Sunday, January 17, 2016

ဒီ ေ ရ - ရန်လင်းအောင်


ဒီ ေ ရ 

_____________

ခါတိုင်းလို
မီးခိုးငွေ့တွေကို ပြန်ဆွဲချ
… မဟုတ်သေးဘူး
ဒါ မဟုတ်သေးဘူး
အနာဂတ်ကို
စကားပြောတတ်အောင်သင်ပေးချင်သူ
နည်းနည်းလွန်သွားလား ……

ဇာတိမြို့ကလေးရဲ့အဝေးမှာ
မေ့နေတဲ့ အမှတ်အသားလို သစ်ကြည့်
မျက်မှန်းတန်းမိနေတဲ့တေးသွားတွေ
ပြုံးပြမိခဲ့တာ ရေးတေးတေးနဲ့
ခါးမသန်တဲ့စာသားတွေ
အတွေးထဲမှာ တရစ်ဝဲဝဲ ……

နေ့ချင်းပြန်ဆင်ခြေဆင်လက်တွေထဲ
ပုန်ကန်မှ လင်းဖြစ်မယ့် အသံ …

ကိုယ့်ကြောင့်
ကမ္ဘာကြီး မျက်နှာနာရမှာ
တွေးကြောက်မိပါတယ် ။ ။

ရန်လင်းအောင်

၂၅ ၁၂ ၂၀၁၅
Mobile Uploads ·
Dec 27, 2015 ·