Friday, November 28, 2014
ဇာ တ် နာ ။ ခ က် ဦး
ဝါး ပ င် ၊ အောင်လွန်းမြိုင်
အ များ ဆို င် နာ မ် download
http://en.file-upload.net/download-9911540/The-Common-Noun-01-pdf.pdf.html
အများဆိုင်နာမ် ကဗျာ စာအုပ်
pdf . ebook  download ရယူရန် ။
ငြိမ်းချမ်းရေး ၊ ကိုသားကြီး
ငြိမ်းချမ်းရေး ။ ေ ဇ ရ
ငြိမ်းချမ်းရေး
***********
အဖြူရောင်စကားလုံးအသစ်တွေနဲ့ 
အလံလေး
အိမ်ထောင့်ကသစ်ပင်ပေါ်မှာ
ချိတ်ဆွဲထားတယ်
ငှက်လေးတွေလည်း
လာနားလို့ ကွယ်
တို့ ညီအစ်ကိုတွေကြည့်ပြီး
ပျော်နေရသေးတယ်
ကမ္ဘ္ဘာကြီးပေါ်က
အောင်မြင်သန်စွမ်းတဲ့
သစ်တောကြီးတွေမှာလည်း
အလံဖြူလေးတွေရယ်
ရေဒီယိုအစီအစဉ်တွေမှာလည်း
အဖြူရောင်သတင်းများကွယ်
စာသင် သားကလေးများ
ကဗျာရွတ်သီဆိုကြတယ်
နောက်ဆုံးနေ့မှာ
ကမ္ဘာကြီးက
အဖြူထည်ခရေပွင့်များ
လက်ခံရရှိလိုက်တယ်.....။
                                  ဇေရ
ယ မ်း နံ့
ေ ခ တ်
ေ န . . . ၾက ာ ပ န္ း မ် ား
ေ အ ာ့ နှ လုံး
စစ်လျော်ကြေး တောင်းခံလွှာ
ရင်ကွဲနာမြို့
ရ င် ကွဲ နာ မြို့ 
  ပြတင်းပေါက်တစ်ပေါက်က
  ပြတင်းပေါက်တစ်ပေါက်ကိုကြည့်မရဘူး ။
  လမ်းတစ်လမ်းက
  လမ်းတစ်လမ်းကိုကန့်လန့်တိုက်နေတယ် ။
  နံရံတစ်ခုပေါ်မှာဘိုးတံ
  နံရံတစ်ခုပေါ်မှာသံဖြတ်လွှ ။
  အိမ်တစ်အိမ်ကအသိုက်အမြုံ
  အိမ်တစ်အိမ်ကအမှိုက်ပုံ ။
  အသံကြောင်နေတဲ့စန္ဒယားတစ်လုံးပေါ့
  မတူညီခြင်းမှာ
  ဂီတကိုမတွေ့ရှိသေး ။ ။
                         မ င်း ညွ န့်လှို င်
ကျီးဖြူ ကျီးမည်း ၊
ကျီးဖြူ ကျီးမည်း 
written by ; ရန်လင်းအောင်
တခါက
မိုး မိုး မိုး လို့ အော်ဆိုခဲ့တဲ့
သူငယ်ချင်းဟာ
အခု လေ လေ လေ လို့ သံကုန်ဟစ်နေရဲ့။
တခါက
လေ လေ လေ လို့ အော်မြည်ခဲ့တဲ့
သူငယ်ချင်းက
အခု မိုး မိုး မိုး လို့ တစာစာအော်နေပြန်ရဲ့ ။
ငါအဖို့တော့
မိုးလွတ်လေလွတ် စီးစီးပိုင်ပိုင်
ကဗျာတစ်ပုဒ်ကိုသာ
ခုနေခါ
ရွတ်ဆိုကြားနာချင်လှတယ် ။
ရန်လင်းအောင်
Wednesday, September 24, 2014
အ စွဲ အ လ မ်း
အမှတ်‌(၁)ဦးဝင်းဖေလမ်း
အုတ်တွင်းမြို့ ။
တိုက်(၃၄)၊အခန်း(၁၁)
ဝေဠုဝန်အိမ်ယာစခန်း
စမ်းချောင်းမြို့နယ်
ရန်ကုန်မြို့ ။
အမှတ်(၁၀)၊ဒေါင်းနင်းလမ်း
 အမှတ်(၅၄) တက္ကသိုလ်ရိပ်သာလမ်း
ရန်ကုန်မြို့။         ။
                           မင်းညွန့်လှိုင်
တူ စွ ဟု တ္တာ
‌မြင်ရတဲ့တံတားတွေဆောက်ခဲ့ပြီးပြီ
မမြင်ရတဲ့တံတားတွေဆက်ဆောက်ရဦးမယ်
