Tuesday, January 28, 2014

ရေဘ၀ဲ ၊ written by; ရန်လင်းအောင်

ေ ရ ဘ ၀ဲ ၊ written by; ရ န် လ င်းေ အာ င်



ရေဘ၀ဲ 

ဒီမှာ …  ရေသမိုင်း
ဟိုမှာ … ရေရာဇ၀င်
ဒီမှာ …  ရေစီမံကိန်း
ဟိုမှာ … ရေဖွဲ့စည်းပုံ
ဒီမှာ …  ရေဥပဒေသ
ဟိုမှာ … ရေစည်းမျဉ်း
ဒီမှာ …  ရေအကျိုးဆယ်ပါး
ဟိုမှာ … ရေရရှိရေးအေဂျင်စီ
ဒီမှာ …  ရေစုံစမ်းစစ်ဆေးရေးကော်မရှင်
ဟိုမှာ … လက်ညိုးညွန်ရာ ရေဖြစ်ကြောင်း အထောက်အထားခိုင်ခိုင်လုံလုံ
ဒီမှာ …  ရေအကြောင်းထုတ်ပြန်ကြေငြာချက်
ဟိုမှာ … ရေသံသရာအကြောင်း သိကောင်းစရာ တစေ့တစောင်း
ဒီမှာ …  ရေရှင်းတမ်း
ဟိုမှာ … ရေသုတေသန
ဒီမှာ …  ရေကုထုံးသစ်
ဟိုမှာ ..  ဒီမှာ …
ဒီမှာ …   ဟိုမှာ …
မရေမရာ ရေကမ္ဘာမှာ
သန်းခြောက်ထောင်မက
ရေဘ၀ဲတွေ … ရေပေါ်ဝဲတွေ …
ရေပေါ်ဝဲတွေ …ရေဘ၀ဲတွေ …
ငါတွေသူတွေခင်ဗျားတွေ
ရေ … ရေ … ရေ …
ရှာခဲ့  ။ ကြာခဲ့ ။                          
ဆာခဲ့ ။ လောင်ခဲ့ 
ရေထဲမွေး ရေနဲ့ဝေး
ရေထဲနေ ရေနဲ့သေ
ရေဘ၀ဲတွေ  …. ရေပေါ်ဝဲတွေ …
ရေဘ၀ဲတွေ  …. ။
                                          
                           ရန်လင်းအောင်