Friday, May 8, 2015

အကောင့်သေတစ်ခု ။ မင်းညွန့်လှိုင်


အေ ကာ င့်ေ သ တ စ် ခု

____________________

အဲဒီညနေက
နောက်ဆုံးနေရောင်ထဲ
သစ်လွင်တောက်ပတဲ့မော်တော်ကား
သစ်လွင်တောက်ပတဲ့ဝတ်စုံနဲ့
သစ်လွင်တောက်ပတဲ့အပြုံးကို
သူ့ရဲ့
လူမှုကွန်ယက်စာမျက်နှာမှာ
တွေ့လိုက်ရသေးတယ် ။

ခရီးတစ်ထောက်
ညစာမစားမီ
အဆင့်မြင့်မြင့်ယမကာများ
အရသာရှိရှိမြည်းစမ်းဖွယ်ရာများ
ကမ္ဘာကြီးသို့
သူ့ရဲ့နောက်ဆုံးဆက်သွယ်ချက် ။

အမြန်လမ်းမကြီးပေါ်
သူ
ဘယ်လောက်ဝေးဝေးပြေးခဲ့သလဲ
ခန့်မှန်းတွက်ချက်သူရဲ့အလိုအတိုင်းသာ ။ ။

                                        မင်းညွန့်လှိုင်

ပသိချောင်းသွားတောလား ။ ခက်ဦး

ပသိချောင်းသွား တောလား

..........................................

ရိုးရာမို့
အမြင့်ရောက်လေ
ပဟေဠိဆန်လေလေ
အယိုင်အရွဲ့တွေကြား ။

ကိုင်းချင်းဆက် ရွက်ချင်းယှက်
ဥတုနဲ့သဘာဝထဲ
တိမ်ဆီခွဲတက် အသက်ဆက်ကြ
ခုခံအားအပြည့်နဲ့ ဖြောင့်မတ်မှုကိုပြ
သစ် မြင့် ပင် များ ။

                  ခက်ဦး
          ၁၆ . ၄ . ၂၀၁၅

ပြောဇာတ် -၂ ရန်လင်းအောင်


ပြောဇာတ် - ၂

• • • • • • • • •
ညောင်သီးတွေပိုင်လိုဇောနဲ့
်" ဒါ ငါ့ဟာ ဒါ ငါ့ဟာ "
သူ့အော်သံ သူ့အမည်ပေါက်နဲ့ မယှကငှက်ပါ ။

သူ့ထက်ငါအပြိုင်းအရိုင်း
တခြားငှက်တွေဝင်စားနေလည်း
" ဒါ ငါ့ ဟာ … ဒါ ငါ့ ဟာ "
အသံမစဲတသဲသဲ သူအော်ကောင်းတုန်းပဲ ။

ညောင်သီးတွေ ကုန်သာသွားရော
" ဒါ ငါ့ ဟာ … ဒါ ငါ့ ဟာ "
တစာစာအော်ရင်း ကျန်ခဲ့ရှာ
ညောင်ပင်အခွံပေါ်မှာ ။

           ရန်လင်းအောင်
              ၂ . ၅ . ၂၀၁၅
၅၅၀ နိပါတ်တော် မယှကဇာတ်ကိုမှီးသည် ။