Thursday, July 31, 2014

ည ေ စ ာ င့် ၊ ရ န် လ င်းေ အာ င်

ညေ စာ င့်  ၊                                 ရ န် လ င်းေ အာ င်

 

ညေ စာ င့်

________________
               ရ န် လ င်းေ အာ င်

တရားကိုယ်အရဘ၀တူချင်း ၊
ပစ်ချလိုက်တော့
လိုတရရောလား ၊

မေးမယ် ။
မဖြေနဲ့ ။

ငါ့ အသံထွက်
ဘ ယ် သူ လာ မြ ည်ေ ပး မ လဲ ၊

မရူးပါဘူး
မမြင်ဖူးတဲ့မျက်နှာကိုမှ
ဖူးချင်လှချင်ရဲ့ဆို ၊

ငါလည်း . . . . . . . . .
ငါ့  လို နေ လို့ မ ရ တာ
အမြဲသတိထားနေရတယ် ၊

ဒီမိုးကုန်မှ
ဆက်ပြောလို့ဖြစ်မယ်
ထ င် တ ယ် . . . . . . ။             ။

                       ရ န် လ င်းေ အာ င်





မြစ်ကျိုးအင်းBဆိုဒ် written by မောင် သော် တာ

မြ စ် ကျိုး အ င်း B ဆိုဒ် ၊                                   မောင်သော်တာ

 

 

မြစ် ကျိုး အင်း  B  ဆိုဒ်

------------------------------------
written by မောင် သော် တာ

သဘာဝတ္တဓားကို
အသွား စမ်းလိုက်မိတယ်

ထယ်ခဲတွေကြားထဲ
ကြိုးပြတ်စ တစ်ခုလိုမြုပ်ခဲ့ပြီ

မြို့ဟောင်းကြီးတစ်ခုလိုလှိုင်းသံတိတ်ဆိတ်လို့

လူဝင်စားတစ်ယောက်လို
အတိတ်ကိုခြေရာကောက်လိုက်လို့

တစ်ပိုင်းတစ်စဖြည့်ကျင့်ပြီးသူမို့
တစ်ပါး၌အပြစ်မဆိုသာ

ကမ်းပါးတွေလည်းပြိုဖူးပြီ
သောင်ခုံပေါ်လည်းစိုက်ဖူးပျိုးဖူးပြီ
မြစ်စောင့်နတ်သမီးကပြောတယ်
ရွှေထီးဆောင်းခဲ့ဖူးတာပြန်မလွမ်းနဲ့
အတိတ်ရဲ့အရိပ်မည်းအောက်
ဘယ်တော့မှပြန်မလျှောက်နဲ့

ဘယ်လောက်ပင်တိတ်ဆိတ်
ဘယ်လိုပင်မှိန်ဖျော့နေပါစေ
မင်းဟာ--အမှောင်ညရဲ့ကြယ်စင်ပါ

ထားခဲ့လိုက်
ဒါမှမဟုတ်
ဒါကိုပဲသိမ်းပိုက်သွားကြပေါ့
မြစ်ရဲ့တစ်ခါကရာဇဝင်ကို
ဘယ်သူမှမပြင်နိုင်ဘူး

အခုတော့--တံငါလှေကလေးတွေ
အင်းထဲတရွေ့ရွေ့

ယာမီးခိုးတွေတလူလူလွင့်လို့

ခရီးမေ့ဗေဒါတွေကိုရင်အုံပေါ်ပွေ့လို့

မိခင်မြစ်ပျံသန်းရာ
ငွေ့ရည်ဖွဲ့လိုက်ပါလို့။ ။
 

                               မောင် သော် တာ

ချယ်ရီမဂ္ဂဇင်း/၂၀၀၈အောက်တိုဘာ

ကြိုး ခု န် သူ ၊ေ မာ င်ေ သာ် တာ

ကြိုး ခု န် သူ ၊ေ မာ င်ေ သာ် တာ

 ကြိုး ခုန် သူ


-----------------------------------------
                                        written by မောင် သော် တာ

