Monday, August 18, 2014

“ဉာဏ်ရည်ကိုပြု ဇွဲဖြင့်တု - လူ့အားမာန်”


“ဉာဏ်ရည်ကိုပြု ဇွဲဖြင့်တု - လူ့အားမာန်”
••••••••••••••••••••••••••••••••••••••

ခြေထောက်မပါ၊ မြွေသတ္တ၀ါလည်း
လိုရာကိုပြေး ၊ ရောက်နိုင်သေး၏။

ဦးခေါင်းမပါ ၊ ပုဇွန်မှာလည်း
လိုရာကိုပြေး ရောက်နိုင်သေး၏။

ငါ့မှာ လက်ခြေ၊ စုံလင်ပေခဲ့
တစ်ထွေဦးခေါင်း၊ ပြည့်စုံရှောင်းခဲ့
အပေါင်းအင်္ဂါ စုံလင်ပါသော်
လိုရာပန်းတိုင် ၊ ငါလှမ်းကိုင်
အနိုင်ရဖို့ ၊ သေချာလှ။

ကြက်တူရွေးပင် ၊ စကားသင်ပေး
ပြောတတ်သေး၏ ။

မျောက်ကလေးပင် ၊ လူတို့သင်ပေး
ကတတ်သေး၏။

ငါကားလူသား၊ ငါ လူသားတည့်
လူသားတို့မာန် ၊ လုံ့လသန်၍
ဥာဏ်ရည်ကိုပြု ၊ ဇွဲဖြင့်တုသော်
လူတို့ပြည်မှာ ၊ မစွမ်းရာ
ဘယ်ဟာမရှိကြ။


                    -【တိပိဋကဓရ - ဓမ္မဘဏ္ဍာဂါရိက ယော ဆရာတော်】
                               Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm က ကူးပါသည် ။

က မ်းေ ခြ ၊ေ မာ င်ေ သာ် တာ

က မ်းေ ခြ

--------------- written by မောင်သော်တာ

ရောင်စုံထီးကြီးတွေကို
သောင်ပြင်သဲပူပူထဲထိုးစိုက်
ကားကျွတ်ကြီးတွေနဲ့ရေကူးနိုင်အောင်လေဖြည့်ထား
ကမ်းစပ်ကျောက်ကြိုကျောက်ကြားမှာ
ခရုအဆံကျွတ်လေးတွေ
ဖွေးလို့
ကွမ်းယာရမယ် ------ဘီယာရမယ်
အရက်ရမယ်
ပြီးတော့ ဟိုဟာဒီဟာရမယ်
ညကောင်းကင်အောက်မှာမီးပုံလေးတွေ
တရဲရဲ
မနက်မိုးမလင်းခင်
အမြင်မတော်တဲ့အမှိုက်တွေပြန်ကောက်
မြင်ကွင်းထဲမှာ ပင်လယ်ပြာပြာမိုးပြာပြာပဲ
ရှိပစေပေါ့
ဒါမှသာ နဂ္ဂိုလ်ရည်မပျက်သေးသလိုထင်စိတ်နဲ့
ရေလှိုင်းတွေလာလာစီးကြမှာ         ။               ။


                                           မောင် သော် တာ

The Supreme Qualities Of The Threefold Gem

The Supreme Qualities Of The Threefold Gem
ရတနာသုံးပါး၏ ဂုဏ်တော်များ
===============================

The Nine Supreme Qualities of the Buddha
မြတ်ဗုဒ္ဓ၏ ဂုဏ်တော်ကိုးပါး

===============================

Itipi so bhagavā = By this (reason); that Lord is:
ဣတိပိသောဘဂ၀ါ - မြတ်စွာဘုရား၏ ဂုဏ်တော်တို့မှာ-

1. Arahaṁ = Worthy or Purified.
အရဟံ - ကိလေသာအညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား။

2. Sammā sambuddho = Perfectly Self Enlightened One.
သမ္မာသမ္ဗုဒ္ဓေါ - သိစရာမှန်သမျှ တစ်စမကျန် သယမ္ဘူဉာဏ်ဖြင့် အမှန်အတိုင်းသိတော်မူသော မြတ်စွာဘုရား။

