< တွေးနေတာ ခေါင်းစဉ် >
အတွေးက ကမ္ဘာမြေပေါ်အုပ်မိုးထားတဲ့ သစ်ပင်အခု လက်ဖက်ရည်ဆိုင် ထိုင်နေမိတယ်။
အဲ့ဒီမှာ အကိုင်း အခက် စီးကရက်တွေ
လွတ်လွတ်လပ်လပ် ဆုံးရှုံးလို့ရတာတွေ
မျက်လုံးထဲ ကုသိုလ် အကုသိုလ် မကွဲခင်
ဟော … တောက်ထုတ်လိုက်ပြန်ပြီ။
ငါရေးနေတာ ဘာလဲ
ငါတွေးနေတာ ဘာလဲ
ငါ့အရေးကို ခေါင်းစဉ်တပ်ချင်တယ်
ငါ့အတွေးကို အဆုံးသတ်ချင်တယ်။
ကိုယ့်ကိုကိုယ် အရစ်ကျသတ်ရတာလည်း
ဘုရားပေးတဲ့ဆုပါပဲ ကိုယ့်မှာ။
တစ်ယောက်တည်းဆိုတော့
တစ်ရောက်တည်းရောက်နေတော့တာပေါ့
ဆုံးခန်းမတိုင်ခြင်းတွေနောက် ။ ။
လ င်း ရီ ေ ဝ