ဟိုဘက်ယိမ်းလိုက်
သည်ဘက်ယိမ်းလိုက်
ပဲ့ပြားပင်တွေက'တာ လှတယ်
အလေးအနက်လက်မြှောက်ခဲ့ကြတယ်
အတိအကျ ကျမ်းသစ္စာကျိန်ဆိုကြတယ်
ရှည်လျား/ ဆက်တိုက်/ အကျယ်အပြန့်
အစီးအပွား တဖွားဖွား
ပြောကြည့်စမ်း ငွေဝယ်ကျွန်ဆိုတာ
ဘယ်ခေတ်အထိရှိနေမယ်ထင်သလဲ
ငါဟာ/ ကြိုးခုန်သူ
ခုန်/ခုန်/ခုန် အမြင့်ဆုံးရောက်အောင် ခုန်
လွှဲလာတဲ့ကြိုးကိုခုန်ပြီးဟိုဘက် ယိမ်း
လွှဲသွားတဲ့ကြိုးကိုကျော်ပြီးသည်ဘက်ယိမ်း
ဆက်သွယ်ခြင်းအချိတ်အဆက်ပြုခြင်း/
ချည်နှောင်ခြင်းခိုင်မြဲခြင်းတွေကိုပြက်ရယ်ပြုလို့
ပျံလွှားငှက်တစ်ကောင်လိုအလျင်အမြန်
လေထဲမှာထိုးစိုက်စီးနင်း
ဘဝဘောဂနဲ့ဥာဏ်ပညာဆိုတာကို
တစ်ကြိမ်တစ်လက်တည်းနဲ့ ရရိုးလား
ငါ မ သိ ခဲ့ ။             ။

  
                              မောင် သော် တာ

ငါ . . . . ။ ရ န် လ င်းေ အာ င် ။

ငါ . . . .  . . . . .                                                  ရန်လင်းအောင်


 ငါ . . . .


စိတ်ကိုပြောင်းလဲစေတတ်သော
အများဆိုင်နာမ်များ၏
တိမ်ဖမ်းသူ            ။            ။

                    ရ န် လ င်းေ အာ င်

ဖြတ် / ဆက် ၊ မောင်သော်တာ

ဖြတ် / ဆက်

--------------------------------------
                        written by မောင် သော် တာ
ပလက်ဖောင်းပေါ်မှာခိုတွေအစာကောက်သလို
အညှီနံ့ထနေတဲ့စကားလုံးတွေကိုမှ
ရွေးကောက်မိနေသလား
တစ်စုံတစ်ယောက်ကိုပစ်ပစ်နှစ်နှစ
်ပစ်ချလိုက်ဖို့
ရက်ရက်ရောရောလက်သိပ်ထိုးအဖိုးအခ
ကြေးစားရဲ့လက်ထဲမှာဝိုင်ရနံ့လို
သင်းလို့
ရန်ဘက်ကို
ဒူးထောက်ကြောက်ရွံ့သွားစေတဲ့အသံနဲ့
လေမှုတ်တူရိယာကြေးဝါများ--ဒါဟာ
ကမ်းခြေရောက်မှအစိတ်စိတ်အမွှာမွှာ
ကွဲကြေသွားတဲ့ဧရာမလှိုင်းလုံးကြီးတွေပါ
နံရံတံတိုင်းမှာအပေါက်ငယ်လေးဖောက်လိုက်တယ်
အဲသလိုမှ
ပြင်ပကမ္ဘာနဲ့အချိတ်အဆက်ရှိနေသလိုပေါ့
ကျဆုံးခြင်း/လဲပြိုခြင်း
သေချာစွာပြုလုပ်ထားတဲ့ခွဲခြမ်းစိတ်ဖြာမှု
မြင်းကို ကုန်းနှီးကျင့်သလို
နွားကို ထမ်းပိုးသင်သလို
ကွန်ပျူတာသင်တန်းအခန်းရဲ့တံခါးရွက်တစ်ချပ်လို
လာဘ်ထိုးလိုက်မှပွင့်တဲ့တောနှင်းဆီရယ်လေ
အချိန်ကာလရဲ့တိုတောင်းပုံမျိုး
စကားလုံးကိုကျစ်ကျစ်လစ်လစ်ရွေးကောက်လိုက်တယ်
ခဏသုံးလေး-- ယာယီလေး--
ပန်းစပယ် သြော်နန်းအလယ်မပေါ်ခိုက်ဟာမို့
ခံပွင့်ငယ်လေး
ခြေလျင်လမ်းသွယ်လေး
ဟော တွေ့လား/ဒါမှမဟုတ်/်ကြားလား
--------- -------- ---------
နေရောင်ခြည်တွေကန့်လန့်ကာဖွင့်
ရောင်စုံကမ္ဘာမြေကြီးကနိုးလာ
---------- --------------------------
ကိုယ့်မှာပျော်အောင်အိပ်လည်းမရ

                           
                                         မောင် သော် တာ

Wednesday, July 30, 2014

လ မ်း ဝ င်္က ပါ ။ မောင်သော်တာ

 

 