မမြင်ရတဲ့လူတွေဆက်လျှောက်ဖို့ပေါ့။
မဟာ့မဟာလို့
မှားယွင်းစွာရှုမြင်မိကြသမျှ
အရာရာအလုံးစုံ
လုံးဝဥဿုံပျက်သုဉ်းသွားသည့်တိုင်
မပျောက်မပျက်မကျိုးမကြေ
မပြယ်မလွင့်နိုင်တဲ့အရာများစွာ
နှလုံးသားအဆင့်ဆင့်ကမ်းခဲ့ပေလို့သာ
မမြင်ရတဲ့လက်နဲ့စိုက်ပျိုးခဲ့
အဲ့ဒီသရက်ပင်က
ချိုမြရွှန်းမြစိမ်းမြချမ်းမြရသတွေ
ခူးဆွတ်ခွင့်ရခဲ့ပြီ။
သက်တံ့ထက်ပိုမိုနူးညံ့
သက်တံ့ထက်ပိုမိုလှပ
တံတားကြီးတစ်စင်းပေါ်က
စကြာဝဠာကိုငုံ့ကြည့်ရတဲ့အရသာ
ချစ်သူတို့ကိုလက်ဆောင်ဝေချင်ရဲ့။
မင်းနတ်သျှင်ရဲ့ပန်းထွတ်ချာ
ငါ့ပန်းအိုးမှာလန်းနေတုန်း။
ယမနေမင်းသားအတွက်
ကဗျာမစပ်အားပါ..တဲ့
ဆရာကြီးဦးပုညရဲ့မာန
နှင်းခွဲမီးနဲ့လက်လက်ထနေတုန်း။
အမတ်ကြီးအနန္တသူရိယ
ဆွဲခေါ်ပြတဲ့ရေပွက်လေးတွေ
ငါ့မျက်စိအောက်ခဏခဏထထပွက်နေလို့။
ကလေးတစ်ယောက်ရဲ့ဝင်္ကပါမှာ
ပုရွက်ဆိတ်တို့မျက်စိလည်နေပုံ
စာတန်းထိုးပြီးတာနဲ့
ကားလိပ်ကိုဖြည်းဖြည်းချင်းချလိုက်တော့။          ။
                                                                 မင်းညွန့်လှိုင်
Tuesday, September 2, 2014
ဝမ်းနည်းကြေကွဲလွှာ
ကဗျာဆရာ မိုးသစ်ဝေ နှင့်  
ဒေါက်တာလွဏ်းဆွေ တို့၏ ကျေးဇူးရှင်ဖခင်ကြီး -
မြားနတ်မောင် မဂ္ဂဇင်း အယ်ဒီတာချုပ်
ဆရာကြီး ဦးလွဏ်းမောင်(သင်္ချာလွဏ်းမောင်) အသက် (၇၃) နှစ် သည်
၂ . ၉ .၂၀၁၄ အဂါင်္နေ့ ညနေ ( ၆း၁၀ ) အချိန်တွင်
ကွယ်လွန်သွားကြောင်းသိရှိရသည့်အတွက်
လေးကျွန်းမြေ ကဗျာဆရာများက
မိသားစုများနှင့် ထပ်တူ ၀မ်းနည်းကြေကွဲရပါကြောင်း . . . .
                                      လေးကျွန်းမြေ တောင်ငူ ။
Sunday, August 31, 2014
ဓား က ဗျာ ။ မောင်သော်တာ
i
သွေးစွန်းလက်မှာ---ဓား
ခံပြင်းစိတ်နဲ့ တက်ခေါက်သံ
ဘုရားတိုင်ရတုမှာ အမုန်းကျိန်စာထည့်မရေး
အပြစ်ဒဏ်သင့်ခဲ့ပေမယ့်
သူ့လက်ရေးနဲ့
နှစ် ၅၀၀ကျော် ကြေကွဲပြတ်ရှစေခဲ့တယ်။
ေ မာ င် သော် တာ
Friday, August 29, 2014
န တ် သျှ င်ေ နာ င် ၊ မင်းညွန့်လှိုင်
 န တ် သျှ င်ေ နာ င်
လက်သည်းကြားမှာ
အပ်သွားစိုက်တာမဟုတ်
နှလုံးသားမှာ
လှံချွန်စိုက်တာ
ဆွဲထုတ်လိုက်တဲ့အရာ
ကဗျာ
ကမ္ဘာဆုံးတိုင်စီးဆင်းလိမ့်  ။           ။
                               မင်းညွန့်လှိုင်
၂၀၁၅ ချန်ပီယံဒါဘီ ၊ သန်းဆွေမိုး (ကလော)
     ၂၀၁၅  ချန်ပီယံဒါဘီ
လာပါပြီ  
ဒါလည်း ….. ဒါဘီပွဲပါပဲ ။
ငါတို့ ….
