Monday, August 13, 2012

နံ့သာပမာ ဖမေတ္တာ

  “နံ့သာပမာ ဖမေတ္တာ”

ယခု မိတ်ဆွေများ သူငယ်ချင်းများကို တင်ပြမဲ့အကြောင်းအရာကတော့ ဆရာတော် အရှင်ဇ၀နရေးသားသော "ဘ၀နှင့်ရင်းရသော အတွေးအမြင်များ" စာအုပ်မှ တိုက်ရိုက် ကူးယူ စာစီပြီး တင်ပြ
ပေးလိုက်ပါတယ်။ မည်သူမဆို နောင် တစ်နေ့ဖြစ်လာမဲ့ မိဘ၊ နေရာမှာ ကိုယ်ချင်းစာစိတ်ကလေးတွေ မွေးစေချင်ပါတယ်၊ အိုးမင်း ရင့်ရော် ၊ ၀င်ငွေမရှိတော့ဘဲ သားသ္မီးတွေကို မှီခိုအားကိုးရမဲ့
မိအို၊ဖအို အရွယ် သားသမီးတွေရဲ့ ပြုစုယုယမှုကို  သင်ဘယ်လို ခံစားချက်မျိုး လိုချင်လဲ။ ဆရာတော်၏ ဆိုဆုံးမစကားအရ.. "သင်သာမိဘကို ကောင်းစွာကျွေးမွေးပြုစုခဲ့လျှ
င်..သင်လည်း သင့်ကို ကောင်းစွာ ကျွေးမွေးပြုစုတဲ့ သားသမီးကို ရမည်ဧကန်ပင်".............


“နံ့သာတုံးမည်သည် မီးရှို့သူကိုပင်လျှင် မီးကျွမ်းသည်အထိ အနံ့ဖြင့် မွှေးစေသကဲ့သို့၊ မိဘတို့သည်လည်း ကျေးဇူးကန်းသော သားသမီးများကိုပင် သေသည်အထိ ကောင်းကျိုးကို ဆောင်တတ်လေသည်”

               ကြက်သားဟင်းပန်းကန်ကို မြင်လိုက်ရသည်နှင့် ဦးလှရွှေတစ်ယောက် “ဟင်”  ကနဲ အာမေဋိတ်သံထွက်သွားပြီး၊ ၀ုန်းခနဲနေအောင် ထရပ်လိုက်မိသည်။ မီးဝင်းဝင်းတောက်ပသောမျက်လုံးမျ
ားဖြင့်၊ ချွေးမရှိရာ ၀ရံတာကိုစူးစိုက်၍ ကြည့်လိုက်သည်။ ဦးလှရွှေအသက် (၇၀) ပြည့်ပြီဖြစ်သော်လည်း ဒေါသအရှိန်ကြောင့် ကျားတစ်ကောင်မာန်ဖီသကဲ့သို့ရှိ
သည်။

               ဘေးအိမ်မှအလည်လာသော မိန်းကလေးက တအံ့တသြဖြစ်ကာ လှည့်ကြည့်သော်လည်း၊ ချွေးမကား ဘာမှမဖြစ်သလို ဦးလှရွှေကို ဂရုမစိုက်ပဲ ပြောလက်စ ရုပ်ရှင်မင်းသားအကြောင်းကိုသာ မြိန်ရေယှက်ရေ ဆက်ပြောလျှက်ရှိသည်။

               “ ဟင် - ခွေးမ ဒါင့ါသားကို ငါပေးထားတဲ့ အမွေတွေကို ထိုင်စားပြီး ငါ့ကို ကျေးဇူးဆပ်တာလား - မိန်းမယုတ်မ အခုအိမ်ပေါ်က ဆင်းသွားစမ်း” ထိုကဲ့သို့ပြောလိုက်ချင်သောစကား
တို့က ရင်ထဲမှာသာမြည်ဟိန်းသွားပြီး လည်ချောင်းဝတွင်ပင် တစ်ဆို့ပျောက်ကွယ်သွားကြသည်။ “ င့ါအိမ်မဟုတ်တော့ပါလား၊ ငါရှာထားတဲ့ထမင်ုးဟင်း မဟုတ်တော့ပါလား “ ဟူသောအတွေးက ပြောချင်သောစကားအပြင်သို့ ရောက်မလာအောင် လည်ချောင်းဝအတွင်းမှာပင် ချေမှုန်းဖျက်ဆီးပစ်လိုက်လေပြီ။

               ဦးလှရွှေတစ်ယောက် အမျက်ဒေါသကို မျိုသိပ်ရင်းဖြင့် ကြက်သားဟင်းပန်းကန်လေးကို တစ်ချက်ငုံ့ကြည့်လိုက်မိပြန်
သည်။ ဟင်းရည်သုံးဇွန်းစာလောက်နှင့်ကြက်ခြေထောက်ရိုးလေး တစ်ချောင်းက ဖခင်မေတ္တာတစ်ခုသာ ပိုင်ဆိုင်မှုရှိတော့သော ဦးလှရွှေကို ပန်းကန်လုံးသေးသေးလေးထဲမှ သရော်ပြနေသယောင်ရှိသည်။ ကြက်တစ်ကောင်လုံး ၀ယ်လာပါလျက်နှင့် ဖခင်အရာ၌ရှိသော ယောက္ခမအား ကြက်ခြေထောက်တစ်ချောင်းသာထည့်ကျွေးခြင်းသည် ပရိယာယ်ဖြင့် သူတို့အိမ်မှ နှင်နေပြီဖြစ်ကြောင်း ဦးလှရွှေရိပ်မိပါပြီ။ ဒေါသအပူကြောင့် အစာအိမ်ပင် လောက်ကျွမ်းသွားလေသလား မသိ။ ထမင်းစားချင်စိတ် လုံးလုံးမရှိတော့။ မိမိအိပ်ခန်းအတွင့်းသို့ အသာအယာဝင်သွားရင်း ကုတင်ပေါ်တွင် ထိုင်နေမိသည်။ ထိုအချိန်မှာပင်ချွေးမက ဘာမှမသိသလို ပုံစံမျိုးဖြင့် သည်အတိုင်း ပစ်ထားခဲ့သော ပန်းကန်ခွက်ယောက်တွေ သိမ်းဆည်းနေသည်ကို အခန်းအတွင်းမှ ကြားနေရသည်။ ရုံးမှာအလုပ်ဆင်းနေသော သားကြီးကို ဒီအကြောင်းတွေသိစေချင်သည်။

               အဆုံးဆိုးကိုမျှော်လင့်ထား
မဘ၀ဟာ နေပျော်မှုရှိတယ်ဟူသော ဆရာတော်၏စကားကို အရင်ပြောစက သဘောမပေါက်မိ။ အခုလက်တွေ့ကြုံမှသဘောပေါက်လာသည်။ ဦးလှရွှေအသက် “၆၈”  နှစ်အရွယ်ကစုံကျနေသဖြင့် ကျန်းမာရေးကထိခိုက်နိုင်သည်ဆိုကာ သားများက ဒုလ္လဘရစန်းဝတ်ပေးကြသည်။

               ထိုစဉ်က ရဟန်းလောင်းဆုံးမခန်းတွင်၊ ကျောင်းထိုင်ဆရာတော်ကြီးထည့်ြေ
ပာသော သြ၀ါဒစကားလေးများကို ဦးလှရွှေပြန်လည်ကြားယောင်နေမိသည်။

               ရဟန်းတွေရဲ့ မှီခိုရာလေးပါဆိုတာ- ဆွမ်းသင်္ကန်းကျောင်း ဆေးပစ္စည်းလေးပါးကိုေ

ပြာတာကို။ ဒီလေးပါးနဲ့ ပတ်သက်ပြီး၊ အတွေးအခေါ်လေးတစ်ခု ပေးစရာရှိတယ်။ အဲဒါက အဆိုးဆုံးကို မျှော်လင့်ထားမှ ဘ၀ဟာ နေပျော်တယ်ဆိုတာပဲ။

               ဒါကြောင့်ငတ်မသေရုံစားရရင် ဆွမ်းဟာလုံလောက်ပြီလို့ ခံယူထားပါ။ အရှက်လုံရုံဝတ်ရင် အ၀တ်ဟာလုံလောက်ပြီလို့ခံယူထားပါ
။ မိုးလုံရုံနေရရင် ကျောင်းဟာလုံလောက်ပြီးလို့ခံယူထားပါ။ နွားကျင်ငယ် ရည်ကိုရရင် ဆေးဟာလုံလောက်ပြီလို့ခံယူထားပါ။

               သြော်  - ဆရာတော်ရဲ့စကားက မှန်လိုက်တာ။ ငါဟာ- ဇနီးငယ်ငယ်ရွယ်ရွယ် ဆုံးသွားပြီးကတည်းက ၊ နောက်အိမ်ထောင်မပြုဘဲ၊ သားသုံးယောက်ကို လူလားမြောက်အောင် ကျွေးမွေးပြုစုခဲ့တာကို သားတွေဆီက၊ အကောင်းဆုံးချည်းပဲ မျှော်လင့်ခဲ့တယ်။

