Thursday, May 19, 2016

ချဉ်​ခြင်း _ တင်​လတ်​ကို




🎻 ချ ဉ် ခြ င်း 🎻
_______________ တ င် လ တ် ကို

ဗိုက်ဆာရင်
အိပ်မပျော်ဘူး။

ဘယ့်နှယ်
အစာအိမ်က မိုးပေါ်ရောက်နေရတာတုန်း။

ကြက်ဥပြုတ်တလုံး
ဒါမှမဟုတ်
ကြိမ်ဒဏ်တချက် ။

ဘယ်သူမှ
တယောမထိုးဘူး  ။     ။

တင်လတ်ကို

Painting art __________
‘More’, 30″ X 40″, oil on canvas
https://graphicanthropology.wordpress.com/category/oil-painting/page/2/

အိပ်​မက်​မြို့​တော်​ - ညီဆူးသစ်




အိပ်မက်မြို့တော်

_______________

ငါ နေရာယူနေတုန်းမှာ
မင်းဟာ အသင့်ရောက်ရှိလို့ နေရှာပေါ့
မှုန်နေအောင် ငေးရတယ်
မျက်လုံး မှိတ်ခါနီးမှ အတင်းတိုးကပ်လာတယ်
ဝါးနေအောင် မက်ရရှာပြန်ပေါ့
မင်း နဲ့ ငါ
ညရေးညတာမှာ အိပ်မက်ထဲက
စာတန်းလေးပေါ် ခိုစီးလို့
ဒန်းကလေးလို။

ညီဆူးသစ် 

15-5-2016