Friday, May 3, 2013

လိမ်း ရန်လင်းအောင်















လိမ်း

ဆိုးဆေးအလိမ်းလိမ်း
မိတ်ကပ်အလိမ်းလိမ်း
ဆေးဆိုးပန်းရိုက်အလိမ်းလိမ်း

ဖုန်အလိမ်းလိမ်း
နှင်းအလိမ်းလိမ်း
မုန်တိုင်းအလိမ်းလိမ်း
မိုးသံလေသံ အလိမ်းလိမ်း

တိမ်တိုက်အလိမ်းလိမ်း
လှိုင်းလုံး အလိမ်းလိမ်း
ကမ်းပါးပြိုသံတွေ အလိမ်းလိမ်း

သစ္စာ အလိမ်းလိမ်း
မာယာ အလိမ်းလိမ်း
မုသား အလိမ်းလိမ်း
အမနာပတွေ အလိမ်းလိမ်း

သွေး အလိမ်းလိမ်း
ချွေး အလိမ်းလိမ်း
ဓါတုဆေးဝါး  အလိမ်းလိမ်း

ဒဏ်ရာအလိမ်းလိမ်း
မျက်ရည်အလိမ်းလိမ်း

အလိမ်းလိမ်း နဲ့ လိမ့်လာ
အလိမ်းလိမ်းနဲ့ လှိမ့်ကာ လှိမ့်ကာ
ကမ္ဘာ ! !!ဇရာထောင်းပြီလား !
ခု၊ . . .  ကောင်းကင် ဟာ
ဘာရောင်ပေါက်ပါသလဲ
ငယ်နာမည်လေးမေ့သွားပြီ . . . .။     

ရန်လင်းအောင်
(30.8.2012)