လ မ်း ဝ င်္က ပါ

------------------------------------------
written  by  မောင် သော် တာ

ဘယ်လမ်းက  လျှောက် လျှောက်
ဘယ်ကိုမှမရောက်တဲ့ ဝင်္ကပါ
ဖုန်ထူထူ ဗွက်ပေါပေါ
ခြင်တောထဲ ငါတို့မှာအိပ်မောကျ
ပြဿဿဿဿ     ဒ်က စတဲ့  မီး
အမှိုက်တစ်စ တောင် မချန်ဘဲကို
ယာယီသပိတ်စခန်းလေးလုံအောင်ခြုံစို့ရဲ့
သံဆူးကြိုး အထပ်ထပ်ချ
ငါတို့ကြောင့်    ဝိုင်းတာလား
သူတို့ဖို့           ရံတာလား
ကိုယ့်ဘဝကိုယ့်တရားနဲ့ငါတို့မှာသံဝေဂ
၁၃၀၀ပြည့်ရဲ့အသံ မီးတုတ်မီးတုတ်ရှို့ရှို့
၁၃၅၀ တို့အရေး တို့အရေး
၁၉၉၀ ဆန့်ကျင်ကြ ဆန့်ကျင်ကြ
၂၀၁၅ရဲ့အသံ
သမ္မတကြီး(----)ကျန်းမာပါစေ
                ချမ်းသာပါစေ
မြေမြှုပ်မိုင်းတွေမကင်းတဲ့မြေမှာ
မြစ်ရေတွေလည်း ခန်းတော့မယ်
မိုးပြိုပြို  တောင်ပြိုပြို
ငါတို့မှာ  ထောင်/ တန်း / ကျ
လက်နက်မဲ့သူက လက်နက်ရှိသူကို
မညှင်းဆဲလင့်
အာဏာမဲ့သူက အာဏာရှိသူကို
မနှိပ်စက်လင့်
တရားမဲ့သူကတရားရှိသူကိုမဆုံးမလင့်
သြော်---အထက်ကအောက်
အောက်ကအထက်ကသောက်ကယက်
အိုချစ်သား/အလင်းဓာတ်ကို
ဓားသံလျက်သဖွယ် ဆောင်ယူလော့
အိုလောက/  အိုမိခင် /
မသူတော်ဘေးနဲ့ ငါတို့မှာဝဋ်ကြွေးကျ . . . . .

                                 မောင် သော် တာ

Monday, July 28, 2014

ထ င် တ စ် လုံး က မ္ဘာ ၊ ရ န် လ င်းေ အာ င်

ထ င် တ စ် လုံး က မ္ဘာ                                ရ န် လ  င်းေ အာ င်

ထ င် တ စ် လုံး က မ္ဘာ
                                     ရန်လင်းအောင် 

ပြီးခဲ့တဲ့
အနာဂတ်ထဲက
ဆွဲဆောင်မှုအပြည့်နဲ့ ငါ့ ကမ္ဘာ
မှတ်ဉာဏ် နည်းလွန်းပေရဲ့။
ပုံမှန်အတိုင်း
တရားဟာ
စကားထဲ သိမ်သိမ်ငယ်ငယ်။
ငါထင်တာထက်ပိုကြပ်ညှပ်ပြီး
ငါ ထင်တာထက်
ဘောင်ဘင်ပိုခတ်တဲ့ကမ္ဘာ
ငါထင်တာထက် ပိုအစေးကပ်ပြီး
ငါထင်တာထက် ခွာပိုပြဲ တဲ့ကမ္ဘာ
ငါထင်တာထက် ရိုးအလွန်းပြီး
ငါထင်တာထက် ကလိမ်ပိုကျတဲ့ကမ္ဘာ
ငါထင်တာထက်ပိုပြီး ရေငုံနူတ်ပိတ်လို့
ငါထင်တာထက် အပေါက်အစပ်ပိုများလွန်းတဲ့ ကမ္ဘာ
ငါထင်တာထက် ပိုတုပ်နှောင်ပြီး
ငါထက်တာထက် တစိမ်းပိုဆန်တဲ့ကမ္ဘာ
ငါထင်တာထက် ဆောင်းညတွေပိုရှည်လျားပြီး
ငါထင်တာထက် နေ့တာတွေပိုတိုလွန်းတဲ့ကမ္ဘာ
ခလုတ်မထိဆူးမငြိတဲ့လမ်းဟာ
တကယ့်ရူးသွပ်သူပဲ။
ဟော့ဒီကမ္ဘာကြီး
လုံးဝန်းလှပနေတာ
မျဉ်းကွေးမျဉ်းကောက်တွေနဲ့
ရေးဆွဲထားလို့ပေါ့ကွာ။
                                             ရန်လင်းအောင်

