ရေးလက်စ - ၄၊ ရန်လင်းအောင်
@ ရေးလက်စ @ ၎
ငါ
အမြဲ
မေ့တယ် ၊
ငါ
အမြဲ
သတိရတယ် ။
ငါ
အမြဲ
ရှာတယ် ၊
ငါ
အမြဲ
ပျောက်တယ် ၊
ငါ
အမြဲ
မျှော်တယ် ။
ငါ
အမြဲ
ငတ်တယ် ၊
ရှိပါစေတော့ ...
ထားပါတော့ ....
သိက္ခွာရှိရှိ
ဆာလောင်တယ် ၊
ဂုဏ်သရေရှိရှိ
လောင်မြိုက်မယ် ။ ။
ရန်လင်းအောင်