               တစ်ခြားဟာတွေ အသာထား၊ ချွေးမကြက်တစ်ကောင်လုံး ၀ယ်လာတာမြင်လိုက်ကတည်းက အကောင်းဆုံးဖြစ်တဲ့ အသည်းအမြစ်ကလေးကို မျှော်လင့်မိတယ်။ ရလာတော့ ……ဦးလှရွှေ ဆက်မတွေးချင်တော့။ အိပ်ယာလိပ်ကလေးကို ထမ်းပြီး၊ ပခုံးပေါ်တင်လိုက်သည်။

               သားသုံးယောက်လုံး အိမ်ထောင်ကျပြီးကတည်းက၊ ညီအစ်ကို သုံးယောက်နီးနီးနားနား စောင့်ရှောက်ကူညီပြီးနေနိုင်ရန်
၊ တစ်လမ်းတည်းက ခြံများကို ဦးလှရွှေကိုယ်တိုင် ၀ယ်ပေးထားခြင်းဖြစ်၍ တစ်အိမ်နှင့် တစ်အိမ်တစ်ခေါ်ခန့်ထက်ပင် ပို၍နီးပါသေးသည်။ ခြံဝန်းထဲ ၀င်လိုက်သည်နှင့် မုံညင်းစိုက်ရန်၊ မြေဆွနေသော ကိုလတ်ကို တွေ့ရသည်။

               သားသုံးယောက်မှာ နာမည်သီးသန့်ရှိသော်လည်း ၊ ဦးလှရွှေ ကိုယ်တိုင် ကိုကြီး၊ ကိုလတ်၊ ကိုငယ်ဟုခေါ်သဖြင့် ဆွေမျိုးမိတ်ဆွေအားလုံးက ထိုအတိုင်းပဲနှုတ်ကျိုးနေကြသည်။

               “ကိုလတ်”

               ဦးလှရွှေ၏ခေါ်သံကို ကြားလိုက်သည်နှင့် ကိုလတ်က ပေါက်ပြားကို အသာချကာ အနားသို့လျှောက်လာပြီး အိပ်ယာလိပ်တွေကို လှမ်းယူသည်။ နှုတ်မှလည်း

               “အဖေ၊ ကိုကြီးတို့နဲ့ ဘာဖြစ်လို့လဲ”

               “ဘာမှမဖြစ်ပါဘူးကွာ၊ ကိုလတ်နဲ့လည်း တစ်လှည့်နေချင်သေးလို့ပေါ့”

               “ ဟာဝမ်းသာလိုက်တာ အဖေရာ - ကျွန်တော်ကလည်း အဖေစိတ်ပြေ လက်ပျောက် အပြောင်းအလဲလေးဖြစ်အောင်၊ လာခေါ်ပြီး နေခိုင်းဦးမယ်လို့ စိတ်ကူးနေတာ၊ အခု အဖေကိုယ်တိုင်လာတော့ ပိုအဆင်ပြေသွားတာပေါ့”

               ဤကား ဦးလှရွှေ မျှော်လင့်ထားသောစကား၊ သို့သော် ကိုလတ်တကယ်ပြောလိုက်သည်က၊

               “ တစ်လမ်းတည်းနေကြာတာပဲ အဖေရာ၊ ဘယ်အိမ်နေနေ ဘာထူးမှာလဲ၊ တစ်မြို့တစ်ရွာဆီိလည်းထားတော့။ အလကား၊ အဖေက ကိုယ့်ကိုကိုယ် ဒုက္ခရှာတာပဲ”

               ကိုလတ်ပြောသောစကားသည်မှန်ကန်ပါ
၏။ သို့သော်ဦးလှရွှေအတွက် အကျိုးမရှိ။ ဦးလှရွှေနှစ်သက်သော စကားလည်းမဟုတ်။

               အဖေ့ကို ဥစ္စာပစ္စည်းအစားအစာတွေ မနှစ်သိမ့်နိုင်ရင် နေပါကွယ်။ အရင်းအနှီးမစိုက်ရတဲ့ စကားလေးနဲ့တော့ နှစ်သိမ့်စေချင်ပါတယ်ဟူသော စကားကို ရင်ထဲမှာပြောရင်း ဝေ့တက်လာသော မျက်ရည်စများကို၊ ကိုလတ်မမြင်အောင် မျက်တောင်ဖြင့် ကဗျာကယာ ပုတ်ခတ်ထုတ်လိုက်ရင်း၊ မျက်နှာကို တစ်ဖက်သို့ လွှဲနေလိုက်သည်။

               အိမ်ပေါ်ရောက်သည်နှင့် ပက်လက်ကုလားထိုင်ဖြင့်၊ အကျအန ထိုင်၍ ၀တ္ထုဖတ်နေသော ချွေးမအလတ်ကို တွေ့လိုက်ရသည်။ ဦးလှရွှေကို ၀မ်းပမ်းတသာ ကြိုဆိုဖို့နေနေသာသာ ပက်လက်ကုလားထိုင်ပေါ်မှ ထမလာခဲ့ ကိုလတ်က ဘုရားခန်းရှေ့ဖျာခင်းပြီး၊ အိပ်ယာလိပ်ကို ချကာ နေရာပြင်ပေးသည်။ နေရာပြင်သောအခါမှပင် ချွေးမက ၀တ္ထုစာအုပ်မှ မျက်ကိုခဏဖယ်ကာ-

               “သြော်… အဖေလား” ဟုလေးခွန်းသောစကားကို ဆိုကာဝတ္ထုစာအုပ်ကိုဆက်ဖတ်နေတော့
သည်။ သက်မဲ့ဝတ္ထုစာအုပ်တစ်အုပ်လောက်ပင် အလေးထားမခံရသောအခါ ကိုယ့်ကိုယ်ကို သိမ်ငယ်သောစိတ်က ဦးလှရွှေတစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ ကိုကြီးတို့ဇနီးမောင်နှံနှင့် ပတ်သက်သော ခံစားချက်ကို အားရပါးရ ရင်ဖွင့်လိုက်မည်ဟူသည့် ရည်ရွယ်ချက်မှာလည်း၊ ဘယ်ကိုရောက်သွားမှန်းပင် မသိတော့။

               စကားမပြောနိုင်ဘဲ မှိုင်တွေချနေသော ဦးလှရွှေကို ကိုလတ်က စိတ်ပျက်စွာတစ်ချက်ကြည့်လိုက်
ရင်း.

               “ကဲ ….အဖေ စိတ်ချမ်းသာသလိုနေပေါ့၊ ကျွန်တော်အလုပ်လေးဆက်လုပ်လိုက်
အုံးမယ် “ ဟုပြောကာခြံထဲသို့ ဆင်းသွားလေသည်။ ဘာဥစ္စာပစ္စည်းမှ ထွက်လာစရာမရှိတော့သော ဖခင်သည် သူစိုက်နေသော ဆလက်ရွက်ခင်းတစ်ခင်းလောက် တန်းဘိုးမရှိဟူ သော အဓိပ္ပါယ်ကို ကိုလတ်က အမူအယာဖြင့် ပြောသွားခြင်းသာဖြစ်ကြောင်း ၊ ဦးလှရွှေ သဘောပေါက်လိုက်ပါသည်။

               “အို…ငါ့ကို လုံးလုံးစကားမပြောတာနဲ့စာရင် တော်သေးတာပေါ့ “ ဟု နှလုံးသွင်းကာ သိမ်ငယ်စိတ်ကို ကြံဖန်ပြေဖျောက်လိုက်ရသည်။ အဆိုးဆုံးကို မျှော်လင့်ထားမှဘ၀ဟာပျော်ရွှင်မှု
ရှိတယ်ဟူသော ဆရာတော်၏စကားကို ဦးလှရွှေတစ်ယောက် ကျင့်သုံးတတ်စပြုလာလေပြီ။

               ကိုလတ်တို့အိမ်ရောက်နေသည်မှာ သုံးလခန့်ပင်ရှိနေပါပြီ။ ဦးလှရွှေသူ့ကို ခေါ်မည်ဟု ထင်ထားသော ကိုကြီးကား တစ်ခေါက်မှ ပင်ရောက်မလာခဲ့။ ရုံးကိစ္စ၊ အိမ်ကိစ္စတွေနဲ့ အလုပ်များနေလို့နေမှာပေါ့လေဟုသာ နှလုံးသွင်းပြီး ကိုယ့်ကိုယ်ကို ဖြေသိမ့်လိုက်ရသည်။

               မိဘဟူက ရှုမ၀ဟူ၍မရှိ၊ ရင်သွေးဟူက ရှုမ၀ဟူ၍သာရှိသောကြောင့်  ကိုကြီးက ဦးလှရွှေကိုတွေ့ချင်စိတ်မရှိသော
်လည်း၊ ဦးလှရွှေကတော့ ကိုကြီးကိုတွေ့ချင်နေရှာသည်။ ထို့ကြောင့် လမ်းလျှောက်ရင်း  ကိုကြီးအိမ့်ရှေ့ရောက်သည့်အခါ နှလုံးသားအသိ၏ ရိုက်ခတ်မှုကြောင့် ခြေထောက်များက ကွေ့ဝင်ချင်နေသည်။

