Sunday, March 6, 2016

အ ကြ ာ း အ ေ ဝ း - ဆောင်းချစ်ငြိမ်



အ ကြ ာ အ ေ ဝ း

________________________

အစဖော်ဖို့ ကြိုးစားရင်း
အစမှာပဲ တက်နင်းခံမိလျှက်သား အစတွေ

ငါတို့ဟာ
သော့တွဲတွေ အများကြီးနဲ့
ဖွင့်စရာ သော့ခလောက် ပျောက်ဆုံးနေဆဲဘဝတွေ … …

စီးနေတဲ့  ရေထဲ
မျောနေတဲ့  အမှိုက်တွေလား
ငါတိုကိုယ်ငါတို့ သံသယဝင်ဖို့ အချိန်မရှိ

မနက်ဖြန်တွေဟာ
ငါတို့ညတွေထဲ
အမြဲတမ်း ထည့်မက်နေမိတဲ့
အိပ်မက်တွေ … … …

အခု - ကျီထဲမှာ အခွန်တွေနဲ့ ကြွက်တွေ
အခု - အခွန်တွေထဲမှာ
မနက်ဖြန်တွေကို မယုံရဲ စိတ်တွေနဲ့ မျှော်မောနေရခြင်းတွေ … … … …

ငါတို့ဟာ
အကြောင်းတွေထဲမှာ အကျောင်းခံရင်း
အကြောင်းကြောင်းသော  အကြောင်းတွေကြောင့်
အကျိုးမျှော်ရင်း မောနေရတဲ့ အကြောင်းတွေလို့
ရိုးရိုးသားသားပဲ  ဆိုကြပါစို့
အရပ်ကတို့  … … … …

ဆောင်းချစ်ငြိမ်