Thursday, May 7, 2015

ပန်းနု ( သို့ ) တောသဇင် _ကိုလွင် ( နန်းမြေ )


ပန်းနု( သို့. ) တောသဇင်

• •_________________••

ဟိုး..............ဝေးဝေးက
ကျောက်စည်ယို တောင်ခပန်းမှာ
လေသားနုရွရွကလေး
ဖြဖြလေးမော့တက်ဆော့ကစား
မြူ..........ဆိုတဲ့ ဧမြတဲ့ချစ်ခြင်း
ငြိမ်းချမ်းခြင်းတွေကြောင့်
အသံချိုနဲ့တေးဆိုရင်း
တလွာချင်း တချပ်ချင်း
တဖျတ်ဖျတ်ပွင့်စေခဲ့တယ်၊
တောသဇင်..........တဲ့
ရနံ့မြမြနဲ့. သူ့ကိုယ်သူဆင်သ
ဖွေးဖွေးဖြူအောင် မလှပပေမဲ့
ကျောက်ထပ်အဆင့်ဆင့်တွေရဲ့
အမြင့်မားဆုံးဝေဟင်မှာ
ကျော့ရှင်းသန်စွမ်း
အလှပန်းခက်တွေ.............ဝေ
အပြုံးပွင့်တွေ....................ဝေ
ချစ်ခြင်းတရားတွေ.............ဝေ
ငြိမ်းချမ်းခြင်းတွေ...............ဝေ
ဝေ...........ဝေ............ဝေ.....။

                       ကိုလွင် (နန်းမြေ )

အောင်လွန်းမြိုင်


နွေဥတု သို့ တေး ။ မင်းညွန့်လှိုင်


ေ နွ ဥ တု သို့ေ တး

• • • • • • • • • •
[ ၁ ]
ဝေးမယ့်ရက်တွေမှန်းဆဖို့
သစ်ရွက်ကြွေတွေလိုက်ဖမ်းကြမယ် ။

ဆွေးတဲ့ရက်တွေမှတ်သားဖို့
သစ်ရွက်ကြွေတွေသိမ်းထားကြမယ် ။

"ကျောင်းတံခါးပိတ်အိမ်မပြန်ချင်ဘူး"
သီချင်းဟောင်းလေးတစ်ပုဒ်ဟာ
နွေအိပ်မက်များထဲအထိ
စာမေးပွဲလာလာစစ်နေတုန်းပေါ့ ။

[ ၂ ]
အဲ့ဒီမြို့မှာနွေမရှိဘူးလို့
အတိအလင်းကြွေးကြော်ထားတဲ့
တောင်ပေါ်မြို့ကလေး 'မေ' ။

စိမ်းသောသစ်တစ်ပင်နဲ့
အစိမ်းခွဲခွဲလိုက်ရတဲ့
စိမ်းရွက်တစ်ရွက်ရဲ့သက်ပြင်းချသံမှာ
နွေကို
မြင်ဖြစ်အောင်မြင်ခဲ့လိုက်တယ် ။

ကိုယ်ဟာ
အဆိုးမြင်ဝါဒီတစ်ယောက်လား ။

[ ၃ ]
သက်တမ်းကုန်သစ်ရွက်များကို
တိတိကျကျနေရာချထားသူ
လှပသောနွေရက်တွေ ။

ချွေးစို့နေသည့်တိုင်
သနပ်ခါးဖွေးဖွေးပါးပြင်ရဲ့
ချစ်မက်ဖွယ်ကောင်းပုံမျိုး ။

[ ၄ ]
ရှောင်မရတဲ့အတူတူ
ဒီအပူကို
မြိန်ရေယှက်ရေစုပ်ယူ ။

ဖူးပွင့်လိုက်စို့
အေးအေးလူလူ ။        ။

                                     မင်းညွန့်လှိုင်

စန္ဒြကန္တ -ခက်ဦး



စန္ဒြကန္တ

• • • • •

လရောင်ဆောင့်ရုံနဲ့
ငိုရော့သလား ကျောက်ဆောင်
ကမ်းလုံးပြိုလု
ဒီရေတွေလည်း
ရွဲလို့ ။

ခက်ဦး
၅ . ၂ .၂၀၁၅

ပြောဇာတ် - ၁


ပြောဇာတ်       ( ၁ )

• • • • • • • • • •
တိဗက်ပုံပြင်ထဲက ခိုသတ္တဝါ
တစ်ညခင်းလုံး သူ့အိပ်ရာ
ဇီဇာကြောင်ပြီး ပြင်ဆင်နေလိုက်တာ
မိုးသာလင်းရော သူ့ခမျာ
အိပ်စက်ချိန်တောင်မရလိုက်ပါ ။ ။

                            ရန်လင်းအောင်