               သို့သော် ဦးနှောက်အသိ၏ တားဆီးကန့်ကွက်မှုကြောင့်၊ မ၀င်ဖြစ်ခဲ့၊ မိမိကိုအကြောင်းပြုပြီးလင်မယား နှစ်ယောက်စိတ်ဝမ်းကွဲမှာကိုလည်း စိုးရိမ်မိသည်မဟုတ်ပါလား။ ကိုလတ်တို့အိမ်မှာ နေသားတကျ ဖြစ်နေစဉ်မှာပင် တစ်ခုသောရက်တွင် ကိုလတ်က-

               “အဖေ…သားတို့မိသားစုအားလုံး အထက်မြန်မာပြည် အနှံ့ဘုရားဖူးထွက်ကြမလို့၊ဆယ်
ရက်လောက်ကြာမယ်၊ ခရီးကဝေးတော့အဖေလိုက်နိုင်မှာလည်းမဟုတ်ဘူး။ ဒီအိမ်မှာနေခဲ့ရင်လည်း စားရေးသောက်ရေးကခက်မယ် ဒါကြောင့် ကိုငယ်တို့အိမ်မှာ ခဏပြောင်းနေလိုက်ပါဦး” ဟုပြောလာသည်။

               သူတို့အိမ်မှာနေပြီး၊ သူတို့လုပ်စာစားနေရသော ဦးလှရွှေအနေနှင့် ဘာပြောနိုင်ခွင့်ရှိပါမည်နည်း။ အသာခေါင်းငြိမ့်ကာ အိပ်ယာလိပ်ကလေးမပြီး ကိုငယ်တို့အိမ်ရောက်ခဲ့ရတော့သည်


               ကိုငယ်ရော သူ့ဇနီးကပါ လိုလိုလားလားကြိုဆိုကြသဖြင့် ဦးလှရွှေတစ်ယောက် ၀မ်းမြောက်ဝမ်းသာဖြစ်နေသည်။ ကိုငယ်တို့ မိသားစုနဲ့ဘဲ အမြဲနေတော့မည်ဟု ဆုံးဖြတ်လိုက်မိသည်။ သို့သော် ဦးလှရွှေ၏ ၀မ်းသာမှုသည် ဆယ့်ငါးရက်ခန့်သာကြာသည်။

               အကြောင်းကား - ကိုလတ်တို့မိသားစု ဘုရားဖူးရာမှ ပြန်ရောက်လာသော်လည်း ဦးလှရွှေကို လာမခေါ်တော့သောကြောင့်ပါတည်း။ အစကကိုလတ်တို့ဘုရာဖူးပြန်မလာခင် ဆယ်ရက်ခန့်သာ ဦးလှရွှေကိုကျွေးထားရမည်ဟု ထင်သောကြောင့် ကိုငယ်တို့ဇနီးမောင်နှံက ၀မ်းပမ်းတသာရှိနေကြခြင်းဖြစ်သည်


               ဘုရားဖူးပြန်ရောက်ပြီး ငါးရက်ခန့်ကြာသည်အထိ လာမခေါ်သောအခါကျမှ ဦးလှရွှေကို တဖက်လှည့်ဖြင့် မိမိတို့ဆီပို့လိုက်ခြင်းဖြစ်ြေ
ကာင်း ကိုငယ်တို့ ဇနီးမောင်နှံသာ သိပေလိမ့်မည်။

               သားဖြစ်သော ကိုငယ်က ဦးလှရွှေနှင့် ပြောဆိုသောအခါ ခါတိုင်းလို ဟက်ဟက်ပက်ပက်မရှိတော့သည်ကို သတိထားမိသွားသော ချွေးမငယ်က ဦးလှရွှေအပေါ် ဆူဆူအောင့်အောင့် လုပ်လာသည်။ အကြီးချွေးမနှင့် အလတ်ချွေးမ၏ ဒဏ်ကို ခံဖူးလာပြီးဖြစ်သော ဦးလှရွှေမှာ အရေထူပြီဖြစ်၍ ခါတိုင်းလောက်မခံစားရတော့။

               င့ါကိုနှင်ထုတ်တဲ့အထိတော့ မဆိုးကြဘူးဟု နှလုံးသွင်းကာ မသိမသာပင်ဆက်နေလိုက်သည်။ ဦးလှရွှေ ကိုငယ်တို့အိမ်သို့ ရောက်ပြီးသုံးလကျော်ခန့်ရှိသော အချိန်မှာပင် နှင်ထုတ်သည်ထက် ပိုမိုထိရောက်သော စကားတစ်ခွန်းကို ဦးလှရွှေ ကြားဘူးသွားခဲ့သည်။

ထိုညက ခေါင်းကိုက်နေသဖြင့် ဦးလှရွှေကောင်းကောင်းအိပ်မပျော်
။ ခဏအိပ်ပျော်လိုက် ပြန်နိုးလိုက်ဖြင့် ကြက်အိပ်ကြက်နိုး ဖြစ်နေသည်။ ဆယ့်နှစ်နာရီခွဲခန့်တွင် အပေါ့သွားရန် ရေအိမ်သို့အသွား ကိုငယ်တို့ အခန်းမှ ငြင်းခုန်ပြောဆိုသောစကားသံများကို ကြားရသဖြင့် ခဏရပ်၍ နားစွင့်မိသည်။

               “မြင့်ကစေတနာ မရှိလို့ပြောမဟုတ်ဘူး၊ မတရားဘူးထင်လို့ပြောတာ၊ ကိုငယ်တို့ ညီအကိုသုံးယောက်ကို အမွေခွဲပေးစဉ်တုန်းက ကိုငယ်ကို သားအငယ်ဆုံးလေးပဲပြီး၊ တစ်ပြားတစ်ချပ်မှ ပိုပေးတာမဟုတ်ဘူး။ တန်းတူပဲပေးတာ၊ စားစရာရှိတော့ ကိုငယ်ဆီမှာဘဲ အမြဲတမ်း လာစားနေမယ်ဆိုရင် ဘယ်တရားပါ့မလဲ”

               ဦးလှရွှေဆက်လက်နားထောင်နိုင်စွ
မ်းမရှိတော့၊ ရေအိမ်ဆီသို့ ခပ်သွက်သွက်ပင်   လျှောက်လှမ်းသွား လိုက်မိသည်။

               ရပ်ကွက်အတွင်း ဦးသိန်းတို့ အိမ်မှအရုဏ်ဆွမ်းကပ်တစ်ခု ဖိတ်ထားသည် ကိုငယ်က ကွမ်းယာဆိုင်ဈေးထွက်နောက်ကျမှာ
စိုး၍ ဦးလှရွှေကိုတာဝန်လွှဲပေးလိုက်သည်။ မိုးလင်းမှ အေးဆေးဆေးထွက်လာခြင်း ဖြစ်၍ တရားနာမမီတော့ စားသောက်နေကြသော  ဧည့်သည်များ ကိုသာတွေ့ရသည်။

               ဦးလှရွှေကိုတွေ့သည်နှင့် ဦးသိန်းက၀မ်းသာအားရ ဆီးကြိုကာ စားပွဲဝိုင်းတစ်ခုတွင် နေရာချပေးသည်။ မုန့်ဟင်းခါးဖြင့် ဧည့်ခံနေသည်ကိုတွေ့ရသည်။

               စားပွဲ၌ ရပ်ကွက်တွင်းမှ ဦးထွန်းရီ၊ ဒေါ်သိန်းရင်နှင့် ဦးမောင်ကိုတို့ကိုတွေ့ရသည်။ စားရင်းသောက်ရင်းထွေရာလေးပါး ပြောကြရင်းက သက်ကြီးများပီပီ သားသမီးများအကြောင်းကို ရောက်သွားရာ ဒေါ်သိန်းရင်က -

               “ ကျွန်မသားမောင်စိုးတင့်ကတော့ တကယ့်ကိုအားကိုးရတယ် မွေးရကျိုးနပ်တဲ့သားပေါ့” ဟု ပြောလိုက်ရာ ဦးမောင်ကိုက -

               “ ဘယ်လိုကြောင့်လဲဗျ၊ ဆိုစမ်းပါဦး” ဟုမေးသဖြင့် ဒေါ်သိန်းရင်က ဆက်ပြောသည်မှာ -

               “ ကြည့်လေအသက်သုံးဆယ်အရွယ်ထိလည်း မိဘကိုလုပ်ကျွေးတယ်။ တစ်ခါအိမ်ထောင်ကျသွားပြန်တော့
လည်း ကျွန်မကိုလိုလေသေး မရှိအောင် လစဉ်ထောက်ပံ့နေတာပဲ သူ့မယားကိုလည်း တခါတည်း ပြောထားသတဲ့၊ င့ါအမေကို ထောက်ပံ့လို့ မကျေနပ်ဘူးဆိုရင် ချက်ချင်း ကွာပေးမယ်တဲ့ မင်းလဲ မင်းမိဘကို ထောက်ပံ့ပေါ့တဲ့။ ငါ့အတွက် မယားအစားရနိုင်ပေမဲ့ အမေအစားမရနိုင်ဘူးတဲ့”