မျ က် မှ န် ကိ စ္စ - ရ န် လ င်းေ အာ င်

 

 

မျက်မှန်ကိစ္စ

_________          ရန်လင်းအောင်

တချို့ က အဝိုင်း တချို့လေးထောင့်
တချို့ဖန်စီ တချို့ မျက်ကပ်
အလီလီအစားစား
ပုံသဏ္ဍာန်နဲ့စကားပြောနေတဲ့
မျက်မှန်တွေ
ပါဝါများများ ပါးပါး
တချို့ပုလင်းဖင်လိုအထူစား
ဒီဂရီနိမ့်မြင့်တွေနဲ့ စကာပြောနေတဲ့
မျက်မှန်တွေ . . .

မင်းနဲ့ ငါကြား မှန်တစ်ချပ်လည်းခြားနေရဲ့
ဒီဂရီပါဝါများလည်းခြားနေရဲ့
လိုတိုးပိုလျှော့မချိန်ဆမိရင်
မှုန်ရီဝိုးတဝါး
ကမ္ဘာဘယ်နှစ်ခုခြားနေဦးမလဲ
ဒီဂရီအနည်းအများ ချိန်ညှိကစားမှ
မင်းကို ငါပီပြင် ငါ မင်းကို ကြည်လင်
ဟုတ်တော့ဟုတ်သလိုပင်
မူရင်းအတိုင်းဟုတ်မဟုတ်တော့
ဘယ်ပြောနိုင်မလဲ ။

ခက်တာက
ကိုယ့်အကြိုက်ကိုယ်တပ်ရမလား
ကိုယ်လိုက်တာတပ်ရမလား
ရွေးရချယ်ရ မျက်မှန်ကိစ္စ
ခက်တာက
မျက်မှန်ပျောက်ရှာဖို့
မျက်မှန်လိုလိုနေတဲ့ ကိစ္စ
ပိုခက်တာက
ကိုယ့်မျက်လုံးကိုယ် တော်တည့်မှန်ကန်
ပြန်မြင်ရမယ့် မျက်မှန်တစ်လက်
ရှာဖို့ကိစ္စ
တွေ့ဖို့ကိစ္စ
ခက်တော့ခက်နေပါပြီ
ဒီမျက်မှန်ကိစ္စ             ။             ။

                              ရန်လင်းအောင်

Sunday, July 27, 2014

ေ အာ် သံ . . . မ င်း ညွ န့် လှို င်

ေ အာ် သံ ၊                                      မ င်း ညွ န့် လှို င်

 ''ေ အာ် သံ . . . . .''

___________________
                             မင်းညွန့်လှိုင်


တင်ထားလိုက်တဲ့မုန့်ထုပ်တွေက
တလုံးတခဲကြီး
မုန့်လုံးကြီးလိမ့်နေသလိုလို
စက်ဘီးနင်းနေသူကိုမှမမြင်ရ။
ဘတ်စ်ကားသေးသေးလေးကို
အုံခဲနေတဲ့လူတွေကတထွေးကြီး
လူအထုံးအထွေးကြီးပြေးလွှားနေသလိုလို။

ပလက်ဖောင်းတလျှောက်
အရောင်စုံအသံစုံအနံ့အသက်စုံ
ငါသူတပါး ယောက်ျားမိန်းမ မကွဲပြား
ပူလောင်ခြင်းသာ ထင်ရှားတဲ့အမှတ်အသား
အပူစီးကြောင်းကြီးရွေ့လျားနေပါလား။

အထပ်မြင့်အဆောက်အဦကြီးတွေက
ဘယ်လိုသက်ရှိမျိုးတွေသိုလှောင်ထားပါလိမ့်
ကတ္တရာလမ်းချောက်နက်နက်ထဲ
ပုရွက်တစ်ကောင်လိုငါတွေးခေါ်မိ
ဖန်ရောင်မှန်ရောင် သတ္တုရောင်တဖျတ်ဖျတ်မှာ
လူရိပ်လူယောင်မှမမြင်ရပါလား ။

သံပန်းတံခါးတထပ်
သစ်သားတံခါးရွက်တထပ်
ချောင်းကြည့်ပေါက်ပိစိလေးရဲ့တဖက်မှာ
ငါရှာဖွေနေတဲ့
မျက်ဝန်းလှလှရှိဖို့မသေချာ။

လွမ်းမောဘွယ်တက္ကသိုလ်ညများရဲ့
ပုံပြင်တွေထဲကသရဲတစ္ဆေမှာ
မျက်နှာမပါသလိုမျိုး
ဒီမြို့ကြီးမှာ
ငါသိထားတဲ့မျက်နှာတွေ
ဘယ်ရောက်နေကြပါလိမ့်။

