Wednesday, March 23, 2016

လူ နာ - ၅ - အောင်ကိုကိုလတ် ( တမူး )


https://www.pinterest.com/pin/285556432598522861/

လူ နာ -  ၅

_____________________

ခလုတ်တိုက်မိတဲ့ကျောက်ခဲကို
ဓာတ်ပုံရိုက်ပြီးသိမ်းထားလိုက်တယ်
လူနာတင်ကားကလူနာဆီမရောက်တော့
လူနာကလူနာတင်ကားဆီရောက်အောင်သွားရတယ်
ဆေးရုံကိုဆရာဝန်မလာတော့
ဆရာဝန်ဆီဆေးရုံကဖုန်းဆက်ရတယ်
ပြတင်းပေါက်ရဲ့မျှော်လင့်ချက်ကိုမြင်ဖို့
နေရောင်ခြည်အစက်အပျောက်လေးတွေကတစ်ဆင့်ခြေရာခံရတယ်
မျက်နှာကြက်ရဲ့ဆာလောင်မှုကိုကြားဖို့
လေညင်းအပိုင်းအစလေးတွေကတစ်ဆင့်အာရုံခံရတယ်
လမ်းမပေါ်မျောနေတဲ့သစ်ရွက်ခြောက်လေးကိုကြည့်ပြီး
ခလုတ်တိုက်ခဲ့တဲ့ကိုယ့်ခြေထောက်ကိုယ်
ဓာတ်ပုံရိုက်ပြီးသိမ်းထားမိတယ်...။

အောင်ကိုကိုလတ်(တမူး)