               ထိုစကားကို ဦးထွန်းရီကလည်း ထောက်ခံသည်။

               “ဟုတ်တာပေါ့ဗျာ၊ မိဘဆိုတာ ဘယ်မှာအစားရနိုင်ပါ့မလဲ၊ ဂျပန်ရောက်နေတဲ့ ကျွန်တော့်သားအငယ်ကောင် အေးမင်းလည်း အိမ်ထောက်ကျလို့ အိမ်သာခွဲသွားတာ၊ ရသမျှလခထဲက တစ်ဝက်ကို ကျွန်တော်ကို လစဉ်ပို့ပေးနေတာပဲ” ဟုတ်တာပေါ့ သူတို့တွေ့က  သားသမီးတွေကို အမွေခွဲမပေးရသေးဘူးမဟုတ်လား။

               ကြားရသောစကားများက သူတို့အတွက် ၀မ်းသာရသော်လည်း ဦးလှရွှေအတွက်ကား ၀မ်းနည်းအားငယ်စိတ်များကို လှိုက်ကနဲတက်လာစေသည်။ သူတို့စကားနားထောင်ရင်းဖြင့် မုန့်ဟင်းခါးပန်းကန်ကို မွှေသာမွှေနေသည်။ တစ်ဇွန်းမှ မသောက်ဖြစ်သေး။ ကြည့်နေရင်းဖြင့် မုန့်ဖက်များက ၀ါးတားတားဖြစ်လာသည်။

               “ ဟင် - င့ါမျက်လုံးထဲမှာ မျက်ရည်တွေပြည့်နေပါရောလား၊ အပြင်ဘက်စီးကျတော့မယ် တားလို့ရမှာမဟုတ်တော့ဘူး” ဟူသောအတွေးနှင့်အတူ ဦးလှရွှေတစ်ယောက် ဥာဏ်ကူလိုက်ရသည်။

               “ ဟာ- မုန့်ဟင်ခါးက ငရုတ်သီးစပ်လိုက်တာဗျာ”  ဟုပြောလိုက်ပြီး လက်ကိုင်ပုဝါထုတ်ကာ မျက်ရည်တွေကို သုတ်ပစ်လိုက်ရသည်။ ငိုချင်ရက်လက်တို့ ဟူသော စကားအတိုင်း ဘာမှမသိရှာသော ဦးထွန်းရီက ဦးလှရွှေကို စကားဝိုင်းထဲ ထည့်သွင်းပြီး အလှည့်ပေးလာပြန်သည်။

               “ ဦးလှရွှေကြီးက ပိုအားကိုးရမှာဗျ။ သူကသားသုံးယောက်တောင် ကျွန်တော်တို့လို တစ်ယောက်တည်းမဟုတ်ဘူး၊ ဟုတ်တယ်မဟုတ်လား ဦးလှရွှေ”

               သည်လိုဆိုပြန်တော့လည်း သူ့သားတွေကို ဦးလှရွှေက ဂုဏ်မပျက်စေချင်၊ ဂုဏ်တက်စေချင်သည်။ ထိုကြောင့်-

               “ဟာ - အားကိုးရတာပေါ့ဗျာ။ ညီအစ်ကိုသုံးယောက် သူ ကျွေးထားမယ်၊ ငါကျွေးထားမယ်နဲ့ ငြင်းခုန်နေကြလို့ အခုတလှည့်စီ  လိုက်နေပေးရတယ်လေ။”

               နောက်တစ်နေ့တွင် ဦးသိန်းတို့အိမ် ဆွမ်းကျွေးမှာ ဦးလှရွှေပြောခဲ့သော စကားအတိုင်းဖြစ်လာသည်။ ကိုကြီးတို့လင်မယားသည် ဦးလှရွှေကို ဆိုက်ကားနှင့်အကျအနပင် လာ၍ တင်ခေါ်သွားကြသည်။ နေ့စဉ်ကျွေးမွေးလိုက်သည်မှာလည်း ဘုန်းကြီးဝိုင်းရှုံးလောက်သွား
သည်။

               ပြစုယုယလိုက်သည်မှာလည်း ရကာစ လင်မယားရှုံးလောက်သည်။ ကိုကြီးတို့အိမ်နေ၍ တစ်လအကြာမှာပင် ကိုလတ်တို့လင်မယားကလည်း ဦးလှရွှေကို မရမကလာခေါ်ပြန်သည်။ သားများကို တစ်လှည့်စီကုသိုလ်ရစေချင်သော ဦးလှရွှေကလိုက်ချင်သော်လည်း ကိုကြီးကမထည့်။

               ညီအစ်ကိုနှစ်ယောက် စကားများမည်စိုးရိမ်သဖြင့် ရပ်ကွက်မှရပ်မိရပ်ဖလူကြီးများ
ကပင် တစ်ယောက်တစ်လစီ ပြုစုကျွေးမွေးကြဟု ဖြန်ဖြေပေးလိုက်ရသည်။

               ထို့ကြောင့် ကိုကြီးမကျေနပ်သည့်ကြားထဲက ကိုလတ်က ဦးလှရွှေကိုခေါ်ယူကျွေးမွေးခွင့်
ရသွားသည်။ မိဘကို အလုအယက်ပြုစုလုပ်ကျွေးချင်လှသော သူတို့ညီအစ်ကိုများ၏ သတင်းက ရပ်ကွက်ထဲတွင်ကျော်ကြားသွားသည်။

               တဖန်ကိုလတ်အိမ်နေ၍ တစ်လအကြာမှာပင် ကိုငယ်တို့လင်မယားက မဖြစ်မနေ ဦးလှရွှေကို လာခေါ်ကြပြန်သည်။ ကိုလတ်က လုံးလုံးပြန်မထည့်။ ကိုငယ်က သားတစ်ယောက်ဖြစ်သော သူ့ကိုလည်းပြုစုခွင့် တစ်လှည့်ပေးသင့်ကြောင်းတောင်းခံ
သည်။ ကိုလတ်ကခွင့်မပြု။

               ထိုအခါ ကိုငယ်က ရပ်ကွက်လူကြီးများထံ တိုင်စာတင်လိုက်သည်။ ရယူလိုမှုကြောင့်တင်ကြသော တိုင်စာများကြားတွင် ပေးဆပ်ကျွေးမွေးလိုမှုကြောင့် တိုင်ကြားသော ကိုငယ်၏စာက ရပ်ကွက်ထဲတွင်သာမက မြို့နယ်တစ်ခုလုံးသို့ပင် ထင်ရှားကျော်ကြားသွားခဲ့သည်။

               ကိုငယ်၏တိုင်စာမူ စာပိုဒ်တစ်ခုမှာ- ဆရာတော်တစ်ပါး ရေးပေးဟန်တူသည်။ အတွေးအခေါ် အနှစ်သာရနှင့် အလွန်ပြည့်ဝနေသည်။

               ထို့ကြောင့် ယင်းစာပိုဒ်ကလေးကို မိဘဖြစ်သူ အတော်များများ ကူးယူ၍ သားသမီးများကို သြ၀ါဒပေးကြကြောင်းသိရသည်။ ထိုစာပိုဒ်လေးမှာ-

               ၁။ မိဘများအသက်ထင်ရှားရှိနေသေးခြင်
း။

               ၂။ မိမိကိုမှီခိုနေချိန်လည်းဖြစ်ြ
ခင်း။

               ၃။ မိမိကမိဘကိုကျွေးမွေးပြုစုလိုေ
သာ သဒ္ဒါတရားရှိခြင်း။

               ၄။ ပြုစုကျွေးမွေးနိုင်သောပစ္စည်း
ဥစ္စာရှိခြင်း။

               ဤအချက်လေးချက်နှင့် ပြည့်စုံမှသာ သားသမီးက မိဘကိုပြုစု လုပ်ကျွေးခွင့်ရပါသည်။ ကျွန်တော့မှာ နှစ် အချက်မှလွဲ၍ ကျန်အချက်များပြည့်စုံနေပါသည်။ သို့အတွက် ဖခင်မသေမီ ပြုစုလုပ်ကျွေးခွင့်ရရန် ဖခင်ကို ကျတော်၏ နေအိမ်သို့ခေါ်ခွင့်ပြုရန် လျှောက်ထားအပ်ပါသည်တဲ့။

               ထို့ကြောင့် ရပ်ကွက်လူကြီးများက ညီအစ်ကိုသုံးယောက်လုံး တစ်လစီပြုလုပ်စုလုပ်ကျွေးကြရန် ဖြန်ဖြေပေးလိုက်သဖြင့် ဦးလှရွှေ တစ်ယောက် ကိုငယ်တို့အိမ်သို့ရောက်သွာြး
ပန်လေသည်။ မိဘကို အလုအယက် လုပ်ကျွေးချင်ကြသော သူတို့ညီအစ်ကိုသုံးယောက်၏ ဂုဏ်သတင်းမှာကား သမိုင်းဝင်ဖြစ်သွားသည်။

               အရင်က သူ့အပေါ် စေတနာမေတ္တာမထားကြသော သားများယခုအခါကျမှ ဘာကြောင့် စေတနာမေတ္တာထားလာကြသည်ကို ဦးလှရွှေတစ်ယောက်မှတစ်ပါး မည်သူမှမသိ။ ပထမဆုံးကိုကြီးနှင့် နှစ်ယောက်ချင်းတွေ့ဆုံပြီး-

