Thursday, March 17, 2016

ပြောပြောနေတဲ့ ငြိမ်းချမ်းရေး - U20



http://www.absolutearts.com/artworks/abstract-figurative-1.html

ပြောပြောနေတဲ့ငြိမ်းချမ်းရေး

____________________________

ဒီခရီးနဲ့ ဒီလမ်းကိုသွားဖို့ 
စစ်ဖိနပ်တွေမလိုဘူး အသစ်ဖိနပ်လိုတယ်
တပါးသူကိုနင်းမိရင်တောင်မနာကျင်စေမယ့်
အသစ်ဖိနပ်သာလိုတာပါလေ ။ ။

U20

အိပ်မက်များတဲ့ကြယ် - လင်းနဒီ



အိပ်မက်များတဲ့ ကြယ်

°°°°°°°°°°°°°°°°°°°°°
စောစောစီးစီး
ခေါင်းမူးနေတယ် ။

ရယ်စရာတွေ
ချာချာလည်အောင်တွေးကြည့်တယ် ။
နေရောင်ခြည်တွေ
ချိုသွားမလားလို့ ။

ဝမ်းနည်းစရာတွေ
တွေးကြည့်တယ် ။
စောစောစီးစီး
နေဝင်သွားမလားလို့ ။        ။

လင်းနဒီ

အိမ်လွမ်းတေး - ကိုသားကြီး



အိမ်လွမ်းတေး 

_____________________________

အဝေးက ဖုန်းခေါ်သံကို  တွေးရင်း တစ်ယောက်ထဲ ညနေတွေသာ
တိုးတိုးလေး ကျန်ခဲ့တယ်။

မိတ်ဆွေများ သွားလမ်းသာလို့
လာလမ်းဖြောင့်ပါစေ ဆိုပြီး
နွေလွင်ပြင်ထဲ  လေချွန်သံ  ထည့်သိမ်းထားရ။

နှိုးစက် မပါတဲ့ ညနေရီဟာ
မှုန်ပျရိုးမ ဆီက
အိပ်စက်အနားယူဖို့ အရေးပေါ်လိုတယ်။

တစ်ယောက်ထဲ တေးဆိုခွင့်မှာ
ဟထားရုံ တံခါးတစ်ဖက်ကို
အသေ ပိတ်ခဲ့လိုက်တယ် ။

ချစ်တဲ့ မိသားစု တွေ
စက္ကူပန်းရုံ  အောက်
ည လေညှင်းခံနေမှာ  အသေအချာ။       ။

ကိုသားကြီး

ပန်းချီကား - တည်ဘွားဦး



ပန်းချီကား

°°°°°°°°°°°°°°°°°°°

ပန်းသီကိုဓါးနဲ့ ခွဲလိုက်တိုင်း
သွေးတွေသာပန်းထွက်နေတော့တာ ။    ။

တည်ဘွားဦး


ပြတင်းပေါက်ကလေး - အနီ


ပြတင်းပေါက်ကလေး

________________________

ဘာမှမထူးဆန်းပါဘူး  ။
ုသစ်သားပြတင်းပေါက်ကလေးတစ်ခုပါပဲ ။
မှုန်မှိုင်းမှိုင်းအခန်းလေးထဲ
တိမ်တွေခေါင်းငုံ့ဝင်လာတာပျော်ရွှင်ဖွယ် ။
ကျေးဇူးကွယ်  ။   ။

အနီ