Saturday, May 4, 2013

အတက်နေ့ ညနေ ရန်လင်းအောင်

 

 

 

 

 

 

 

 

 

 

အတက်နေ့ ညနေ

ရွှဲရွှဲစိုနေတဲ့
တစ်ကိုယ်လုံး အားရပါးရ
လိမ်ကျစ်ပြီး ညှစ်ချလိုက်တယ် ။
မတော်မတည့်တာတွေ
ဘယ်လောက်များ ပြောင်စင်သွားမလဲလို့ ။

နောက်ရက်များမတော့
မိုးရွာဦးမယ်ဆိုပါစို့
ပိတောက်ပန်းတွေ ပွင့်ကြပေဦးမယ်လို့
သေချာပေါက် ထင်ကိုထင်မိပါသေးတယ် ။

ခုတော့ .  . . . . .
တစ်ခုခု မေ့ကျန်ခဲ့တဲ့ ခံစားမှုဗေဒဟာ
နေရောင်ဖျိုးဖျ
စိုစိစိ လမ်းသွယ်လေးထဲ
ကိုယ်ဖေါ့ သွားသလိုလို
ကိုယ်ပေါ့ သွားသလိုလို
အမှုမဲ့ အမှတ်မဲ့ယောင်ဆောင်ထားလိုက်တော့တယ် ။                      ။

                                                                               ရန်လင်းအောင်
                                                                                 ၁၆၄၂၀၁၃
                                                   ၂၀၁၃ ခုနှစ် ၊ သင်္ကြန် အမှတ်တရ ။ ရေးဖွဲ့ပါတယ် ။


ရန်လင်းအောင် ရဲ့  (တစ္ဆေ) ကဗျာ


                


                             တစ္ဆေ

နေ့ဟောင်းရက်ကြွေလေးတစ်ရွက်
ဒီကနေ့ အိပ်မက်ထဲ
သစ်ရွက်အသေအားလုံး
အားကုန်ရုန်းထ
သံပြိုင်ဆိုတေး
သီကြွေးနိုင်လောက်အောင်
သူ့အရှိ ခဏတာ
ကိုယ့်အသိမှာ သစ်လွင်ရိပ်ဆင်
ကိုယ်ယောင်ထင်ရှား
တစ်ဘ၀စာမက
အားစွမ်းပြနိုင်ခဲ့လေတယ်           

                               ရန်လင်းအောင် 

 

မင်းညွန့်လှိုင်၊ မှိုင်း




 
 
 
 
မှို င်း

by Myinthlaingwin Minnyunthlaing (Notes) on Saturday, May 4, 2013 at 5:32pm
သေသာသွားရော
မပြည့်လေတဲ့သူ့ဆန္ဒ
သူမသေခင်
ငြိမ်းချမ်းရေးမြင်သွားချင်သတဲ့ ။

ဘယ်သူတွေ ဘယ်လိုပြောပြော
သူ့သဘောထားကရှင်းတယ်
ငြိမ်းချမ်းရေးအတွက်ဆို
သူ့ကိုအသုံးချစမ်းပါတဲ့။

ဘယ်သူတွေ ဘယ်လိုဖွဲ့ ဖွဲ့
သူကတော့ တဲ့ ပဲ
သူ့ကိုယ်သူ
ငြိမ်းချမ်းရေးကောင် တဲ့ ။

ဟောဒီ
မပြာ့တပြာ ကောင်းကင်အောက်မှာ
အတိုင်းမသိ
တမ်းတမိပါဘိ ။ ။

မ င်း ညွ န့် လှို င်