               “ ကိုကြီး သားသုံးယောက်ထဲမှာ ကိုကြီးအပေါ်အဖေပိုပြီးတော့ ချစ်တယ် အဖေ့ကိုပြုစုယုယတဲ့နေရာမှလည်း ကိုကြီးကအသာဆုံးမဟုတ်လား။ ဒါကြောင့် အဖေကွယ်လွန်ခဲ့ရင် အဖေအုံးအိပ်တဲ့ ဒီခေါင်းအုံးကလေးကို အရယူပါ “ အတွင်းစကားကို တစ်ခါသာပြောလိုက်ရသည်။ ကိုကြီးသည် ကိုငယ့်အိမ်မှချက်ချင်းပြန်ခေါ်
သည်မဟုတ်ပါလား။

               ထိုအချိန်ကတည်းက သွေးတိုးရောဂါနှင့် နှလုံးရောဂါပါ ဒုက္ခပေးနေပြီဖြစ်၍ ကိုယ့်ကိုယ်ကို သိပ်မကြာတော့ဆိုသည်ကို ဦးလှရွှေသိထားသည်။ ထိုကြောင့်ကိုကြီးဆီတစ်လခန့်ရှိ
သည်နှင့် ကိုလတ်ကို နှစ်ယောက်တည်း တီးတိုးပြောခဲ့ပြန်ရာ ယခုကိုငယ်တို့အိမ်ရောက်နေပြန်သည်။ “ ဆင်ဖြူတော်မှီ၍ ကြံစုပ်သည်” ဟူသော စကားပုံကို ဦးလှရွှေအတွက်ဆိုလျှင် တစ်မျိုးပြောင်းရမည်။ မည်သို့ပြောင်းရမည်နည်း။ ခေါင်းအုံးမှီ၍ ထမင်းစားသည်ဟူ၍။

               သူတို့ညီအစ်ကို၏ မျက်စေ့သုံးစုံက အမှတ်တမဲ့ကြည့်လျှင် အသက်ထွက်ခါနီးရောဂါဝေဒနာခံစားေ
ရသော ဦးလှရွှေမျက်နှာကို ကြည့်နေသည်ဟု ထင်ရသော်လည်း တကယ်ကျတော့ ဤသို့မဟုတ် ဦးလှရွှေအုံးထားသော ခေါင်းအုံးကိုသာ စိုက်ကြည့်နေကြခြင်းဖြစ်သည်။

               သလိပ်များတဝေါဝေါနှင့်သုံးချက်
ခန့်တက်ပြီး နောက်တစ်ချက်တွန့်ခနဲဖြစ်သွားကာ ဦးလှရွှေငြိမ်သက်သွားလေပြီ။ ဦးလှရွှေတွင် လအတော်ကြာကတည်းဖြစ်နေသာ နှလုံးရောဂါနှင့် သွေးတိုးရောဂါကို ဂရုမစိုက်ခဲ့ကြသော ညီအစ်ကို သုံးယောက်သည် ဦးလှရွှေတွင်ရှိနေသော တစ်ခုတည်းသော ခေါင်းအုံးကလေးကိုတော့ စောင့်ကြည့်နေကြသည်ဖြစ်ရာ ကိုကြီးကဘေးတွင်အသင့်ထားသော ခေါင်းအုံးအသစ် ကလေးနှင့်   ဦးလှရွှေခေါင်းအုံးလောက်မှ ခေါင်းအုံးကို လဲယူလိုက်ရာ ကိုလတ်က-

               “ ကိုကြီး အဲသလိုမလုပ်ပါနဲ့။ ဒီခေါင်းအုံးကို အဖေသေရင်ယူဖို့ ကျတော့်ကို သေချာမှခဲ့တယ်” ဟုပြောရာ ကိုကြီးက-

               “ ဟ…ငါ့ကိုလည်း သေချာမှာထားလို့ယူတာပေါ့” ဟုပြန်ပြောလိုက်စဉ် ကိုငယ်က-

               “ကျတော်ကိုလည်းမှာလိုက်တယ်။ ကျတော်နဲ့လည်း ဆိုင်တယ်” ဟုအငြင်းအခုန်ဖြစ်နေကြသဖြင့် ရပ်ကွက်လူကြီးများကို ခေါ်ပြီး ရှင်းကြရသည်။ လူကြီးများ အသက်ရှိစဉ်က အညီအမျှ ကျွေးမွေးပြုစုခဲ့ကြသလို၊ ရစရာရှိလျှင်လည်း အညီအမျှဝေယူကြပါဟု ပြန်ဖြေပြီး ခေါင်းအုံးကို ဓားဖြင့်ခွဲလိုက်ရာ ဦးလှရွှေအခန်းထဲတွင် လဲမှို့များဖွာလန်ကြဲသွား သည်။

               လူကြီးများကိုယ်တိုင် ခေါင်းအုံးအတွင်းနှံ့စပ်အောင်ရှ
ာဖွေပါသော်လည်း စိန်-ရွှေ-ငွေ- ရတနာဘာတခုမှမတွေ့။ အတန်ကြာမှ စာရွက်လေးတစ်ရွက်ကို တွေ့ကြရသည်။

               အားတက်သွားကြပြီး စာရွက်ကို အမြန်ဖြန့်လိုက်ကြသည်။ မြှုပ်ထားသော ရတနာများရှိရာ ညွှန်ပြသည့် မြေပုံစာရွက်ဟူသော အထင်ဖြင့် ရပ်ကွက်လူကြီးက အသံကျယ်ကျယ်ဖြင့် ဖတ်လိုက်သည်မှာ-

               “  သားတို့- အဖေ့လို မခံစားကြရအောင် ကိုယ့်သားသမီးကို မသေခင် အဝေးကြီးကတည်းက အမွေမခွဲကြပါနဲ့” ဟူ၍ဖြစ်သည်။

               စာပိုဒ်တိုလေးအဆုံးတွင် ရပ်ကွက်လူကြီးများမှာ ဘာမှနားမလည်နိုင်ကြသဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ေ
နသည်။ အကြောင်းသိဖြစ်သော ကိုကြီးတို့ ညီအစ်ကိုသုံးယောက်မှာကား ရင်ထဲတွင် လှိုက်ခနဲဖြစ်သွားပြီ မျက်ရည်များတတွေတွေစီးကျလာသည်။

               ရပ်ကွက်လူကြီးဦးသောင်းက-

               “ ကိုကြီးတို့ - ဒီစာပိုဒ်ကလေးဟာ ဦးလှရွှေဘ၀နဲ့ရင်းပြီးမှ ရခဲ့တဲ့အတွေးအမြင်သြ၀ါအသိပညာ အမွေတစ်ခုပဲ။ မင်းတို့ကို နောက်ဆုံးပေးခဲ့တဲ့ တန်းဖိုးဖြတ်မရတဲ့ အမွေပေါကွာ။ ဒါပေမဲ့ ဒီအဆုံးအမရဲ့ဒာဓိပ္ပါယ် အပြည့်အစုံကို ကျန်ရစ်ခဲ့တဲ့မင်းတို့ပဲသိမယ်။ ကြားကတို့ကတွေ ပါသိအောင် မင်းတို့နည်းနည်းရှင်းမပြနိုင်
ဘူးလား” ဟုမေးလိုက်ရာ-

               ညီအစ်ကို သုံးယောက်ထဲက မည်သည့်ဖြေရှင်းချက်မှ ထွက်မလာ နောင်လည်းဘယ်တော့မှ ဖြေရှင်းပြလိမ့်မည်မဟုတ်ပေး။

                                                                                                                                                               မေတ္တာရှင် (ရွှေပြည်သာ)      

မိမိ စရိုက်ခြောက်ပါးနဲ့သင့်လျော်အောင် ပွားများ၇မည့် ကမ္မဋ္ဌာန်း

စရိုက်ခြောက်ပါး

Carita is a predominant nature in one’s behavioral pattern.Character-စရိုက်ဆိုသည်
မှာ ပင်ကိုရိုးရာ သူတကာဖြစ်နေကျထက် လွန်လွန်ကဲကဲဖြစ်တတ်သည်ကို စရိုက်ဟုခေါ်ပါသည်။

စရိုက်( ၆) ပါး
၁။ရာဂစရိုက် -၀တ္ထုကာမ၊ကိလေသာကာမတို့၌ လွန်ကဲစွာ ကပ်ငြိတတ်သောအကျင့်၊
၂။ဒေါသစရိုက်-အာဃာတ၊ဣဿာ၊မစ္ဆရိယ စသည်တို့၌ လွန်ကဲသည့်အကျင့်၊
၃။မောဟစရိုက်-ထိုင်းမှိုင်းတွေေ
ဝခြင်း လွန်ကဲသည့်အကျင့်၊
၎။သဒ္ဓါစရိုက်- ယုံကြည်လွယ်လေ့ရှိသောအကျင့်၊
၅။ဝိတက်စရိုက်-စိတ်ကူးယဉ်တတ်သော
အကျင့်၊
၆။ပညာစရိုက် အရာအရာ၌ အကြောင်းအကျိုးအကောင်းအဆိုးတို့
ကိုဆင်ခြင်တတ်သောအကျင့် ဟူ၍ စရိုက်အပြား ၆-ပါးရှိပါသည်။