နှစ်ငါးဆယ်ကျော်သာကြာခဲ့
အနာတွေသာရခဲ့
ဒဏ်ရာတွေသာကျန်ခဲ့
အပြုံးတွေဝေးခဲ့
အပျော်တွေပျောက်ခဲ့
ခုချိန်ထိ …. ဖလားလက်မဲ့ ။
ငါတို့ ….
ပြိုင်ရမယ့်အသင်းက
လက်ရှိချန်ပီယံ
ဓနအင်အားတောင့်တယ်
မိုက်ဂုဏ်ရှိတယ်
သာဒင်ကြီးရဲ့အသင်း
ငါတို့ ….
ပြိုင်ကြမယ့်အသင်းက
ခေါင်းသာမကောင်းတာ
ဘောလုံးပေါက်တာမလိုချင်ဘူး
လေပါတာပဲ လိုချင်တယ်ဆိုတဲ့
သာဒင်ကြီးရဲ့အသင်း
ငါတို့ ….
ပြိုင်ကြရမယ့်အသင်းက
ဘောလုံးကို မိုးပေါ်ထောင်မကန်ဘူး
ကန်ရင် မျက်နှာတည့်တည့်
ရင်ဘတ်တည့်တည့်
ထိအောင် မှန်အောင်ကန်တယ်ဆိုတဲ့
သာဒင်ကြီး ရဲ့ အသင်း
ငါတို့ ….
ပြိုင်ကြရမယ့်အသင်းက
အသင်းမရွေး ကွင်းမရွေး
ခြေကိုခြေချင်း လက်ကိုလက်ချင်း
လှံကိုလှံချင်း ဓါးကိုဓါးချင်း
သာဒင်ကို ဘာထင်သလဲဆိုတဲ့
သာဒင်ကြီး ရဲ့ အသင်း
ငါတို့ ….
ပြိုင်ကြရမယ့်အသင်းက
ခြေခြေမြစ်မြစ်သာ ဘယ်နေရာမှမရှိတာ
နေရာတကာ ခြေဆော့လက်ဆော့
ခြေစလက်စရှိတဲ့
သာဒင်ကြီး ရဲ့ အသင်း
ငါတို့ ….
ပြိုင်ကြရမယ့်အသင်းက
ထစ်ကနဲဆို
ခြေတွေလက်တွေပါတတ်တဲ့
ခြေလွန်လက်လွန်လုပ်တတ်တဲ့
သာဒင်ကြီး ရဲ့ အသင်း
ငါတို့ ….
ပြိုင်ကြရမယ့်အသင်းက
ဂိုးမသွင်းနိုင်ရင်နေ
ဂိုးမ၀င်ချင်နေ
ပွဲပြီးရင်တော့ နိုင်ကိုနိုင်ရမယ်ဆိုတဲ့
သာဒင်ကြီး ရဲ့ အသင်း
ငါတို့ ….
ပြိုင်ကြရမယ့်အသင်းက
နှစ်တွေကြာပြီ …
အကြိမ်ကြိမ် အခါခါ
ကိုယ့်ဂိုးကို ကိုယ်ပြန်သွင်းမိနေတာတောင်
ဖလားကြီးကိုလက်မလွှတ်ချင်တဲ့
သာဒင်ကြီး ရဲ့ အသင်း
ငါတို့ ….
ပြိုင်ကြရမယ့်အသင်းက
တမြို့ထဲဆိုပေမယ့်
သူ့အိမ် သူ့ကွင်း သူ့ဒိုင်
မနိုင်နိုင်အောင် သူ့ဒိုင်တွေက
အ၀ါကဒ်
အနီကဒ်
PR ကဒ်တွေပါကိုင်ထားတဲ့
သာဒင်ကြီး ရဲ့ အသင်း
ငါတို့ ….
ဘာပဲဖြစ်နေဖြစ်နေ
ခြေချော်လက်ချော်ဖြစ်လို့ မရဘူး
ခြေကုန်လက်ပမ်းကျလို့ မရဘူး
ငါတို့ ….
ဒီပွဲကိုနွှဲဖို့
ဒီပွဲကိုပြိုင်ဖို့
မြစ်တွေလည်းဖြတ်ခဲ့ပြီပြီ
မုန်တိုင်းတွေလှိုင်းတွေလည်းကျော်ခဲ့ပြီးပြီ
ဒီဘက်ကမ်းလည်းရောက်ပြီ
ကဲ ….
လာ ဒို့စီးလာခဲ့ ဖောင်တွေအကုန်ဖျက် ။              
                                                   သန်းဆွေမိုး (ကလော)