မြို့ကြီးမျက်မည်းထဲ
လူပျောက်နေတယ်
လူပျောက်နေတယ်
လူပျောက်နေပါတယ်ဗျို့
ငါ့အော်သံလည်း
မျက်ကလဲဆန်ပျာ
မျက်စိမျက်နှာပျက်နေပါရောလား ။      ။
                               
                                                       မင်းညွန့်လှိုင်

တစ်ကိုယ်တော်ရွက်လွှင့်ရတဲ့အရသာ ။မောင်သော်တာ

တစ်ကိုယ်တော်ရွက်လွှင့်ရတဲ့အရသာ
                   မောင်သော်တာ

သိပ္ပံဝတ္ထုနယ်ထဲကိုနယ်ကျွံရေးသားထားသလား
အောင်းမေ့ရတယ်
လမ်းမပေါ်မှာ
ကားအင်္ဂျင်ကထုတ်လွှတ်တဲ့မီးခိုးတွေ
လေဆိုးထုတ်ပန်ကာတွေ
စုတ်စုတ်လန်ကိုယ်ရည်သွေးမှုတွေ
တက္ကသိုလ်အချိန်ပိုင်းကျူရှင်ကြော်ငြာတွေ
မှတ်တိုင်မှာသွေးတောင့်အောင်ရပ်နေတဲ့ခြေထောက်တွေ
ဗုံးပေါလအော---
လူ့ဘဝနဲ့ဆိုင်တဲ့
အစွန်းရောက်ဝါဒီရဲ့အစွန်းရောက်ဝါဒ
တွင်းတူးစက်ကို
မြင်ကွင်းရောင်စုံနဲ့ခင်းကျင်းပြသထားသလို
နောင်ကြဉ်အောင်သတိပေးခံနေရတယ်--ငါ့မှာ
ကိုယ်ဟာ လက်စ'တုံး ပါးကွက်သား
သေတမ်းစာအတည်ပြုပေးရသူ
ဥာဏ်အလေ့အကျင့် မှတစ်ပါး
တကယ့်ကိုခြေကုန်လက်ပန်းကျနေပါပြီ
ခွင့်လွှတ်ပေးနိုင်လောက်တဲ့ဆင်ခြေတွေလည်း
ကားလိပ်နောက်ကိုဝင်သွားနှင့်ပြီ
'တပ်ထွက်'တစ်ယောက်ရဲ့မျက်နှာအမူအယာမှာ
ဗုံးပေါက်မှုနဲ့ အာမေဍိတ်သံနဲ့
သေဝနီးပါး ပီတိအဟုန်ကျလို့
မျှော်လင့်ချက်တွေကို
အတင်းအကြပ်/ အတိအကျ/ ညှစ်ထည့်လိုက်တယ်
တစ်ချိန်ချိန်မှာ တစ်ချို့တစ်ချို့တွေ
ချဲ့ကားပြောဆိုစရာ
ချန်လှပ်ထားတဲ့အရာတွေလည်းရှိမယ်လေ။
                                                 
                                       မောင်သော်တာ

Friday, July 25, 2014

ပ န်း ရံ ဆ ရာ ။ ။ မ င်း ညွ န့် လှို င်

ပ န်း ရံ ဆ ရာ__________

                     မင်းညွန့်လှိုင်
ပထမဆုံးအုတ်တစ်လွှားကို
ငုတ်တုတ်ထိုင်ငုံ့စီရ
တစ်လွှားပြီးတစ်လွှားတက်တက်လာတော့
ငုံ့ရာကမော့ ထိုင်ရာကရပ်
ရပ်ရာကနေငြမ်းပေါ်တက်ပေါ့
တိုက်တာအသစ်စက်စက်ကြီး
ငေါက်တောက်ပန်းထွက်လာစေဖို့ ။

နေလုံးလည်းခြေကုန်လက်ပမ်းကျခဲ့ပြီ
နေ့စားခငွေစက္ကူနွမ်းနွမ်းကို
ညနေခင်းနွမ်းလျနဲ့အတူ
လွယ်အိတ်ဟောင်းထဲထိုးထည့်ခဲ့တယ်လေ
သမရိုးကျဆင်းရဲခြင်းတွေတကျွိကျွိနဲ့
တဲအိမ်ယိုင်ယိုင်လေးထဲငုံ့ဝင်ဖို့ ။              ။

                                             မင်းညွန့်လှိုင်






Thursday, July 24, 2014

ဒီ က ဗျာ ဒီ အ တို င်း ပဲ ဆ က် ေ ရ း ေ တ ာ့ မွ ာ လ ား


ဒီ က ဗျာ ဒီ အ တို င်း ပဲ ဆ က် ေ ရ း ေ တ ာ့ မွ ာ လ ား . . . ?