3. Vijjā caraṇasampanno = Endowed with supreme knowledge and conduct.
ဝိဇ္ဇာစရဏသမ္ပန္နော - အသိတရား၊ အကျင့်တရားတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

4. Sugato = Well-goer or Well-farer
သုဂတော - ကျိုးရှိဟုတ်မှန် နှစ်တန်သော စကားကိုသာ မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရား။

5. Lokavidū = Knower of the worlds.
လောက၀ိဒူ - သတ္တလောက၊ ဩကာသလောက၊ သင်္ခါရလောက တည်းဟူသော လောကသုံးခွင်ကို အကုန်အစင်သိမြင်တော်မူသော မြတ်စွာဘုရား။

6. Anuttaro purisa damma sārathi = An Incomparable Charioteer for the training of persons.
အနုတ္တရောပုရိသဒမ္မသာရထိ - မယဉ်ကျေးကြငြား သတ္တ၀ါများကို ယဉ်ပါးလေအောင် သွေးဆောင်ဆုံးမခြင်း၌ တုဘက်ကင်းတော်မူသော မြတ်စွာဘုရား။

7. Satthā devamanussānaṁ = Teacher of Gods and men.
သတ္ထာဒေ၀မနုဿာနံ - လူနတ်၊ ဗြဟ္မာသတ္တ၀ါတို့၏ ဆရာတစ်ဆူအစစ် ဖြစ်တော်မူသော မြတ်စွာဘုရား။

8. Buddho = Enlightened.
ဗုဒ္ဓေါ - သစ္စာလေးပါးအမှန်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော မြတ်စွာဘုရား။

9. Bhagavā = The Blessed One or Exalted One.
ဘဂ၀ါ - ဣဿရိယစသည့် ဘုန်းခြောက်လီနှင့် စုံညီပြည့်ဝတော်မူသော မြတ်စွာဘုရား။

Iti = These are the nine virtues of the Buddha.
ဣတိ - ၎င်းတို့သည် မြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါးဖြစ်ပါသည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

The Six Supreme Qualities of the Dhamma
တရားဂုဏ်တော်(၆)ပါး
===============================

1. Svākkhāto Bhagavatā Dhammo = The Dhamma Law is well proclaimed by the Exalted One.
သွာက္ခာတော ဘဂ၀တာ ဓမ္မော - ဘုရားရှင်ကောင်းစွာဟောညွှန်အပ်လို့ တရားတော်မြတ် ခိုင်မာတယ်။

2.Sandiṭṭhiko = It can be realised and seen by the devotee at the present moment.
သန္ဒိဋ္ဌိကော - ကိုယ်တိုင်ကျင့်ရင် ကိုယ်တိုင်သိလို့ မိမိရရသေချာတယ်။

3. Akāliko = It yields results at any time
အကာလိကော - အခုကျင့်ရင် အခုထူးလို့ အကျိုးကျေးဇူးမြန်ဆန်တယ်။

4. Ehipassiko = It challenges the critics to come and see the truth.
ဧဟိပဿိကော - လာပါ၊ ကြည့်ပါ ဖိတ်ခေါ်အပ်လို့ စမ်းသပ်ခံကြောင်း ကြေညာတယ်။

5. Opaneyyiko = It gives proper and close guidance.
ဩပနေယျိကော - ကိုယ်နှင့်စိတ်မှာ မြဲဆောင်အပ်လို့ ထပ်ကြပ်မကွာ အားထားဖွယ်။

6. Paccattaṁ veditabbo viññūhi = It is to be realised by each and every wise man.
ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ - အရိယာဆိုကိုယ်စီသိလို့ ထိထိမိမိခံစားတယ်။

Iti = These are the six virtues of the Law of Dhamma
ဣတိ - တရားဂုဏ်တော်ခြောက်ဖြာပဲကွယ် - အသဲ(အသည်း)စွဲအောင်မှတ်ကြကွယ်။
[ ဆရာတော်ဦးသုန္ဒရ (ဘီအေ)၏ ကဗျာစာအုပ်မှ ]
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

