ပထမ (၂) နှစ်၌ ဖြစ်သော ရုပ်နာမ်တရားတို့သည် ဒုတိယ (၂)နှစ်သို့ မလိုက်ပါ။
ထိုပထမ(၂)နှစ်၌သာလျှင် ချုပ်ပျောက်ကြသောသောကြောင့် အနိစ္စတို့ပါတကား၊ ဒုက္ခတို့ပါတကား၊
အနတ္တတို့ပါတကား။
ဒုတိယ(၂) နှစ်၌ ဖြစ်သော ရုပ်နာမ်တရားတို့သည် တတိယ (၂)နှစ်သို့ မလိုက်ပါ။
ထို ဒုတိယ (၂)နှစ်၌သာလျှင် ချုပ်ပျောက်ကြသောသောကြောင့် အနိစ္စတို့ပါတကား၊ ဒုက္ခတို့ပါတကား၊
အနတ္တတို့ပါတကား။
ဤနည်းအတူ တတိယ ၂ နှစ်က စတုတ္ထ ၂ နှစ်၊ စတုတ္ထ ၂ နှစ်က ပဉ္စမ ၂ နှစ်၊ ပဉ္စမ
၂ နှစ် ကဆဋ္ဌမ ၂ နှစ်၊
ဆဋ္ဌမ
၂ နှစ် က သတ္တမ ၂ နှစ် ၊ သတ္တမ ၂ နှစ်က အဋ္ဌမ ၂ နှစ်၊ အဋ္ဌမ ၂ နှစ်က န၀မ ၂နှစ်၊ န၀မ ၂နှစ်က
ဒသမ ၂ နှစ်
ဒသမ
၂ နှစ်က ဧကာဒသမ ၂ နှစ် (ပါဠိ လိုဆိုရတာခက်ရင်) ၁၁ ခု မြောက် ၂ နှစ်၊ ၁၂ ခု မြောက် ၂နှစ်၊
၁၃ ခု မြောက် ၂ နှစ်၊ အစရှိသည်ဖြင့် ၄၈ ကြိမ်မြောက်
၂ နှစ်၊ တိုင်အောင် ရှေးနည်းအတူ ဆိုရိုးပြုရှုပြီးလျှင် .................
(၄၉)ကြိမ်မြောက် ၂ နှစ်ဖြစ်သော ရုပ်နာမ်တရားတို့သည်
အကြိမ် ၅၀ မြောက် ၂ နှစ် သို့ မလိုက်ပါ ။ထို ၄၉ ကြိမ်မြောက် ၂ နှစ် ၌ သာလျှင် ချုပ်ပျောက်ကြသောကြောင့်
အနိစ္စတို့ ပါတကား၊ ဒုက္ခ တို့ပါတကား၊ အနတ္တ တို့ပါ တကား ။