Sunday, August 3, 2014

အ ရှ င် ထွ က် လ ၊ ကိုသားကြီး



 အ ရှ င် ထွ က် လ 
___________________

ရာထူး အတွက် လား 
အာဏာ ရ ဖို့လား ။ 
သေချာတာက တော့ 
ငါတို့ဟာ မိုက် ရူး ရဲ မဆန် ခဲ့ဘူး 
ဖိနှိပ်မှု ကို သွေဖီ ဖို့ရာ
သွေးစက်ချင်းပေါင်း လိုက်တော့ 
ဆန့်ကျင်းရေး ဟာ အားကောင်း လာပေါ့ 
သူရဲ ကောင်း ဘွဲ့ အတွက် 
လူ အချင်းချင်း သတ်တဲ့ ပွဲ ဆို 
ကျောင်းစာသင် ခန်းကထွက် 
စိတ်ဓာတ် နဲ့ တွန်းလှန်ကြရင်း 
တိုက်ပွဲ ရဲ့ အောက် ခြေ မှာ 
သမိုင်းမ ဝင် တဲ့ အရိုး များနဲ့ 
လူထုရင် ထဲ က 
အညတရ အာဇာနည် များ စွာ ။ 
ရုပ် ကိုသာ အဖျက်စီးခံ လိုက်တယ် 
မ ကြောက် တဲ့ စိတ် က 
ဘယ်တော့ မှ မ သေ။ 
ဇူလိုင် တစ်လ လုံး ရွာ မယ့် မိုး မှာ 
လွမ်းတမှု ကြောင့် စေးပျစ်တယ် 
နှစ် လ များစွာ  . . . . . . .     ။         ။ 

                                  ကိုသားကြီး

ပ န်းေ စာ င့် ၊ ကိုသားကြီး

 

 " ပ န်းေ စာ င့် "

_______________

  နှစ် လ များစွာ
  စိုက်ပျိုး ထားသမျှ
  တ နေ့လုံး ရွာ တဲ့ မိုးမှာ
  ပျက်စီး သွား မှာ
  တ ထိ တ် ထိ တ်  ။       ။ 

                         
                ကို သား ကြီး

ကြား ဖူး နား ဝ status ။ မောင် သော် တာ


      ကြား ဖူး နား ဝ  status

-------------------------------------------
                                   written    by မောင် သော် တာ

တစ်နေ့သ၌စိတ်ခပ်အိုက်အိုက်ဖြစ်နေတုန်း
ကြုံဖူးတဲ့အတွေ့လေးတွေပေါ့
အကျိုးလိုလို့ဟန်းဆက်ဝယ်
ဖုန်းဘီလ်နဲ့မွဲရပြီ
ဝရဇိန်လက်နက်နဲ့ စာကလေးပစ်သူများ
ကလိယုဂ် ဆန်းအခါမို့
လမ်းမသမာ ကြိုက်ကြပါသတဲ့
တမာခွေးတောက်မြစ်လျှောက်ရောယှက်
တူနှောဖက်က သရက်ချိုမြ
ဗန္ဓရလျက် ကွယ်ပအပြီး
အခါးသီးသတဲ့
အလယ်တန်းကခါးပြတ်နေတော့
နောက်တန်းပြားချပ်ဂိုးရှုံးတတ်သတဲ့
အပြစ်တင်မစောပါနဲ့ခင်ခင်ရယ်
ဥာဏ်ရှိယောကျား မှားလတ်သောအခါ
ဆေးလွန်နာကို
ဆရာနောက်ဆက် အကုခက်သတဲ့
ဘဦးရေကူးနေတော့ဆေးကုဖို့ထက်
ငွေရှာခက်သတဲ့
ခင်ခင်ရယ် မင်းယောကျား
'ဒေါ်လာတစ်ရာစား'ပါကွယ်
အနော်ရထာမင်းရဲ့ပထမနိုင်ငံတော်ကို
ရွှေဘိုလို့ ဖြေသူဖြေ
သီပေါကိုဂျပန်တွေဖမ်းတယ်လို့ပြောလိုပြော
သမိုင်းကိုလွန်ရင်အင်းစိန်ရောက်မယ့်သူက
များမှများပါကွယ့်
ကျွန့်အောက် သဘောက်လည်းဖြစ်ခဲ့ပြီ
တို့ငယ်ငယ်က'ဖတ်စာ'အတိုင်း
ရေသည်လည်းမီးကိုမငြှိမ်း
မီးသည်လည်းကြိမ်ကိုမလောင်
ကြိမ်သည်လည်းခွေးကိုမရိုက်
ခွေးသည်လည်းနွားကိုမဟောင်
နွားသည်လည်းချောင်းကိုမကူး
သည်ပုံမျိုးနဲ့မိုးကြီးချုပ်
ကျွန်ုပ်အိမ်သို့မရောက်နိုင်
ကိုယ်စိုက်တဲ့လယ်ကိုယ်မရိတ်ခင်
ကိုယ့်မြေသူတို့သိမ်းကြပြီ
ကိုယ်တို့ဘတ်စ်ကားဆက်မှသွားမလားနော်
သမိုင်းအမှားတွေကိုတို့ကလေးတွေ
မသင်စေချင်ဘူး
ပထဝီဝင်အတုတွေလည်း
မရှာဖွေစေချင်ဘူး
မြန်မာစာအကျိုးအပျက်တွေနဲ့
သူတို့ရဲ့ရာဇဝင်ကို
ရင်လေးရပါကလားခင်ခင်ရယ်။

                                          မောင် သော် တာ