Tuesday, May 17, 2016

​ေ တ ာ - တမ်ိဳးနီ


ေ တ ာ

 __________________

ကင်မရာတွေက လူကို လှည့်ပြီး
လူဟာ ကမ္ဘာကြီးအစား လည်နေတယ်။
တွင်းထဲကျသွားတဲ့အသံကမှ ပြန်ရသေးတယ်
စိတ်ထဲက အန်ဖတ်ဟာ အနာဖေးအထပ်ထပ်
မပြတ်တော့ဘူး။
ရိုးသားသူတို့ အော်သံကို
အမှန်တရားက see first လုပ်မထားတော့
ခေါင်းငုံ့ နေသူတွေမှာဒဏ်ရာ ရတယ်။
ခုဆို
အကျယ်လောင်ဆုံးအသံတွေကို အကျယ်ချဲ့မထားတော့ဘူး။
ကမ ၻာဟာ
လူ့အခွံတွေကြား ချာချာလည် ။        ။

တမျိုးနီ