တက္ကသိုလ်မှာ ပထမဦးဆုံး မြန်မာစာဆရာလုပ်သွားခဲ့တာ ဘယ်သူလဲ
ရှေးဟောင်းစာပေများတွင်သာ ကျက်စားခဲ့သည်မဟုတ်။ ခေတ်ကာလတွင် ပေါ်ပေါက်ခဲ့သော အကြောင်းအရာများ၊ စာပေများကိုလည်း သိကျွမ်းနားလည်သူတစ်ဦး ဖြစ်၏။
တက္ကသိုလ်တွင် ပထမဦးဆုံး မြန်မာစာဆရာ လုပ်သွားခဲ့သူမှာ ဆရာကြီးဦးပွား ဖြစ်လေသည်။ ဆရာကြီးဦးပွားသည် တောင်ငူသားဖြစ်၏။ ငယ်ငယ်
ကတည်းကပင် မြန်မာစာပေနှင့်တကွ ဗေဒင်ကျမ်း၊ ဆေးကျမ်းများကို ကောင်းစွာ လေ့လာ သင်ကြားတတ်မြောက်ခဲ့သူတစ်ယောက်

ဖြစ်၏။
တောင်ငူမှထုတ်ဝေသော သင်းစာတစ်စောင်တွင် အယ်ဒီတာချုပ်လုပ်ခဲ့သူဖြစ်သောကြောင့် ရှေးဟောင်းစာပေရော ခေတ်ဆန်သော စာပေများကိုပါ ကောင်းစွာ
ကျွမ်းကျင်သူဖြစ်ကြောင်း ထင်ရှားလှပေသည်။
စာသင်ကြားရာ၌ ကျောင်းသားများ မပျင်းကြစေရန် ရယ်စရာကလေးများ ညှပ်ကာညှပ်ကာ ပြောကြားလေ့ရှိသည်မှာ ဆရာကြီးဦးပွား၏ ဂုဏ်ထူးတစ်ရပ်
ဖြစ်လေသည်။ စာသင်ကြားနေရင်း စာထဲတွင်ပါလာသော အကြောင်းအရာများနှင့်ဆီလျော်သည့် ရယ်စရာသာဓကများ၊ ရယ်စရာလင်္ကာများကိုသာ ပြောကြား
လေ့ရှိသောကြောင့် ကျောင်းသားများက စွဲမက်ချစ်ခင်ကြသည်။ ကျောင်းသားများ မြန်မာစာပေကို လိုက်စားချင်လာအောင် အမျိုးမျိုး အားပေးပြောကြားလေ့လည်း
ရှိပေ၏။ မိမိ၏ တပည့်များကိုလည်း အလွန်ခင်မင်လေ့ရှိသည့်အတိုင်း ဘယ်အခါမျှ ငေါက်ငန်းခြင်းမရှိ။ တပည့်များအား အလွန်အလိုလိုက်လေ့ရှိသည်။ မတတ်လျှင်
တတ်အောင်၊ နားမလည်လျှင် နားလည်အောင် များစွာ ကြိုးစားကာ သင်ကြားလေ့ရှိ၏။
ဆရာကြီး ဦးပွား၌ ထူးခြားသော အချက်တစ်ခုမှာ ပျို့ကဗျာများကို သင်ကြားသောအခါ စာအုပ်ကိုမကိုင်ဘဲ အလွတ် နှုတ်ကရွတ်ကာ သင်ကြားပြသနိုင်ခြင်း
ဖြစ်လေသည်။ ပျို့များ၊ လင်္ကာများကို အလွတ်နှုတ်တိုက်ရသည်။ ဦးပုည မေတ္တာစာ၊ ရတနာနဒီမော်ကွန်း၊ သြ၀ါဒထူးပျို့၊ ပလိပ်စားဧချင်း၊ ပါရမီခန်းပျို့၊ ကိုးခန်းပျို့
စသည်တို့ကို အစမှ အဆုံးတိုင် နှုတ်တိုက်ရသည်။ ကဗျာဖွဲ့နည်းများကို သင်ကြားနေခိုက် ရုတ်တရက်ထကာ သင်ပုန်းကြီးပေါ်တွင် တေးထပ်၊ ဘောလယ်၊ ဒွေးချိုး၊
လေးချိုး၊ လွမ်းချင်းများကို ရေးပြတတ်ရာ ဂုဏ်၊ ရသနှင့် ပြည့်စုံသောလင်္ကာများ ဖြစ်ကြသည်။ ဗေဒင်ကိုလည်း အတော်အတန် ခေါက်မိအောင် သင်ကြားပြသလေ့
ရှိသည်။