိုလိုပေါ့

မီးကစားတယ်
ရေကစားတယ်
ဘဝမှတပါး လောင်းကြေး မရှိပြီ
ပျော်သလိုလို ဘာဘာလိုလိုပေါ့

မိုးပျံလည်း ဒီစိတ်
မြေလျှိုးလည်း ဒီစိတ်
ပျော်သလိုလို ဘာဘာလိုလိုပေါ့

ခရမ်းလွန်ရောင်ခြည် ဟာ
ကိုယ့်အသံထက် ပိုစွာလား
တတ်နိုင်ဘူးလေ
လိုသလို ချုံ့နိုင် ချဲ့နိုင်တဲ့
အိပ်မက်ကို မက်လို့မရသေးဘူး
ဆိုးပါ့  ………………

မနေ့ကထက်ပိုဝေးသွားတဲ့ကိစ္စလည်း
အရေးကြီးတာပဲ
မနေ့ကထက်ပိုနီးလာတဲ့ကိစ္စလည်း
အရေးကြီးတာပဲ ။

အေးလေ ………
မနေ့ကထက် စကားပိုနည်းကြပါစို့
မနေ့ကထက် တရားပိုမြဲကြပါစို့
ဒါပါပဲ ။

                ရန်လင်းအောင်