Wednesday, June 1, 2016

တော​မှောက်​ခြင်း - လင်းသက်​ငြိမ်



တောမှောက်ခြင်း

____________________

တောကစားထွက်ခဲ့တာမဟုတ်
တောထဲကျွံဝင်ခဲ့ရသူ
အမှောင်တွေငုံထားတဲ့တော
အရောင်တွေစုံလှတဲ့တော
လေတိုးသံတို့လှောင်ရယ်ကြ
မြင်လေရာ အရိပ်များ အရိပ်များ
ကိုယ့်ခြေသံကတောင်
ကိုယ့်ကိုပြန်ခြောက်လှန့်နေမှတော့
နောင်တရရုံနဲ့မလုံလောက်မှန်းသိခဲ့ရ။

လင်းသက်ငြိမ်