စရိုက် (၆) ပါးနှင့် သင့်လျော်သောကမ္မဋ္ဌာန်း
၁။The greedy nature person ရာဂစရိုက်ရှိသောသူသည် အသုဘ ၁၀-ပါး၊ ကာယဂတာသတိ ဤ ၁၁-ပါးသောကမ္မဋ္ဌာန်းတို့နှင့် သင့်လျောင်ပေသည်။ (စရိတာသု ပန ဒသ အသုဘာ,ကာယဂတာသတိသင်္ခါတာ ကောဋ္ဌာသဘာဝနာစ ရာဂစရိတဿ သပ္ပါယာ။)
၂။The angry nature person ဒေါသစရိုက်ရှိသောသူသည် မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာဟူသော အပ္ပမညာ ၄-ပါး၊ နီလ၊ပီတ၊လောဟိတ၊သြဒါတ ဟုဆိုအပ်သောဝဏ်ဏကသိုင်း ၄-ပါး၊ဤ ၈-ပါးသော ကမ္မဋ္ဌာန်းတို့နှင့်သင့်လျော်သည်။ (စတေဿာ အပ္ပမညာယော,နီလာဒီနိစ စတ္တာရိကသိဏာနိ ဒေါသစရိတဿ။)
၃၊၄။The deluded nature person and pondering nature person  မောဟနှင့် ၀ိတက်စရိုက်ရှိသောသူသည် ထွက်လေ၀င်လေကို နှာသီးဖျား၌ရှုမှတ်သော အာနာပါနဿတိကမ္မဋ္ဌာန်းနှင့် သင့်လျော်သည်။( အာနာပါနံ မောဟစရိတဿ,၀ိတက္ကစရိတဿ စ။)
၅။The faithful nature person သဒ္ဓါစရိုက်ရှိသောသူသည် ဗုဒ္ဓါနုဿတိ၊ဓမ္မာနုဿတိ၊သံဃာနုဿတိ
၊သီလာနုဿတိ၊စာဂါနုဿတိ၊ဒေ၀တာနုဿ



တိ ဤ ၆-ပါးသောကမ္မဋ္ဌာန်းတို့နှင့်သင့်ေ


လျာ်သည်။( ဗုဒ္ဓါနုဿတိ အာဒယော ဆ သဒ္ဓါစရိတဿ။)
၆။ The intelligent nature person ပညာစရိုက်ရှိသောသူသည် မရဏာနဿတိ၊ဥပသမာနုဿတိ၊(နိဗ္ဗာန်ကု
ိ အာရုံပြုခြင်း) စတုဓာတု၀၀တ္ထာန် (ဓာတ်ကြီးလေးပါးရူမှတ်ခြင်း)၊ အာဟာရပဋိကူလသညာ ဤ ၄-ပါးသော ကမ္မဋ္ဌာန်းတိှု့နှင့်သင့်လျော်သည်



။ (မရဏ,ဥပသမ,သညာ,၀၀တ္ထာနာနိ ဗုဒ္ဓိစရိတဿ။)
ထိုသို့ဆိုခဲ့ပြီးသော ၃၀-သော ကမ္မဋ္ဌာန်းတို့မှ ကြွင်းကုန်သောပထ၀ီ၊အာပေါ၊တေဇော၊
ဝါယော၊အာကာသ၊အာလောက ဟုဆိုအပ်သော ကသိုဏ်း ၆-ပါး၊အာရုပ္ပ ၄-ပါး၊ဤ ၁၀-ပါးသောကမ္မဋ္ဌာန်းတို့သည် အလုံးစုံသောစရိုက် ၆-ပါးလုံးနှင့်သင့်လျော်သည်။ (သေသာနာနိ ပန သဗ္ဗာနိပိ ကမ္မဋ္ဌာနာနိ သဗ္ဗေသမ္ပိ သပ္ပါယာနိ။)
ကသိုဏ်းတို့တွင် အလုံးစုံငယ်သော ကသိုဏ်းဝန်းသည် ၀ိတက်စရိုက်ရှိသူအားသင့်လျော်
သည်။ကြီးသောကသိုဏ်းဝန်းသည် မောဟစရိုက်ရှိသူအားသင့်လျော်သည်



။ (တတ္ထာပိ ကသိဏေသု ပုထုလံ မောဟစရိတဿ,ခုဒ္ဒကံ ၀ိတက္ကစရိတေဿဝါတိ။)
ရာဂကိုပယ်ခြင်းငှာ အသုဘကမ္မဋ္ဌာန်းကိုပွားအပ်သည်။ ဒေါသကိုပယ်ခြင်းငှာမေတ္တာကိုပွား
အပ်သည်။ဝိတက်ကိုပယ်ခြင်းငှာ အာနာပါနဿတိကိုပွားအပ်သည်။မာနကို ပယ်ခြင်းငှာ အနိစ္စသညာကိုပွားအပ်သည်။
အထက်ပါ ဖော်ပြခဲ့သောစရိုက်သည် မိမိတို့၌ တစ်ပါးဖြစ်စေ၊ နှစ်ပါးဖြစ်စေ ရှိတတ်ကြပါတယ်။ တစ်ဦးတစ်ယောက်မှာ အဘယ်စရိုက်သလဲလို့ အကဲခတ်ကြည့်မယ်ဆိုရင်ဖြင့် အနေအထိုင်၊အပြောဆို စသည်ဖြင့်အကဲခတ်လို့ရနိုင်ပေသည်
။ ရာဂနှင့်သဒ္ဓါစရိုက်ရှိသောသူသည် ပကတိ သွားမြဲသွားသည်ရှိသော် ယဉ်ယဉ်ကျေးကျေး တင့်တင့်တယ်တယ်ရှိသည်၊ ဖြည်းဖြည်းသာခြေကို ချသည်၊ညီညီကြွသည်၊လုပ်မူကိုင်မူ



တို့၌ ယဉ်ကျေးသေသပ်သည်၊အချို့အဆိမ့်စာ


းသောက်ဖွယ်တို့နှင့်အမွှေးအကြို

င်တို့ကိုကြိုက်နှစ်သက်တတ်သည်။ ထိုနှစ်ခု၏ထူးခြားချက်ကာ- ရာဂစရိုက်ရှိသောသူသည် ကာမဂုဏ်အာရုံများကို စွဲမက်တတ်သည်၊ပရိယာယ်မာယာ အလိမ်အကောက်များသည်၊မာနကြီးသည်၊ လိုချင်လောဘများသည်။ သဒ္ဓါစရိုက်ရှိသောသူသည် စွန့်ကြဲပေးကမ်းလှူဒါန်းလေ့ရှိ
သည်၊ ဘုရားကိုပူဇော်ခြင်း၊တရားတော်ကို နာယူခြင်း၊ သံဃာတော်များကို ၀ပ်တွားဆည်းကပ်ခြင်းအလေးအမြတ်ပြုခြင်းတို့ကို ပြုလုပ်လေ့ရှိသည်။ ဒေါသနှင့် ပညာစရိုက်ရှိသောသူသည် အသွားအလာ၊အနေအထိုင်၊အပြောအဆို ကြမ်းကြမ်းတမ်းတမ်း ကတိုက်ကရိုက်ရှိသည်၊လုပ်မူ၊ကိုင်မူတို့၌ယဉ်ကျေးသေသပ်ခြင်းမရှိလှ၊အချဉ်၊အငန်၊အစပ်၊အခါး၊စူးရှသော အစာအာဟာရကို ကြိုက်နှစ်သက်တတ်သည်၊မကောင်းသော အဆင်း၊အသံစသည်နှင့် တွေ့ကြုံသောအခါ သည်းခံချုပ်တည်းခြင်းမရှိဘဲ ဆဲဆိုငေါက်ငမ်း ကြမ်းတမ်းစိတ်တိုလွယ်သည်။ သူတို့နှစ်ဦး၏ထူးခြားချက်ကာ-ဒေါသစရိုက်ရှိသောသူသည် ရန်ငြိုးဖွဲ့ မူ၊ငြူစူမူ၊သူတပါးဂုဏ်ကို ဖျက်ဆီးလိုမူ၊ဂုဏ်တုဂုဏ်ပြိုင်ပြုလိုမူ၊အဆုံးအမခက်ခဲမူတို့ဖြစ်လေ့ရှိသည်။ ပညာစရိုက်ရှိသောသူသည် စားသောက်ဖွယ်တို့၌ နှိုင်းနှိုင်းချိန်ချိန် စားသောက်လေ့ရှိသည်။ သံသရာနောင်ရေးကို သတိပညာဖြင့် ကောင်းစွာမြော်မြင်လေ့ရှိရကား ဂတိကောင်း၍ ထက်ထက်မြက်မြက်ရှိအောင် ပါရမီကုသိုလ်များကို လုံ့လသန်သန်ဖြင့် မှန်မှန်ကြိုးစားလေ့ရှိသည်။ မောဟနှင့်ဝိတက်စရိုက်ရှိသောသူသည် ယမ်းဖယ်ယမ်းဖယ်သွားလေ့ရှိသည်၊ ကြောက်ရွံ့ လျက်ခြေကို ချသည်၊ကြွသည်၊မေ့မေ့လျော့လျော့ရှိသည်၊လုပ်ငန်းကိစ္စရှုပ်ရှုပ်ထွေးထွေး ပွေပွေလိမ်လိမ်ရှိသည်၊ စားသောက်မူ၌လည်း အဘယ်အစာကိုကြိုက်နှစ်သက်တတ်သည်ဟူ၍မရှိ၊မိမိအစွမ်းဖြင့် မည်မည်ရရ ပြောလောက်ဆိုလောက်အောင် ပြီးမြောက်သည်ဟူ၍မရှိတတ်၊ အကြောင်းအကျိုး အကောင်းအဆိုးကို နှိုင်းချိန်ခွဲခြား၍ မသိတတ်၊ အရပ်အရပ်ကိစ္စမှာ သူတကာ၏နောက်လိုက်သာဖြစ်ရသည်၊ သူများချီးမွမ်းသည်ကို နောက်က လိုက်၍ချီးမွမ်းတတ်သည်၊ သူများကဲ့ရဲ့သည်ကိုလည်း နောက်ကလိုက်၍ကဲ့ရဲ့တတ်သည်၊ သတိပညာကင်းလျက်ထိုင်းမှိုင်းခြင်း၊ပျံ့လွင့်ခြင်းတို့နှင်သာ အချိန်ကိုကုန်လွန်စေသည်။ ထိုစရိုက် နှစ်ပါးသည် ထူးမခြားနားဖြစ်၍ုထိုထိုအမှုကိစ္စ၌ စကားတွေပေါလျက် ကိစ္စမချောဘဲမျော၍သာနေတတ်သည်။လူပေါ်ကျော့၊လူလေ၊လူလွင့်တို့နှင့် ပျော်မွေ့ကာ အကြံများလျက်အလကားလူပိုတွေသာဖြစ်တတ်သည်။
ရာဂစရိုက်ရှိသောသူသည် နှလုံးသွေးနီသည်။ ဒေါသစရိုက်ရှိသောသူသည် နှလုံးသွေးညိုသည်။ မောဟစရိုက်ရှိသောသူသည် အမဲသားဆေးသော ရေလောက်သာနှလုံးသွေးရောင်ဖျော့
သည်။ သဒ္ဓါစရိုက်ရှိသောသူသည် နှလုံးသွေးဝါသည်။ပညာစရုိက္ရွိေ



