Saturday, March 19, 2016

မြင်နေရတဲ့တိမ်ဟာ အပြာစွဲ

design ; yla - thefourisland


မြင်နေရတဲ့တိမ်ဟာ အပြာစွဲ

___________________________

ပျံဖို့ပျင်းနေတဲ့ငှက်အတွက်
ကောင်းကင်ကြီး ကျယ်တယ်လို့ပေါ့

လိုချင်တဲ့ အရပ်မျက်နှာထိ
ကြယ်တွေကိုရွှေ့မယ်စိတ်ကူးနဲ့
ငယ်ဘဝများလိုပေါ့

မသေချာပေမယ့်
နောက်ပြန်လှည့်ကြည့်ခွင့်မရှိမှတော့
ရပ်နေတာကြီးကို
ရပ်ပစ်မယ်လို့ပေါ့

ရယ်နေတဲ့ဓာတ်ပုံကို ဆောင်ထားပြီး
တစ်ဘဝလုံး ရယ်ခဲ့တယ်လို့ပေါ့

ချစ်ခြင်းတရားကို
လက်ဆောင်ထုပ်ပေးလို့ရမလားလို့
နည်းအမျိုးမျိုးနဲ့ စဉ်းစားခဲ့တယ်လို့ပေါ့

လမ်းတွေကို ခရီးဆောင်အိတ်ထဲထည့်ပြီး
ဘာသိဘာသာနေပါများရင်
အလုပ်ဆိုတာ ဝန်ထုပ်ဝန်ပိုဖြစ်လာတယ်လို့ပေါ့

ကျီးတွေသာ မျိုးသုဉ်းသွားတယ်
တစ်ဘဝလုံး သာပုံမဆန်းခဲ့ဘူးလို့ပေါ့

ပျံရင်းသေခဲ့တယ်ဆိုတဲ့
ငှက်တွေရဲ့သမိုင်းလိုပေါ့
လွင့်နေတဲ့တိမ်ပေမယ့်
အပြာရောင် … … …

သစ်ပင်

Mar 13.2016
PM 6:00

ဆေးဖက်ဝင်သော - ဆလိုင်းမြတ်နိုးသူ

http://carlasaunders.com/tag/abstract-art/