Saturday, March 28, 2015

အနိုင်ဂိုး မောင်နီမွန်










အနိုင် ဂိုး

..............

အရံလူတွေထည့်ကစားရင်း
အဝေးကွင်း ရန်ကုန်မှာ
တဖက်အသင်းရဲ့
မျက်နှာဖုံးစွပ်ကို ချွတ်ခွာ
လူထုထဲ ဝဲပစ်လိုက်နိုင်တယ် ။

မောင်နီမွန်
၅ . ၃ .၂၀၁၅

အဖြူထည်အသံ ။ ကိုရုန်း











အဖြူထည်အသံ
____________

လူတစ်ဦးက
အဖြူထည်အရာကို
ဂူတစ်ဂူထဲမှာ
မီးခွက်ထွန်းပြီး
ရှာဖွေခဲ့တယ်။

ဂူထဲမှာ
နေရာအနှံ့ 
ရှာဖွေသော်လည်း
အဖြူထည်အရာကို
အစအန လေးတောင်
သူရှာမ တွေ့ ခဲ့။

လာလမ်းအတိုင်း
သူပြန်ထွက်ခဲ့ရတယ် တဲ့။

ကြားဖူးတဲ့ပုံပြင်
ဘဝင် မကျနိုင် ခဲ့။

တကယ်ဆို
အဖြူထည်အရာ
သူ့ နှလုံးသားမှာ
သူ့ လက်ဖဝါးထဲမှာ
သူ့ ဘဝခရီးထဲမှာ
သူ ပိုင် ဆိုင် ထားတာ
သူမေ့လျော့နေ လေရဲ့ ။ ။

ကိုရုန်း

နှင်းဆီလမ်းမ ။ ဒီသစ်


တွင်းတိမ်တိမ် ။ မောင်သော်တာ











တွင်း တိမ် တိမ်
____________________
written by မောင် သော် တာ

ဒေဝဒတ်ရဲ့အော်သံကိုကြားနိုင်လောက်ရဲ့
ဆင်းရဲတွင်းကိုနက်နက်ဆက်တူး

သားရဲတွင်းထဲမကျရုံလေး

ကိုယ့်အတွေးနဲ့ကိုယ်
စိတ်ချမ်းသာရဲ့လားပေါ်လီယာနာကိုသော်တာ
____________________
မောင် သော် တာ
မတ်လ၂၃ဝါးရုံလဲ၂၀၁၅