Thursday, July 24, 2014

ဒီ က ဗျာ ဒီ အ တို င်း ပဲ ဆ က် ေ ရ း ေ တ ာ့ မွ ာ လ ား


ဒီ က ဗျာ ဒီ အ တို င်း ပဲ ဆ က် ေ ရ း ေ တ ာ့ မွ ာ လ ား . . . ?

_______________________      ရ န် လ င်းေ အာ င်

ငြီးငွေ့ဖွယ်
ဥသြသံရှည်ကြီးထဲ
ကွမ်းယာ ရမယ်၊ ဆေးလိပ် ရမယ် ၊
ရေသန့်ဗူး၊ စနိုးတာဝါ၊ စမူဆာ . . .ရမယ်
ထမင်းဗူး ရမယ်၊ လ္ဘက်ရည် ရမယ်၊
အအေးပုလင်း  ရမယ် ၊
ရမယ် . . .ရမယ် …...ရမယ်
ခေတ်လား၊ စနစ်လား
ဘုရားသခင်လား ၊ကံတရားလား
ရမယ်ရှာ ပြီးပြောလိုတာပြောရရင်
ဥသြဆွဲသံ ဒီထက်မကပိုရှည်သွားနိုင်တယ် ။
ဥမမယ်စာမမြောက်
ဈေးတောင်းခါးစောင်းတင်
အက်ကြောင်းသံစုံမြည်
ဝမ်းရေးယန္တယားခွေးသွားစိပ်လေးတွေ . . . .
မျည်ရည်နံ့ မတရား မွှန်တယ်
ချွေးစော် အရမ်းနံတယ်
သွေးထွက်သံယိုလည်း ရှိကောင်းရှိနိုင်တယ်
ဒီပန်းချီကား ခင်ဗျားလည်း
အလွယ်တကူခံစားနိုင်ရဲ့  မဟုတ်လား ။

ရထားထွက်သွားလည်း
အရွယ်နဲ့မလိုက်အောင် မနားရ
ရထားရပ်ထားလည်း
အရွယ်နဲ့မတန်အောင် မအားရ
ရထားက အချိန်နဲ့ရပ် အချိန်နဲ့သွား
ဒီသံသရာဟောင်းကတော့ ဘူတာမတွေ့နိုင်သေး
လက်ထဲက
အအေးပုလင်း၊ မပူခင်
အသော့နှင်မော့ချလိုက်ရတယ်၊
မူရင်းသံစဉ်မမီနိုင်ပေမယ့်
စာနာခြင်းတရား
ဘ၀တခြမ်းစာမက ဖဲ့စားသွား
ရထားထွက်သွားပေမယ့်
ကဗျာဟာ တရစပ်ရွာကောင်းနေတုန်းပဲ . . . ။

                                    ရန်လင်းအောင်