_______________________      ရ န် လ င်းေ အာ င်

ငြီးငွေ့ဖွယ်
ဥသြသံရှည်ကြီးထဲ
ကွမ်းယာ ရမယ်၊ ဆေးလိပ် ရမယ် ၊
ရေသန့်ဗူး၊ စနိုးတာဝါ၊ စမူဆာ . . .ရမယ်
ထမင်းဗူး ရမယ်၊ လ္ဘက်ရည် ရမယ်၊
အအေးပုလင်း  ရမယ် ၊
ရမယ် . . .ရမယ် …...ရမယ်
ခေတ်လား၊ စနစ်လား
ဘုရားသခင်လား ၊ကံတရားလား
ရမယ်ရှာ ပြီးပြောလိုတာပြောရရင်
ဥသြဆွဲသံ ဒီထက်မကပိုရှည်သွားနိုင်တယ် ။
ဥမမယ်စာမမြောက်
ဈေးတောင်းခါးစောင်းတင်
အက်ကြောင်းသံစုံမြည်
ဝမ်းရေးယန္တယားခွေးသွားစိပ်လေးတွေ . . . .
မျည်ရည်နံ့ မတရား မွှန်တယ်
ချွေးစော် အရမ်းနံတယ်
သွေးထွက်သံယိုလည်း ရှိကောင်းရှိနိုင်တယ်
ဒီပန်းချီကား ခင်ဗျားလည်း
အလွယ်တကူခံစားနိုင်ရဲ့  မဟုတ်လား ။

ရထားထွက်သွားလည်း
အရွယ်နဲ့မလိုက်အောင် မနားရ
ရထားရပ်ထားလည်း
အရွယ်နဲ့မတန်အောင် မအားရ
ရထားက အချိန်နဲ့ရပ် အချိန်နဲ့သွား
ဒီသံသရာဟောင်းကတော့ ဘူတာမတွေ့နိုင်သေး
လက်ထဲက
အအေးပုလင်း၊ မပူခင်
အသော့နှင်မော့ချလိုက်ရတယ်၊
မူရင်းသံစဉ်မမီနိုင်ပေမယ့်
စာနာခြင်းတရား
ဘ၀တခြမ်းစာမက ဖဲ့စားသွား
ရထားထွက်သွားပေမယ့်
ကဗျာဟာ တရစပ်ရွာကောင်းနေတုန်းပဲ . . . ။