The Nine Supreme Inherent Qualities of the Samghā
သံဃာ့ဂုဏ်တော်(၉)ပါး
====================================

Bhagavato sāvakasaṁgho = The Order of the Exalted One's Disciples:
ဘဂ၀တော သာဝကသံဃော - မြတ်ဘုရား၏ တပည့်သားတော် အရိယာသံဃာတော်သည် -

1. Suppaṭipanno = is of good conduct.
သုပ္ပဋိပန္နော - ကိလေသာငြိမ်းကြောင်း ကောင်းစွာကျင့်ကြံတော်မူပါပေ၏။

2. Ujuppaṭipanno = is of upright conduct.
ဥဇုပ္ပဋိပန္နော - စဉ်းလဲမာယာကင်းစင်ကွာ၍ ဖြောင့်စွာကျင့်ကြံတော်မူပါ၏။

3. Ñāyappaṭipanno = is of wise conduct.
ဉာယပ္ပဋိပန္နော - နိဗ္ဗာန်အကျိုး မျှော်ကိုးရည်သန် ကျင့်ကြံတော်မူပါပေ၏။

4. Sāmicippaṭipanno = is of dutiful conduct.
သာမိစိပ္ပဋိပန္နော - မဂ္ဂင်ရှစ်ရပ်အကျင့်မြတ်ကြောင့် တုပ်ဝပ်ရိုသေလျော်ကန်အောင် ကျင့်ကြံတော်မူပါပေ၏။

Yadidaṁ cattāri purisa yugāni aṭṭha purisapuggalā
Esa Bhagavato Sāvaka Saṁgho
ယဒိဒံ စတ္တာရိ ပုရိသ ယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ
ဧသဘဂ၀တော သာဝက သံဃော

This Order of the Exalted One's, Disciples --- that is,
these four pairs of persons or the eight Individuals ---
အစုံလေးပါး သီးခြားရှစ်ဖော် မြတ်ဘုရား၏ တပည့်သားတော်အရိယာသံဃာတော်သည်
*(မဂ်ဖိုလ် ၄-ပါး)

5. Ᾱhuneyyo = is worthy of offerings.
အာဟုနေယျော - အဝေးမှဆောင်ယူပစ္စည်းကိုမူလည်း ပေးလှူခြင်းငှာ ထိုက်တော်မူပါပေ၏။

6. Pāhuneyyo = is worthy of hospitality.
ပါဟုနေယျော - ဧည့်သည်ဖို့ရာ ရည်ကာဆောင်ထား ပစ္စည်းများပင် စိတ်ထား စင်ဖြူ၊ ပေးလှူခြင်းငှာ ထိုက်တော်မူပါပေ၏။

7. Dakkhiṇeyyo = is worthy of noble gifts.
ဒက္ခိဏေယျော - တမလွန်စခန်း ကောင်းဖို့မှန်း၍ လှူဒါန်းခြင်းငှာ ထိုက်တော်မူပါပေ၏။

8. Añjalikaraṇiyo = is worthy of reverential salutation.
အဉ္ဇလီကရဏိယျော - ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးခြင်းငှာ ထိုက်တော်မူပါပေ၏။

9. Anuttaraṁ puññakhettaṁ lokassa = is an incomparable field of merits for the world.
အနုတ္တရံ ပုညက္ခေတ္တံ လောကဿ - နတ်လူအများ ကောင်းမှုပွားဖို့ ကြဲထားပျိုးချ တုမရသည့် ကောင်းလှ လယ်မြေ ယာမြေပမာ ဖြစ်တော်မူပါပေ၏။

Iti = These are the nine virtues of the Samghā.
ဣတိ - ၎င်းတို့သည် သံဃာ့ဂုဏ်တော်(၉)ပါး ဖြစ်ကြ၏။
= = = = = = = = = = = = = = = = = = = = =

[ Copied from - "The Life of The Buddha; Buddhism for Beginners" ]
{ "The Life of The Buddha; Buddhism for Beginners" (အခြေခံဗုဒ္ဓဘာသာ၊ အင်္ဂလိပ်-မြန်မာစကားပြော) } စာအုပ်မှ ကူးယူဖော်ပြအပ်ပါသည်။

