သ မု ဒ ယ အ လ င်း
__________________________
လရောင်အောက် စီးနေသောမြစ်ထဲ
'ဖျတ်'ခနဲ ထခုန်သွားတဲ့ ငါးကလေး
သူ့မေတ္တာအကြေးခွံလေးရဲ့ ဘော်ငွေရောင်ဟာ
နှလုံးသားမှာ...'ဝင်း'ခနဲ 'လက်'ခနဲ
စိတ်ပိုက်ကွန်ကို ဖြန့်ချမိသူ ...ငါ
အလင်းတံငါ … … …
စိတ်တံငါ … … …
ငါးကလေးကပြောတယ်
"သူ့မေတ္တာအလင်းကြောင့် မှောင်နေသူ ငါမြင်တာ"တဲ့ ။
သူ့ကုသိုလ်ဝင်းဝင်းလေးမှာ
ငါ...ထွန်းလင်းမိ
ငါ...ငါ့ အကုသိုလ်အရိပ်ကိုမြင်မိ။
တစ်ယောက်ကိုယ်ရောင်ကိုယ်ဝါနဲ့ တစ်ယောက်
ပွင့်သွားတဲ့အလင်းတံခါးလေးကိုဖွင့်
မြတ်ဘုရားမှာ ဆီမီးကလေးကပ်လှူ
တောင်းသောဆုဟာ...
သံသရာအဆက်ဆက်
တို့နှစ်ယောက်ရဲ့ခရီး "လင်း"စေဖို့ … … …
ေ ချာ ဘ သ စ်
(20;2;2016 11:22 Pm)