သာသူသည် ပတ္တမြားကြောင်မျက်ရွဲကဲ့သို့နှ


လုံးသွေးပြိုးပြိုးပြက်ရှိသည် ဖြူသည်။ဝိတက်စရိုက်ရှိသောသူသည် ပဲပြုတ်ရေ အဆင်းကဲ့သို့ နှလုံးသွေးရောင်ရှိသည်။ ထိုစရိုက်တို့ဖြစ်ရခြင်းမှာ ရှေးကံအကြောင်းမကင်းပေ၊ ရှေးဘ၀က ကုသိုလ်ကောင်းမူပြုလုပ်သောအခါ လောဘခြံရံ၍ ပြုလုပ်ခဲ့လျှင်လောဘစရိုက်ရှိ

တတ်သည်၊ ဒေါသခြံရံ၍ ပြုလုပ်ခဲ့လျှင် ဒေါသစရိုက်တတ်သည် စသည့်ဖြင့်မှတ်ပါလေ။
ကဲ စာဖတ်သူရေ တင်ပြခဲ့တဲ့အချင်းအရာတွေက မိမိနှင့်အကုန်မတိုက်ဆိုင်ရင်ေ
တာင် မိမိကိုယ်ကိုတော့ ဘာစရိုက်တွေအားကြီးနေတယ်ဆိုတာ သိကြပါလိမ့်မယ်။ မိမိကိုယ်ကို သိပြီးတာနဲ့အမျှ မိမိက ရာဂစရိုက်အားကြီးနေတယ်ဆိုလျင် ရာဂအားမကြီးအောင် မြတ်ဗုဒ္ဓချပေးခဲ့တဲ့နည်းလမ်းအတု



ိင်းလေး ကျင့်သုံးသွားဖို့ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က လူ့ဘ၀ကို ပိုင်ဆိုင်ထားတာဆိုတော့ ပြုပြင်လို့ရတဲ့ အချိန်အခါကောင်းမှာ ပြုပြင်ပြောင်းလဲပြီးနေသွားဖို့


ရယ်၊ ပြုပြင်ပြောင်းလဲပြီးနေသွားတာနဲ

့အမျှ သံသရာထဲမှာကျင်လည်ရဦးမယ်ဆိုရင် ကောင်းသောစရိုက်တွေကို ပိုင်ဆိုင်နိုင်မှာသေချာပါတယ်။ နောက်တစ်ခုက မိမိမှာ ဘာစရိုက်ရှိတယ်ဆိုတာကိုသိရင် ဘာကမ္မဋ္ဌာန်းကိုအားထုတ်ရမယ်ဆိုတာ
ကိုလဲ သိသွားပြီးလေ၊ သို့ဖြစ်၍ ကမ္မဋ္ဌာန်းအားထုတ်လိုသူတို့သည် ပြဆိုခဲ့သော ကမ္မဋ္ဌာန်း ၄၀-တို့တွင်မိမိတို့၏စရိုက်နှင့် သင့်၊မသင့် နှိုင်းချိန်၍ သင့်လျော်မည်ထင်သောကမ္မဋ္ဌာန်းတစ်ခုခုကို ပွားများအားထုတ်နိုင်ကြပါစေလို့ဆန္ဒပြုရင်.... (ယခုတင်ပြခဲ့သောဆောင်းပါးလေးကို ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ်ကိုအခြေခံပြီး ရေးသားထားခြင်းဖြစ်ပါတယ်။ )

လပြည့်ဝန်း(သာစည်)
ကျမ်းကိုး။    ။အဘိဓမ္မတ္ထသင်္ဂဟ
                ။ဗုဒ္ဓဘာသာကောင်းတစ်ယောက်

ခင်ပွန်းကြီး (၁၀)ပါး ကန်တော့နည်း

ခင်ပွန်းကြီး (၁၀)ပါး ကန်တော့နည်း 

ဘုရားတပည့်တော်သည် သံသရာဘ၀ပေါင်းများစွာ၌ သော်လည်းကောင်း၊ ယခုပစ္စုပ္ပန် ဘ၀၌သော်လည်းကောင်း၊ ယနေ့တိုင်ထိ … ”ဂုဏ်ကျေးဇူးကြီးမားကြကုန်သော -
( ၁) မြတ်စွာဘုရားရှင် အဆူဆူ တို့အပေါ်၌
(၂) ပစ္စေကဗုဒ္ဓါအရှင် ကိုယ်တော်မြတ် တို့ပေါ်၌
(၃) အဂ္ဂသာဝက၊ မဟာသာဝက ရဟန္တာအရှင်မြတ်ကြီး တို့အပေါ်၌
(၄) ရဟန္တာအရှင်မြတ်ကြီးများ အပေါ်၌
(၅) မိခင်တို့၏ အပေါ်၌
(၆) ဖခင်တို့၏ အပေါ်၌
(၇) လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သော ဆရာသမား တို့အပေါ်၌
(၈) သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် တို့ကို ဆည်းပူးဖြည့်ကျင့်လျက်ရှိကြကုန်
     သော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊အရိယာပုဂ္ဂိုလ်၊ မိမိထက်အသက်သိက္ခာကြီးမားသော   
    သူတော်ကောင်းပုဂ္ဂိုလ် တို့အပေါ်၌
(၉) တရားဓမ္မများ ဟောကြားသွန်သင် ဆုံးမလမ်းညွှန်သော ဆရာသမား တို့အပေါ်၌ 
(၁၀) မိမိအားနေရာထိုင်ခင်း၊ အလုပ်အကိုင်၊ ထမင်းတစ်လုပ်၊ ရေတစ်မှုတ်မှအစ ပေးကမ်းချီးမြှင့် ကူညီထောက်ပံဖူးသောကျေးဇူးရှင် တို့၏အပေါ်၌“ သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ ကာယကံ၊ ၀စီကံ၊ မနောကံ တို့ဖြင့် ပြစ်မှားစော်ကားခြင်းရှိခဲ့ပါလျှင်၊ ကျေးဇူးကန်းခြင်းရှိခဲ့ပါလျှင်၊ ကျေးဇူးမဲ့စွာ ကြမ်းတမ်းရိုင်းစိုင်း ယုတ်မာကြံစည် ပြောဆိုပြုမူ ဆောင်ရွက်မှုများ ရှိခဲ့ပါလျှင်၊ ထိုကျူးလွန်ခဲ့သော အပြစ်ကြီး အပြစ်ငယ်များကို ယခုအခါ ကောင်းစွာ နှလုံးသွင်းမှန်ကန်စွာဖြင့် ၀န်ခံပါ၏ ။ ၀န်ချပါ၏ ။ တောင်းပန်ပါ၏ ။ ကန်တော့ပါ၏ ။ ဘုရားတပည့်တော်အား အစဉ်သနားခြင်းကြောင့် သည်းခံတော်မူကြပါဘုရား၊ ခွင့်လွှတ်တော်မူကြပါဘုရား၊ ကျေအေးတော်မူကြပါဘုရား။                                                                            ယခုကဲ့သို့ဝန်ချတောင်းပန်ခြင်း ကောင်းမှုကံစေတနာသည် မြတ်စွာဘုရားရှင်တို့ ဟောကြားတော်မူသော သစ္စာလေးပါးမြတ်တရားကို ကောင်းစွာသိမြင်နိုင်ရာ နိဗ္ဗာန်ရောက်ကြောင်းအထောက်အပံ့ကောင်းဖြစ်ပါစေသတည်း။ မိမိအား ဆိုးကျိုးပေးဆဲ၊ ဆိုးကျိုးပေးလတ္တံ့သော ဆိုးကျိုးစွမ်းအား သတ္တိတို့ကြောင့် ယခုပင် ပျက်ပြယ်ရပ်တန့်၍ ကောင်းကျိုးချမ်းသာ အလုံးစုံ ခံစားရရှိပါစေသတည်း။ လောကီမင်္ဂလာ အဖြာဖြာတို့သည် စိတ်ကြံတိုင်း တောင့်တတိုင်း လွယ်ကူလျှင်မြန်စွာ ပြည့်စုံ၍ နှလုံးစိတ်ဝမ်း အေးချမ်းရပါစေသတည်း။ ခင်ပွန်းကြီး(၁၀)ပါး ပြစ်မှားသူတို့ကြုံရမည့်ဒဏ်(၁၀)ပါး
 
