Saturday, February 13, 2016

လေယာဉ်များ - မောင်ငြိမ်းချမ်း ( ပုဂံ/မြေ )



ေ လ ယ ာ ဥ္ မ် ာ း

____________________________


ပြေးလမ်းထဲရှိနေသရွေ့တော့
ဘေးကင်းရန်ကင်း
ခေါင်းပေါ်ဖြတ်ပျံချင်စိတ်ကြောင့်သာ
လေယာဉ်ဟာ ပျက်ကျရတယ်။

သူတို့ကမှော်ဆရာတွေပဲ
ဟပ်ချလောင်းဆိုပြီး
တစ်ပုဒ်လုံးဖျောက်ပြသွားတာမလှဘူးလား
သီချင်းထဲကဇာတ်ကောင်တွေဖြစ်ပြီး
ကမ္ဘာမကြေမရဘူး
မျက်နှာပြောင်တတ်တဲ့လေယာဉ်တွေ ။

၁၉၆၂ထုတ်လေယာဉ်များ
၁၉၈၈ထုတ်လေယာဉ်များ
ပြီးနောက်..
ခြုံကွယ်မှလေယာဉ်ငေးကြသူများ။

''လေယာဉ်ပျံကိုခဲနဲ့ပစ်ရင်ထိလိမ့်မယ်''
ရှင်ကြီးဝမ်းလား ရှင်ငယ်ဝမ်းသို့လား
မသိရတဲ့သူရဲကောင်းတွေ
လေယာဉ်ပစ်ရင်း
လေယာဉ်တွေလိုပျောက်သွားကြ ။

မနေ့က..ဟိုး. . .ကောင်းကင်မှာ
ဝဲပျံခဲ့သောလေယာဉ်များ
လွင့်ဝဲလာသောခဲလုံးများ
မြေမှုန့်တွေလို
ဒီနေ့ငါတို့ဖဝါးအောက်မှာ
ခေါင်းပေါ်ဖြတ်ပျံချင်စိတ်ကြောင့်သာ
သူတို့ပျက်ကျရတယ် ။

မောင်ငြိမ်းချမ်း(ပုဂံ/မြေ)

ပါဂျောင် - ခက်ဦး


ပါေ ဂျာ င်
____________________
              ခ က် ဦး  




သခင်အောင်ဆန်း - သန်းဆွေမိုး - ကလော



သခင်အောင်ဆန်း

_____________

တိကျပြတ်သား
ရိုးသားဖြူစင်
သူ့ရင်ဘတ်ကြီးထဲက
နှလုံးသားတစုံနဲ့
အာဇာနည်မျိုး သေရိုးမရှိဆိုတဲ့
ဂုဏ်ရောင်တက် ဆောင်ပုဒ်ကို
ဒီနိုင်ငံရဲ့
သမိုင်းမှတ်တိုင်ထိပ်ဖျားမှာ
ငါတို့အတွက်
ဆွဲချိတ်လို့ထားခဲ့ပေါ့ … … …

သန်းဆွေမိုး(ကလော)


၂ေ၀၁၆ ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့ သို့

ဗိုလ်ချုပ် ၁၀၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် တောင်ငူညရှုခင်း

ဗိုလ်ချုပ်အောင်ဆန်း ၁၀၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် တောင်ငူညမြင်ကွင်း ညရှုခင်း ၊ ၁၃. ၂ .၂၀၁၆