Saturday, August 2, 2014

ဓ မ္မ လ က်ေ ဆာ င် ၊ ( မေတ္တာတရား)


" မေတ္တာကိုစနစ်တကျနဲ့ပွားပြီး စိတ်ရဲ့ထွက်ပေါက်ကိုရှာမယ်"

         ★★★★★★★★★★★★★★★★★★★★★★★★
★ ဘုန်းကြီးတို့တွေ ရံဖန်ရံခါ စိတ်ထဲမှာအလိုမကျမှုဆိုတာ ဖြစ်တယ်။ထိုအလိုမကျမှုဟာ ကြီးထွားလာရင် ပေါက်ကွဲတယ်။ ဒါကိုဒေါသ ဗျာပါဒ လို့ခေါ်တယ်။
ကိုယ့်ရဲ့ငြိမ်းချမ်းတဲ့စိတ်ကလေးပျက်စီးလာတယ်။စိတ်ရဲ့အလိုကျမှုကို
တချို့ကကိုယ်မကျေနပ်တဲ့ဟာကို တခြားဟာနဲ့အစားထိုးတယ်။
သို့မဟုတ် မကျေနပ်တဲ့သူကိုအနိုင်ယူလိုက်တယ်။ အဲ့ဒီအနိုင်ယူလိုက်တာ စိတ်ရဲ့
ထွက်ပေါက်မဟုတ်ဘူး၊ မြတ်စွာဘုရားက "နိဿရဏံ ဧတံ ဗျာပါဒဿ ယဒိဒံ မေတ္တာ စေတောဝိမုတ္တိ" တဲ့ စိတ်ထဲမှာ အလိုမကျတဲ့ ဗျာပါဒရဲ့ထွက်ပေါက်အစစ်က
မေတ္တာပါတဲ့။ မေတ္တာပွားရမယ်တဲ့ မေတ္တာပွားခြင်းဖြင့် ဗျာပါဒရဲ့ထွက်ပေါက်ကို
ရရှိနိုင်တယ်တဲ့။

★ မေတ္တာဆိုတဲ့နေရာမှာ မေတ္တာရဲ့စွမ်းရည်သတ္တိတွေဟာ အဆင့်ဆင့်ရှိတယ်ဆိုတာကို သတိထားဖို့လိုတယ် ။ဒီနေရာမှာ မေတ္တာနဲ့ပတ်သက်ပြီးလေ့ကျင့်နည်း
အကျဉ်းလေးကိုပြောပြရယ်ဆိုရင် - ပထမလုပ်ရမှာက ကိုယ့်ရဲ့သန္တာန်မှာမေတ္တာဆိုတဲ့အရာ
ကိုတွေအောင်ရှာဖို့လိုတယ်။ အရပ်ထဲမှာပြောတဲ့ တဏှာရာဂနဲ့ချစ်တဲ့မေတ္တာနဲ့ ရောထွေးသွားတတ်တယ်။ဘာက၀င်ပြီး မေတ္တာယောင်ဆောင်တတ်သလဲဆိုတော့ ရာဂက၀င်ပြီးမေတ္တာရောင်ဆောင်တတ်တယ်။လှည့်စားမှုလို့ခေါ်တယ်။
ပထမရွှေကျင်ဆရာတော်ဘုရားကြီးရေးတဲ့ “၀ဉ္ဇနာ ဒီပနီ” ကျမ်းထဲမှာ လှည့်စားမှုတွေကိုထင်းရှာစွာပြသထားတယ်။ မေတ္တာဆိုတာ
သူ့အကျိုးကို လိုလားတဲ့သဘော။ တဏှာဆိုတာ ကိုယ့်အကျိုးကို ဦးစားပေးတဲ့သဘော အင်မတန်မှကွဲပြားတယ်။ လူတွေက ဘယ်သူ့ကိုခင်ပါတယ် ချစ်ပါတယ်ပြောပြီး
ဆန်းစစ်ကြည့်တော့ သူ့ကိုချစ်တာမဟုတ်ဘူး သူ့ကိုမြင်ရင်ကိုယ်စိတ်ချမ်းသာတယ်
ထိုစိတ်ချမ်းသာမှုလေးကိုချစ်တာနော် ဒါကိုလူတွေမျက်စိလည်သွားကြတယ်။
ရှင်းအောင်ပြောရင် မေတ္တာဆိုတာ“မိတ္တဿ ဧသာ မေတ္တာ” မိတ်ဆွေသူငယ်ချင်းရဲ့ စိတ်နေစိတ်ထား အဲ့ဒါဟာမေတ္တာပဲ။

ဓ မ္မ လ က်ေ ဆာ င်