၁) ပြင်းထန်သောဦးခေါင်းနာ၊ သွေးအန်စသည့် ဝေဒနာဖြစ်ခြင်း
 ၂) ရောင်းဝယ်ရှုံး၍ လုပ်ငန်းအဆင်မပြေဖြစ်ခြင်း 
၃) လက်ခြေပြတ်ခြင်း၊ ကိုယ်အင်္ဂါကြီးငယ် ချို့ယွင်းခြင်း 
၎) ကုသ၍မရသော ကြီးလေးသည့် ရောဂါများနူနာများဖြစ်ခြင်း
 ၅) ရူးသွပ်ခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း 
၆) မင်းပြစ်မင်းဒဏ်သင့်ခြင်း 
၇) မတရားသဖြင့် စွပ်စွဲခံရခြင်း 
၈) ဆွေမျိုးကောင်းမိတ်ဆွေကောင်းမရရှိခြင်း
 ၉) စည်းစိမ်ဥစ္စာ အခြွေအရံများ ပျက်စီးခြင်း 
၁၀) နေအိမ်တိုက်တာ မီးလောင်ပျက်စီးခြင်း ပစ္စုပ္ပန်ဘ၀၌ထိုဒဏ်ဆယ်ပါးသင့်မည့်အပြင် သေလွန်သောအခါ၌လည်းအပါယ်ငရဲသို့ ရောက်နိုင်သည်။ 
 
 
buddha world မှကူယူတင်ပြပါသည် ပျော်ရွှင်ချမ်းမြေ့ ကြပါစေ

If you want to know about Buddhism you will be able to read this post

ဦးဇင်ဆန်နီနေမင်းရဲ့ ဗုဒ္ဓဘာသာအကြောင်းကို အင်္ဂလိပ်လို ဖြေပေးထားတာလေးကို ဗဟုသုတပြန်မျှလိုက်ပါတယ်
 
If you want to know about Buddhism you will be able to read this post

Questions


I would like to ask a few questions regarding with the Islam and Buddhism differences. This is my first time to ask a question. Kindly please forgive me if there are mistakes. I would like to request that please answer to me in English. It is because the person who asked me about Buddhism is Forigner and I could not translate some of the terms of Burmese Parli into English. My Islamic Friends always ask me about Buddha and I could not translate or explain to him.

Islam belive that the earth, moon, sun, day & night, animals, human and everythings are created by Allah. My Muslim Friend asked me that

1. If we (Buddhism) belive that what we do, is what we get (kan kan ei a kyo) then in this case, who create human, earth, moon and everything? How these things appear? I could not answer his question. I told him that our Buddha is not creator. I am so sad that I could not explain to him in English although I am Buddhism. I had read that in burmeseclassic.com, one of the post answers is if Allah is a creator of everyone; there has a some one who create Allah. It is because everything is happening like a circle. I explain to my friend that everything is like a circle and I asked him there should be someone who creates Allah. He said "No" and I could not explain more to him.

2. I told him killing animal is sin. He asked why I am eating meat if I said killing animal is sin? And he said animals are created by Allah for all the human to eat. Therefore, it is no sin. I told him, we did not kill the animal. However, there are people who selling the meat. Therefore, we buy and we eat. If the people are not selling meat, we are not going to eat meat at all. But he said somehow it is indirect way we are encouraging to kill the animal and we are getting sin. I am so confuse that am I getting sin because of I am eating meat? How can I explain to him?

3. What Buddhism Believe? (How can I answer this question to non Buddhist person? I told him we belive in Buddha Teaching and practices. Then he asked me what those are. It is really hard for me to explain)

4. Who is the Buddha? (I told him the Buddha is one of the human and he borned and he died. But he found the universal truth. And then my friend asked if he is human like us why u are giving worship to him? Does he have any power? Sayardaw pa yar! I do not know how to explain in English. What do I understand in English is Buddha has power and when he met with Da wa dat, he show fire, water comes out from nose and mouth at the same time. Could you please explain to me properly in terms with English? And also in order to become a Buddha, he has to pass many lifes and finally he can be the Buddha. Oh. I really could not explain although I understand in Burmese)

Sayadaw Pa yar! I am asking this question is I do not want to give wrong idea of Buddhist or Buddhism to some one who is enthusiastic to know about Buddhism. I really want to explain to him very well. Now I am trying to read "The Teachings of The Buddha" (Basic Level) by Ministry of Religious Affairs. However, many of the word written in Sanskrit and it is hard to understand. Therefore, I really appreciate if Sayardaw Pa Yar can answer my questions.

I am staying at United Arab Emirates and most of the people here is Muslim and I do not have Buddhist friends here who I can disucss or ask in English. Kindly allow me to ask more questions in future.

Please forgive me to write with "I, you, he, or she"

U Tin Par Tae Ba Yar

                              
                              

          ANSWERS

1.      No one creates human, the earth, the moon and everything because that is nature in the world. As long as the moon and sun have not arisen in the world, so long as there is nothing shining forth a great light of great radiance. There prevails gross darkness. Later when the moon and the sun rise in the world, then a great light of great radiance shine forth and gross darkness is not in the world the months, the half-moon and the seasons of years are.

For example about creation that If your parents don’t sleep together or don’t blend their blood you will not be able a human. In this way, other everything is the result of their own past and present actions. That’s why we ourselves are responsible for our own happiness and misery. We create our own Heaven. We create our own Hell. We are the architects of our own fate. All living beings have actions (Karma) as their own, their inheritance, their congenital cause, their refuge. It is Karma that differentiates beings into low and high states.

2.      When we are really necessary for survival we are allowed to eat meat but you obviously don’t say one should kill an animal. You are harmful to humans and animals yourself or someone has said to doing if you are going to feel negative fate. According to the needs of our body for health we should eat meat some time because I think that we will not be surviving for a long time with vegetable. That’s why, you haven’t been hard-working to death the animal and if you haven’t wanted to die you will probably eat meat. Some people don’t eat meat but they are not honest. That is better than dishonest one. If universal people refrain from eating meat, it will be more peaceful the universe.

3.      When we throw a stone in to the lake, the water splash away from the stone but later it comes back to the stone. When we play football on the wall, it come will back to us. In this way, if you do good or evil you will return them. That is natural law and the mainest of our religion.

4.      In general, Buddha means Awakened One, someone who has awakened from the sleep of ignorance and sees things as they really are. The Buddha was a person who has eliminated from all faults and mental obstructions. There were many people who have become Buddhas in the past, and many people wil be able to become a Buddha in the future. There is nothing that the Buddha does not know. Moreover, the Buddha has great compassion which is completely impartial.

The Buddha has attained three kinds of Power. There are-

1.      Pubbe-nivasanussati- remembrance of former existences power.

2.      Dibba-cakkhu- divine eye power.

3.      Asavakkhaya-extinction of all cankers power.

But most of the time He hasn’t used his powers to tame or control the people. The Buddha has used some time to make them devotional has faith in Dhamma. Moreover, the Buddha taught us the universal Truth and this is suffering; this is the arising of suffering; this is the ceasing of suffering; this is the approach to the ceasing of suffering. His teaching was basically simple and meaningful then to put an end to evil; to fulfil all good; to purify the mind. This is the advice of all the Buddhas. So, the Buddha is our benefactor and guide. That’s why we always have been respecting to Him. If someone has been beneficial we will have to be grateful to him. That is natural law.

I don’t have free time but if I haven’t been answering your questions you are going to experience difficult. So, I am answering as knowledge as English language. I think these answers enough for your questions.

I haven’t just been cleaver English language if weaking should abide me

I wish that all my Dhamma friends and kiths will have to be happy every time and then will be able to free from too much suffering in the world.

Ashin Komala or Sanninaymin

sanninaymin@gmail.com

Colombo, Sri Lanka.