Tuesday, May 6, 2014

ရန်လင်းအောင် @ ရေးလက်စ - ၂ @



@ေ ရးလက္စ - ၂ @

ကိုယ္တိုင္က
သွေးလေမညီညွတ်ဘဲ
မိုးလေဝသမှန်စေ့ချင်သူ
ငါ . . .
ဒီ အမှား တစ်ခုနဲ့ပဲ
အားနာစရာတွေ
တပုံတခေါင်း များပြားခဲ့ရပြီ ။
                 
                                                    ရန်လင်းအောင်
                                                           ၅ ၂ ၁၃




ရန်လင်းအောင် ။ ရေးလက်စ - ၁



ရေးလက်စ @ ၁ @

သူတောင်းစား က စပြီး
သမ္မတ အထိ
အားလုံး
ရေးလက်စတွေပဲ ဆိုပါတော့ ။

မှားပါ မှန်ပါ
ပြင်ပါ ဆင်ပါ 
ဖြည့်ပါ စွက်ပါ 

ရေးချင်လည်းရေး
မရေးချင်လည်းရေး 
အသေခံ ရေးသူလည်း ရှိ
သေအောင်ရေးသူလည်းရှိ
မသေရုံတမယ် ရေးရသူလည်းရှိ
မသေအောင်ရေးကြသူတွေလည်းရှိ 
ချုံ့လိုသပဆို ချုံ့
ချဲ့လိုသပဆို ချဲ့
လိုရင်းက အရင်းပဲ လိုတယ်
ဂုတ်ပေါ်ဝဲနေတဲ့ ဓါးလို
ရေးလက်စနေ့တွေ
နားရင်းနား ဝီခေါ်နေတဲ့
ကျည်ဆန်တွေ လို
ရေးလက်စနေ့တွေ
တစ်နေ့နေ့  
ရာဇာပလ္လင် ဖင်လာကပ်နိုးနိုး
ရေးလက်စနေ့တွေ 
ကြည့်မကောင်းလည်း ထပြန်မရ
ကြားမကောင်းလည်း
ကျော်မရ ခွမရ
အခု ရေးလက်စ ဟာ
နောက်ဆုံးတစ်ကြောင်းဆို
အရေးပါတဲ့ အရေးဟာ 
ဘာအရေးလဲ ။

                          ရန်လင်းအောင်