ဥမ္မတ္တက ၊ written by; ရန်လင်းအောင် |
ဤရွေ့ ဤမျှ ငိုခဲ့ပြီး
ဤရွေ့ ဤမျှ ရယ်ခဲ့ပြီး ၊
မိုးပြိုလုလည်း ပြောင်ပြောင်ပဲ
မြေမျိုလုလည်းပြောင်ပြောင်ပဲ
ခေါက်တုံ့ခေါက်ပြန်
လက်ခမောင်းခတ်လိုက်၊ လက်မြှောက်ပြန်လိုက် ၊
ခေါက်တုံ့ခေါက်ပြန်
လက်ချိုးရေလိုက်၊ တောက်ခေါက်လိုက် ၊
ခေါက်တုံ့ခေါက်ပြန်
အံကိုခဲလိုက်၊ အံကြိတ်လိုက် ၊
ဥတုသုံးပါး ဒေါင်ဒေါင်မြည်တဲ့
တပ်မက်မှုများ ကိုယ်ထည်အပြည့် ၊
အမှိုက်ပုံပေါ်ခွထိုင်ပြီး
သူမတူလိုတဲ့ရောဂါ
အများနည်းတူ လုံးပမ်းရမှာ
မိုးလင်းပဲပေါက်ပေါက်၊ ညလုံးပဲပေါက်ပေါက်
ကြွနေမှ၊ တက်နေမှ
လွှတ်လှ . . . . ။
ရန်လင်းအောင်