Wednesday, March 2, 2016

၂ ၊ မတ် ၊ ၁၉၆၂ - ဝင်းသိန်းထွေး



၂ ၊ မတ် ၊ ၁၉၆၂ 

_____________________

သေသူကို
ရှင်သူတွေက တစ်ယောက်တစ်မျိုး မရိုးနိုင်အောင် ကျိန်ဆဲကြတယ်  ။

နှောင်းလူတို့စကားဝိုင်းတွေမှာ မလှတဲ့သမိုင်းကိုပုံဖော်ခဲ့လို့ ကြုံတိုင်းပြန်ရှင်လေသူ
သေလူတစ်ယောက်ပေါ့    ။

အသက်ပျောက်ခဲ့တယ်
ရုပ်ပျောက်ခဲ့တယ်
နာမည်ကတော့ မပျောက်ပဲ
သေကျန်ခဲ့လေရဲ့  ။         ။

ဝင်းသိန်းထွေး