                                    ရန်လင်းအောင်

Wednesday, July 23, 2014

မြင် ချင် တယ် # မ င်း ညွ န့် လှို င် #

မြ င် ချ င် တ ယ်

                     မ င်း ညွ န့် လှို င်
_________________________

အောင်စာရင်းမှာ
ကိုယ့်နာမည်ကိုမြင်ချင်တယ် ။

အဆောင်ပြတင်းမှာ
 ငွေလမင်းကိုမြင်ချင်တယ် ။

ကြော့ဆုံးရဲ့ကေသာမှာ
 နှင်းဆီပွင့်ကိုမြင်ချင်တယ် ။

ထီပေါက်စဉ်မှာ
ကိုယ့်ထီနံပါတ်မြင်ချင်တယ် ။

ယုဇနပင်မှာ
ဖဲကြိုးဝါကိုမြင်ချင်တယ် ။

မဂ္ဂဇင်းမာတိကာမှာ
ကိုယ့်ကဗျာကိုမြင်ချင်တယ် ။

ရွှေအိုးထမ်းတာမြင်ချင်တယ်
ဆင်စီးမြင်းရံတာမြင်ချင်တယ် ။

မှိုင်းမလွန်ခင်
ငြိမ်းချမ်းရေးရတာမြင်ချင်တယ် ။

နာရေးကြော်ငြာမှာ
မုန်းသူနာမည်မြင်ချင်တယ် ။

ငွေစက္ကူအသစ်မှာ
ဗိုလ်ချုပ်ရုပ်ပုံမြင်ချင်တယ် ။

ပြည်သူရွေးတဲ့သမ္မတသစ်ရဲ့
ကျမ်းသစ္စာကျိန်ဆိုပွဲမှာ
ကဗျာရွတ်တာမြင်ချင်တယ် ။

ကျောင်းနံရံတဝိုက်မှာ
ေ  ဒေါင်းအလံစိုက်တာမြင်ချင်တယ် ။

ကောင်းကင်ပြာပြာမှာ
ချိုးငှက်ပျံတာမြင်ချင်တယ် ။

အပြုံးနောက်မှာ
 နှလုံးသားကိုမြင်ချင်တယ် ။

စကားရဲ့နောက်မှာ
တရားကိုသာမြင်ချင်တယ် ။

မြင်ချင်တာတွေ
သိပ်များနေတယ်လား

ဘာကိုမှ
မမြင်ချင်တဲ့တစ်နေ့
မျက်စိပိတ်ပြီပေါ့ ။         ။

                        မ င်း ညွ န့် လှို င်

Tuesday, July 22, 2014

တူ နို င် မ ထ င် ကြ နဲ့ : မ င်းညွ န့် လှို င်

တူနိုင်မယ် မထင်ကြနဲ့
                                          မင်းညွှန့်လှိုင်

ဟိုဘက်ပြည်က အမတ်လောင်း
အကြံဉာဏ် ကောင်းလိုက်ပုံက
သူ့မဲဆန္ဒနယ်က လူထုအတွက်
ဘယ်ဘက်ဖိနပ် တစ်ဘက်စီ
ကြိုတင်ဝေငှထားသတဲ့လေ
ညာတစ်ဘက်ကတော့
သူနိုင်မှ ရမယ်ပေါ့။

အကြမ်းမဖက်ခြင်းရဲ့သင်္ကေတ
သူတော်စင်ဂန္ဒီကြီးလေ
(တတိယတန်းက...)
ရထားစီး ခရီးသွားရင်း
သူ့ဖိနပ်တစ်ဘက်ထွက်ကျတော့
ကျန်တစ်ဘက်ပါ ချွတ်ချလိုက်သတဲ့
ကောက်ရတဲ့သူ
တစ်ရံစလုံး သုံးနိုင်အောင်ပေါ့။

ဖိနပ်တစ်ရံနဲ့ လူနှစ်ယောက်ဟာ
ကွာကို ကွာပါတယ်
သမိုင်းတန်ဖိုးလည်း ကွာပါတယ် ။      

                                  မ င်း ညွ န့် လှို င်

အသစ်စက်စက် အသစ်ဆက်ဆက် အသစ်စက်လက် . . . . # ရန်လင်းအောင်

အ သ စ် စ က် စ က် အ သ စ် ဆ က် ဆ က်
အ သ စ် စ က် လ က် . . . . . . . . . . .

အသစ်ဘုရားသခင်အသစ်ဒုက္ခသည်စခန်းအသစ်
အသစ်ရောဂဘယအသစ် ကုထုံးအသစ်
အသစ်လမ်းမတော်အသစ်ဝင်္ကပါအသစ်
အသစ်ပွင့်လင်းမြင်သာမှုအသစ်ထောင်ချောက်အသစ်
အသစ်ဖက်ရှင်အသစ်အပုပ်နံ့အသစ်
အသစ်သွေးဆာနေတဲ့ဓားအသစ်အသည်းနာသူအသစ်
အသစ်ရောင်နီအသစ်ဆည်းဆာအသစ်
အသစ်ယုံကြည်ချက်အသစ်သွေဖီမှုအသစ်
အသစ်ကိုးကွယ်မှုအသစ်စံလွဲမှုအသစ်
အသစ်ချစ်သူအသစ်မျက်ရည်အသစ်
အသစ်လွမ်းချင်းအသစ်နတ်စိမ်းအသစ်
အသစ်အစိုးရအသစ်တော်လှန်ရေးအသစ်
အသစ်နိုင်ငံတော်အသစ်အကျဉ်းထောင်အသစ်
အသစ်အင်ပါယာအသစ်သုဿန်အသစ်
အသစ်နယ်စည်းမခြားအသစ်ဗုံးခိုကျင်းအသစ်
အသစ်နောက်ဆုံးပေါ်အသစ်ပြတိုက်အသစ်
အသစ်သွေးသောက်အသစ်လောက်ကောင်အသစ်
အသစ်သူရဲကောင်းအသစ်ကြောင်တောင်ကန်းအသစ်
အသစ်အဟာရအသစ်အဆိပ်အတောက်အသစ်
အသစ်စင်္ကြာဝဠာအသစ်မဟာပေါက်ကွဲမှုအသစ်
အသစ်အသွေးသစ်အသားသစ်ဇရာအသစ်
အသစ်ဘ၀အသစ်မရဏအသစ်
အ သ စ် /အ သ စ် / အ သ စ်/ အ သ စ် /အ သ စ် /
အငွေ့တလူလူ တ လူး လူး အ သ စ် အ သ စ်အ သ စ်
အေးအေးလူလူ လိ မ့် လိ မ့် လူး လူး
အ   သ   စ်   အ   သ   စ်   အ     သ    စ်
အသစ် အသစ်စက်စက် အသစ်ဆက်ဆက်
 အ သစ် စ က် လ က် အ သ စ်   အ သ စ်   အ သ စ်. . . . . .

