ကိရိယာ ဆ ၊ ဥဒ္ဓရဏ က၊ စသည် ၆ ခု ၊
အစုံစုရှုပွားနည်း
အဓိပ္ပါယ်ကား .......... တစ်နေ့အဖို့ရာ နေ့မှာသုံးချိန်၊
ညဉ့်မှာသုံးချိန် ဆိုခဲ့ပြီးအတိုင်း ၆ ချိန်ထား၍ ၀ိပဿနာရှုပြီးသည့်နောက် ခြေတစ်လှမ်း
လှမ်းလျှင် အမူအရာ ကိရိယာ (၆) မျိုးကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ၀ိပဿနာ (၆) ကြိမ်ရှု၇ပါမည်
။
ထို အမူအရာ - ကိရိယာ (၆) မျိုးဟူသည်မှာ
...... (မြန်မာလို) ........
၁ ။ ရပ်နေရာမှ အထက်သို့ ကြွချီလိုသဖြင့် ဖိနှိပ်၍ နင်းသော
အခိုက် ၊
၂ ။ အထက်သို့ ကြွချီသောအခိုက်
၊
၃ ။ အထက်မှ အောက်သို့ချလို၍ ခေတ္တရပ်နားသောအခိုက် ၊
၎ ။ အောက်သို့ စ၍ ချသောအခိုက် ၊
၅ ။ ခလုတ်+ တံသင်း စသည်ကို မြင်၍ နံဘေးသို့ လွှဲသောအခိုက်
၊
၆ ။ အောက်မြေသို့ ချသောအခိုက်ဟူ၍ အခိုက်အတန့် (၆) ပါးကို နှလုံးသွင်း ဆင်ခြင်၍ ၀ိပဿနာ
ပွားရမည် ။
ပွားပုံကား ....................
ရပ်နေရာမှ အထက်သို့ ကြွချီလိုသဖြင့် ဖိနှိပ်၍ နင်းသောအခိုက်၌ ဖြစ်သော ရုပ်နာမ်တရားတို့သည် အထက်သို့ကြွချီသော အခိုက်သို့ မလိုက်ပါ ။ ထို ဖိနှိပ်၍ နင်းသောအခိုက်၌သာလျှင်
ချုပ်ပျောက်ကြသောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခ တို့ပါတကား၊ အနတ္တ တို့ပါတကား ။
ခြေကိုအထက်သို့ကြွချီသော အခိုက်၌ ဖြစ်သော ရုပ်နာမ်တရားတို့သည်
အထက်မှ အောက်သို့ချလို၍ ခေတ္တရပ်နားသောအခိုက်သို့ မလိုက်ပါ ။ထို အထက်သို့ ကြွချီသောအခိုက်၌
သာလျှင် ချုပ်ပျောက်ကြသောကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခ တို့ပါတကား၊ အနတ္တ တို့ပါတကား
။
ခြေကို အထက်မှ အောက်သို့ချလို၍ ခေတ္တရပ်နားသောအခိုက်၌
ဖြစ်သော ရုပ်နာမ်တရားတို့သည် အောက်သို့ စ၍ချသောအခိုက် သို့ မလိုက်ပါ ။ ထို ခေတ္တရပ်နားသောအခိုက်၌
သာလျှင် ချုပ်ပျောက်ကြောင့် အနိစ္စ တို့ပါတကား၊ ဒုက္ခ တို့ပါတကား၊ အနတ္တ တို့ပါတကား ။
ခြေကို အောက်သို့ စ၍ချသောအခိုက် ၌ ဖြစ်သော ရုပ်နာမ်တို့သည်