( NᾹRADA THERA )
{ ပြန်ဆိုသူ - ဦးသန်းလွင် }
( How & Why )
[ B.Sc., Dip. in English(Y.U.F.L) ]

ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေ

ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေများ (၃)

<> အမေး
မြန်မာနိုင်ငံမှာ နတ်ကတော်တွေ၊ နတ်ထိန်းတွေဟာ
နတ်ပူးတယ်ဆိုပြီး လာရောက်မေးမြန်းသမျှလူတွေကို ဟောနေကြပါတယ်။
သည် နတ်ကတော်တွေ နတ်ထိန်းတွေ နတ်ပူးတယ်ဆိုတာ
ဟုတ်ပါသလား။

<> အဖြေ
သီလက္ခန် ဗြဟ္မဇာလသုတ်မှာ
ဒေ၀ပဥှာဆိုတဲ့ အတတ်မျိုးကို ပြဆိုထားတာရှိတယ်။
ဘုရားမပွင့်မီ ပဝေသဏီက ရှိနေတဲ့အတတ်မျိုးတွေဆိုတော့
ယခုခေတ်မှာလည်း နတ်ကိုခေါ်သွင်းနိုင်တဲ့ဆရာ
မရှိဘူးလို့တော့ မဆိုနိုင်ဘူး။ သို့သော်
တကယ် နတ်သွင်း၊ နတ်ခေါ်နိုင်တဲ့ ဆရာမျိုးက အလွန်နည်းပါးတယ်။
များစွာသော နတ်ကတော်တွေ၊ နတ်ထိန်းတွေက
လူထုကို လှည့်စားတာပဲ များတယ်။

<> အမေး
နတ်ကတော်တွေ လှည့်ပတ်ပြောဆိုတာ ယုံကြည်ရုံနဲ့
မိစ္ဆာဒိဋ္ဌိ ဖြစ်နိုင်ပါသလား ။

<> အဖြေ
သိပ် ဖြစ်နိုင်တာပေါ့။
မိစ္ဆာဒိဋ္ဌိ ဆိုတာ ကံ-ကံ၏အကျိုးကို မယုံကြည်ရင်
မိစ္ဆာဒိဋ္ဌိ ဖြစ်တော့တာပဲကိုး။
အခုကိစ္စမှာ ၊ နတ်ကတော်က ပြောတယ်
နတ်ကိုပူဇော်ရင် သင့်ကို နတ်က မ-စမယ်၊ စောင့်ရှောက်မယ် ပြောလိုက်တယ်။
အဟောခံရတဲ့သူက
သူ့ရဲ့ ကံညာဏ်ဝီရိယကြောင့် ကြီးပွားအောင်မြင်တာကိုတောင်မှ
သူ့ရဲ့ ကံညာဏ်ဝီရိယကြောင့် ကြီးပွားအောင်မြင်တယ်လို့
မမြင်နိုင်တော့ဘူး။
နတ်က မ-စလို့ လို့ မြင်သွားတယ်။
ကံကို ပစ်ပယ်ပြီး၊ နတ်ကို ယုံသွားတယ်။
အယူအဆမှားယွင်းသွားတဲ့အတွက် မိစ္ဆာဒိဋ္ဌိ ဖြစ်သွားရတယ်။

ဒီလို လိမ်လည် ဖြန်းသန်း စားသောက်လာခဲ့တဲ့
မကောင်းမှုကံကြောင့် သေလွန်တဲ့အခါ ပြိတ္တာဖြစ်ရတယ် လို့
ကျမ်းဂန်တွေမှာ ပြဆိုထားတယ်။

<> ထီးချိုင့် တည်တောဆရာတော်ကြီး ၏ အဖြေ /

ရ တုေ မြ မ ဂ္ဂ ဇင်း အ မှ တ် (၂) စာမူများဖိတ်ခေါ်. . .

ရ တုေ မြ မ ဂ္ဂ ဇင်း အ မှ တ် (၂) 
နို ၀ င် ဘာ လ အ တွ င်း ထွ က် ပါ မ ည် ။