                                                                    ရ န် လ င်း အော င်

Saturday, July 12, 2014

သ မို င်း ကြ မ်း ရန်လင်းအောင်

သမိုင်းကြမ်း


လူတစ်စု နဲ့   ငိုကြီးချက်မ
လူတစ်စုနဲ့     လောင်မီးကျ
လူတစ်စုနဲ့     ဖွတ်ကျောပြာစု
လူတစ်စုနဲ့     ဓားပေါက်ခန်းတွေ
လူတစ်စုနဲ့     လက်လွတ်စပါယ် တို့မီးတွေ
လူတစ်စု နဲ့  ပေါက်လွှတ်ပဲစား ရှို့မီးတွေ

လူတစ်စုဟာ မျက်နှာစိမ်းတွေ
လူတစ်စုဟာ  အဝတ်စိမ်းစိမ်းတွေနဲ့
လူတစ်စုဟာ စကားစိမ်းစိမ်းတွေနဲ့
လူတစ်စု ဟာ ဘယ်တော့မှ
ကျွတ်တမ်းမဝင်ချင်တဲ့ အစိမ်းသေတွေ
လူတစ်စုဟာ အလေနတောအစိမ်းတွေနဲ့ 
လူတစ်စုဟာ ရုပ်ပြောင်းရုပ်လွှဲနဲ့
လူတစ်စုဟာ လူစုလူဝေးကို မုန်းသတဲ့
လူတစ်စုဟာ လူစုလူဝေးကို မလိုတမာရှိလားရှိရဲ့

လူတစ်စု နဲ့ အိပ်ယာပျောက်တဲ့ညတွေ
လူတစ်စု နဲ့ လေနဲ့ဝမ်းမကွဲခဲ့တဲ့နေ့ရက်တွေ
လူတစ်စု နဲ့
လတ်လျားလတ်လျား မျှော်တလင့်လင့်နာတာရှည်တွေ
လူတစ်စုနဲ့ 
ဘယ်ပြေးလို့ပြေးရမှန်းမသိတဲ့မြေတွေ
လူတစ်စုနဲ့ ဘယ်သောင်ဘယ်ကမ်းမကပ်နိုင်သေးတဲ့
မြစ်ချောင်းအင်းအိုင်တွေ
လူတစ်စုနဲ့ ဗိုက်ပူနံကား ဘုစုခရုတွေ

လူတစ်စုဟာ လက်တစ်ဆုပ်စာလေးပါ
လက်တစ်ဆုပ်စာ လူတစ်စုရဲ့
လက်ထဲ သွက်သွက်ခါနေတဲ့ လူအုပ်ကြီးရှိတယ်
ဒီလူတအုပ်တမကြီးကို
အငြိမ်ဇယားဆွဲလိုက် အလှုပ်ဇယားဆွဲလိုက်နဲ့
ချာချာလည်နေတာကိုနိုင်ငံတော်သစ်
ကြီးလို့ ဇွတ်အတင်းအလွတ်ကျက်ခိုင်းတယ်
အဲ့ဒီ နိုင်ငံတော်ယောင်ဆောင်ထားတဲ့
လူတစ်စုနဲ့ အလောင်းချင်းထပ်ခဲ့
ဥလည်းကွဲခဲ့ အသိုက်လည်းမဲ့ခဲ့
မိသားစုဘဝတွေ ဟိုတစ်စ
ဒီတစ်စ ကောက်လို့မနိုင်ခဲ့
လူတစ်စုနဲ့   လက်မဲ့အလုပ်တွေ 
လူတစ်စုနဲ့   အလုပ်မဲ့လက်တွေ
လူတစ်စုနဲ့ ရေးမကုန်နိုင်တဲ့
မဟားဒရားတွေ
လူတစ်စုနဲ့ အပြောကျယ်တဲ့ ကသီလင်တတွေ . . . . .
ဒီတော့ကာ
လူတစ်စုနဲ့ အရည်မရ အဖတ်မရ ခေတ်ကြီးထဲ
လူတစ်စုနဲ့ တောက်တိုမယ်ရပညာတတ်
ယောင်လည်လည်တွေသာ 
အဖတ်တင်ခဲ့တယ် ။                                    ။

                                        ရ န် လ င်းေ အာ င်