Monday, May 19, 2014

စီ မံ ခ န့် ခွဲ မှု ။ မ င်း ညွ န့် လှို င်

        စီ မံ ခ န့် ခွဲ မှု

အချိန်နဲ့တစ်ပြေးညီဆိုပြီး
မီးတောက်တွေပန်းထွက်နေတဲ့ပါးစပ်ကြီးတော့လား
ခြံပေါက်ဝမှာ
အစောင့်တစ်ကောင်လိုပစ်ချထားလိုက်မယ် ။

ဝက်မြီးလိုအငြိမ်မနေ
တွေ့ကရာထိုးထိုးနေတဲ့ဒင်းလက်ညှိုးကိုတော့
အသားစားတိရစ္ဆာန်တစ်ကောင်ဆီ
သွေးစစ်ဆေးဖို့ပေးပို့ရမှာပေါ့ ။

လျင်မြန်ဖျတ်လတ်မှုကို
အလွန်အမင်းလိုလားသူလူကြီးမင်းအား
မျောက်လှောင်အိမ်မှာနေရာချထားမယ် ။

ငါ့ပုခုံးပေါ်ကလက်မည်းကြီးကိုပုတ်ချမယ်
ငါ့ဒိန်ခဲကိုငါရွှေ့မယ် ။        ။

                                                                          မင်းညွန့်လှိုင်       


xv

တစ် ( one ) ရန်လင်းအောင်

တစ် ( one ) ရန်လင်းအောင်

တစ်

တစ်ကိုယ်တော်ဆိုတော့
အင်ပြည့်အားပြည့်ပဲ

တစ်ပွေတည်းဆို
ပေါ့ ပေါပါးပါး
လွတ်လပ်တယ်

တစ်ယောက်တည်းဆို
ဟာတာတာနဲ့
ပျင်းသလိုလို
ဝမ်းနည်းသလိုလို

တစ်ကိုယ်ရည်ဆို
လွမ်းလွမ်းဆွေးဆွေး
ကြေကွဲစရာပေါ

                            ရန်လင်းအောင်

တောင်ငူမြို့ဟောင်း ဓညဝတီမြို့ ဓာတ်ပုံ မှတ်တမ်း

စည်းခုံကြီးစေတီတော်တွင် တွေ့ရှိရသော
 ရှေးဟောင်းအုတ်ခွက်ဘုရားများ

တောင်ငူမြို့ဟောင်း ဓညဝတီ မှတ်စု

တောင်ငူမြို့ဟောင်း
ဓညဝတီရှေးဟောင်းမြို့တော်မှ
စည်းခုံကြီးစေတီ နှင့် မြမုနိန္ဒ စေတီ မရောက်မှတ်တမ်းဓာတ်ပုံများ ၁
တောင်ငူမြို့ စည်းခုံကြီးစေတီတော် ရှိ သဝန်ကြီး
သဝန်ငယ်ညီနောင်

စည်းခုံကြီး စေတီတော်မြတ်