ပဉ္စက တည့်
ငါးနှစ်
ငါးနှစ်ကို ပဉ္စက တစ်ခု တစ်ခု လို့ခေါ်တယ်၊ ယနေ့ အသက် နှစ်ပေါင်း (၁၀၀)တစ်ရာတန်းဖြစ်လို့
ပဉ္စကငါးနှစ် တစ်ခု တစ်ခုနဲ့ သတ်မှတ်လိုက်ရင် ပဉ္စကပေါင်း နှစ်ဆယ်ဖြစ်ပါတယ်။ ဒါကို မြန်မာလို
လွယ်လွယ်ခေါ်ရင် ပထမငါးနှစ်၊ ဒုတိယငါးနှစ်၊ တတိယငါးနှစ်၊ စတုတ္ထငါးနှစ်၊ ပဉ္စမငါးနှစ်၊
ဆဋ္ဌမငါးနှစ်၊ သတ္တမငါးနှစ်၊ အဋ္ဌမငါးနှစ်၊ န၀မငါးနှစ်၊ ဒသမငါးနှစ်၊ ဧကာဒသမငါးနှစ်၊ ဒွါဒသမငါးနှစ်၊
တေရသမငါးနှစ်၊ စုဒ္ဒသမငါးနှစ်၊ ပန္နရသငါးနှစ်၊ သောဠသမငါးနှစ်၊ သတ္တရသမငါးနှစ်၊ အဋ္ဌာရသမငါးနှစ်၊
ဧကူန၀ီသတိမငါးနှစ်၊ ၀ီသတိမငါးနှစ် လို့၊ အပုံ (၂၀)ရပါတယ်။