ခလုတ် တံသင်းစသည်ကို မြင်၍ ခြေကို နံဘေးသို့ လွှဲသောအခိုက် သို့ မလိုက်ပါ ။ ထို အောက်သို့
စ၍ချသောအခိုက်၌သာလျှင် ချုပ်ပျောက်ကြသောကြောင့်
အနိစ္စ တို့ပါတကား၊ ဒုက္ခ တို့ပါတကား၊ အနတ္တ တို့ပါတကား ။
ခလုတ် တံသင်းစသည်ကို မြင်၍ ခြေကို နံဘေးသို့
လွှဲသောအခိုက်၌ ဖြစ်သောရုပ်နာမ်တရားတို့သည် ခြေကို အောက်မြေသို့ ချသောအခိုက်သို့ မလိုက်ပါ။
ထို နံဘေးသို့ လွှဲသောအခိုက်၌သာလျှင် ချုပ်ပျောက်ကြကြောင့် အနိစ္စ တို့ ပါတကား၊ ဒုက္ခ
တို့ပါတကား၊ အနတ္တ တို့ပါတကား ။
ခြေကို အောက်မြေသို့ ချသောအခိုက်၌ ဖြစ်သောရုပ်နာမ်တို့သည် နောက်တစ်ဖန်
ခြေလှမ်းရန် ဖိနှိပ်၍ နင်းသော အခိုက်သို့ မလိုက်ပါ ။ ထို ခြေကို အောက်မြေသို့ ချသောအခိုက်၌သာလျှင်
ချုပ်ပျောက်ကြကြောင့် အနိစ္စ တို့ ပါတကား၊ ဒုက္ခ တို့ပါတကား၊ အနတ္တ တို့ပါတကား ။
( ဤကဲ့သို့ ရှုပွားကြရပါမယ် ။)
ဝိပဿနာရှုပုံ အလုံးစုံကို ခြုံ၍ ငုံကြည့်မယ်ဆိုလျှင်
“သုံးပါးသက် ရွယ်” ဆိုတဲ့အတိုင်း ပထမအရွယ် ၊ မဇ္ဈိမအ ရွယ် ၊ ပစ္ဆိမအရွယ် ၊ ဒီအရွယ် သုံးပါး
ကစပြီးတော့ “ဆယ်ဒသက” (၁၀)နှစ်တစ်စု ၊ ၁၀ နှစ်တစ်စု၊ ပြီးတစ်ခါ “ပဉ္စက တည့် ” ဆိုတဲ့အတိုင်း
၅ နှစ် တစ်စု အစု ၂၀ ထားပြီး ၀ိပဿနာ ရှုလိုက်မည်ဆိုလျှင် နောက်ကို ၄ နှစ် ၃ နှစ် ၊ ၂
နှစ်၊ ၁ နှစ် တစ်စု တဖြည်းဖြည်းတရားသဘော စိပ်၍ စိပ်၍ သွားတာ တွေ့ရလိမ့်မယ် ။
၁ နှစ်တစ်စု ကြည့်ပြီးတွဲတဲ့အခါ ၁ နှစ် အတွင်းမှာရှိတဲ့
ဥတု သုံးပါး၊ ရတုခြောက်ပါး ၊ လ ပေါင်း ၁၂ လ၊ နေ့ နှင့်ညဥ့် အခါ ၆ ပါး ၊ ခြေတစ်လှမ်းဖြစ်တဲ့
အခိုက် အတန့် ၆ မျိုး ၊ အဲဒီလို အစဉ်အတိုင်း ရှုဖို့ရန် မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီးကိုယ်တော်ရဲ့
“ပရမတ္ထသရူပဘေဒနီ ကျမ်း” ကမ္မဋ္ဌာန်းပိုင်းမှာ ရှုပုံကို လင်္ကာဖြင့် အကျယ်ဖေါ်ပြထားတော်မူပါတယ်။
ပထမနေ့ ဆိုပါစို့ ၊ “သုံးပါးသက် ရွယ်” အရွယ်သုံးပါး၊ “ဆယ်ဒသက” ဆယ်နှစ်တစ်စု၊ ဆယ်နှစ်တစ်စု
