Thursday, March 24, 2016

တပေါင်းဖွဲ့ - မောင်သော်တာ

www.abstract.com


တပေါင်းဖွဲ့

______________________

ရေဓာတ်ကိုချန်ထားပေးပြီ
ပင်ခြေရင်းကိုခုန်ချလာတဲ့သစ်ရွက်တွေ
ရှပ်တိုက်လာတဲ့လေပြည်ရဲ့ခြေသံလို့မထင်လိုက်ပါနဲ့
သူတို့ သံပြိုင်သီဆိုနေတဲ့ကြွေးကြော်သံတွေထဲမှာ
လည်ချောင်းပေါက်ထွက်မတတ်
အသံသစ်တွေပါလာတယ်
မပြီးဆုံးနိုင်တဲ့မီးညွန့်တွေ ခုန်ထနေတယ်


 မောင်သော်တာ

 မ တ် ၃  ၂၀၁၆