ဆယ်စု၊ “ပဉ္စကတည့်” - ငါးနှစ်တစ်စု၊ ငါးနှစ်တစ်စု အစု ၂ စု ထားပြီးရှု၊ ဒါ ပထမနေ့ ဆိုပါစို့
။
ဒုတိယနေ့ကျတော့ ၄ နှစ်တစ်စု ၊ ၄ နှစ်တစ်စု
အစုပေါင်း ၂၅၊ ပြီးတော့ ၃နှစ်တစ်စု ၊ ၃နှစ်တစ်စု အစုပေါင်း ၃၃၊ ပြီးတော့ ၂ နှစ်တစ်စု
၊ ၂ နှစ်တစ်စု အစုပေါင်း ၁၀၀ ထားပြီး ရှု ၊ ဒါ ဒုတိယနေ့ ဆိုပါစို့ ။
တတိယနေ့ကျတော့ ၁ လတစ်စု ၊ ၁ လတစ်စု အစုပေါင်း
၁၂ စု ၊ ပြီးတော့ လဆန်း ပက္ခ၊ လဆုတ် ပက္ခအားဖြင့် ၂ စု ၊ ပြီးတော့ နေ့ မှာ ၃ ချိန် ၊
ညဥ့်မှာ ၃ ချိန်ထားပြီး ၆ ခုပြု၍ ရှု ၊ ပြီးမှ ခြေလှမ်းတိုင်း လှမ်းတိုင်းမှာ ၊ ဖြစ်နိုင်တဲ့
ကိရိယာ (အမူအရာ) ၆ မျိုး နဲ့ (ရှေးကဆိုခဲ့ပြီးသော နည်းအတိုင်း) ရှုပါလေ ။
ဤနည်းသည် ၀ိသုဒ္ဓါရုံ ဆရာတော် ဘုရားကြီးဟာ ကိုယ်တော်တိုင်လည်းပဲ
ဤအတိုင်းရှုတယ်လို့ အကဲခတ်နိုင်ပါတယ် ။ကိုယ်တော်တိုင်ရှုတဲ့ နည်းအတိုင်း ၀ိသုဒ္ဓိမဂ် အဋ္ဌကထာနှင့်
အညီ လင်္ကာရေးထားခဲ့ပါတယ် ။
ဤလင်္ကာကို
မှတ်မိသွားအောင်/ အလွတ်လည်းရစေလိုတဲ့အတွက်၊ ထပ်မံဖေါ်ပြပေးပါမယ် ။
ဤလင်္ကာကိုအလွတ်ကျက်မှတ်ပြီး၊ လင်္ကာပါအတိုင်း လေ့လာဆည်းပူးကြိုးစားအားထုတ်ပေါက်မြောက်နိုင်ပြီး၊
မအိုရာ၊ မနာရာ၊ မသေရာ ဖြစ်တဲ့ သန္တိ သုခအမြိုက်နိဗ္ဗာန် သို့ လျင်မြန်စွာဆိုက်ရောက်နိုင်ကြပါစေ
။
သုံးပါးသက်ရွယ် ၊ ဆယ်ဒသက၊ ပဉ္စကတည့် ၊
စတုက - တိ ၊ ဒွိ နှင့် ဧက ၊ သုံးဝဥတု ၊
ရတုခြောက်သွယ်
၊ လကွယ်လဆန်း ၊
ဒိဝန်းရတ္တိ ၊ ဆဗ္ဗိအခါ ၊ ကိရိယာဆ ၊
ဥဒ္ဓရဏက၊ စသည်ခြောက်ခု ၊ အစုစုဝယ် ၊
ဖြစ်မှုဥဿုံ ၊
အလုံးစုံကား ၊ ရွှေဘုံမဖြစ် ၊
တစ်ဆစ်တစ်ရက် ၊ တစ်စပ်တစ်သင်း ၊
နှမ်းအိုးကင်းထက် ၊ နှမ်းစေ့ကျက်သို့ ၊
ကွဲပျက်ကြေမွ ၊ အနိစ္စသည် ၊
ဒုက္ခ အနတ္တ ချည်းသာတည်း …………..။
ဣဒံမေ ပုညံ ဗောဓိ ဉာဏဿ ပစ္စယော ဟောတု ။ . . . .
.။
မဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီး နှင့်
မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး
တို့၏ ၀ိပဿနာရှုနည်း ပြီး၏
ပုညသင်္ဂဟ ၊ ဦးဝိမလ
(9.9.2012)