Friday, February 19, 2016

ဇ ရာ - ဉာဏ်လင်းဦး

www.abstract.com


ဇ ရာ

~°~°~

လောင်စာမကျန်
မီး လျှံ လျှံ ညှိုး
အ နာ တိုး ပြီ  ။       ။

                ဥာဏ်လင်းဦး

ဥ သြ သံ - မောင်သော်တာ

www.abstract.com


ဥ သြ သံ

________________________

ကလေးဘဝ
လူစီးမီးရထားကြီးတွေကိုမြင်ရတိုင်း
ပစ္စည်းစစ်ကစားစရာအရုပ်တစ်ခုကောက်တွေ့သလို
ပျော်ရွှင်ခုန်ပေါက်
လက်ကလေးတွေမြှောက်ခါ မြှောက်ခါ---   ---
ရထားပေါ်ပါလာတဲ့ကလေးတွေကရော
ရိပ်ခနဲပြေးနေတဲ့လမ်းဘေးမြင်ကွင်းအနီးအဝေးတွေကို
ငေးလို့
ပျော်လို့
လက်ပြနှုတ်ဆက်လို့။
အရွယ်စုံလွန်မြောက်လာတဲ့အခါ
ကလေးဘဝနှလုံးသွေးတွေခမ်းခြောက်သွားပြီလား
ပျော်ရွှင်စရာဝတ္ထုအာရုံတွေကျပျောက်ခဲ့ပြီလား
ဒဏ်ရာရ ရထားတစ်စင်းလိုခုတ်မောင်းပြေးလွှားရင်း
နှုတ်ဖျားမှာ
မြည်တမ်းအော်ဟစ်လိုက်တိုင်း
စကားလုံးတွေဖရိုဖရဲ
ဝန်ထုပ်ဝန်ပိုးတွေတရွတ်တိုက်ကြီးပါလာတယ်။

မောင်သော်တာ

ဇန်နဝါရီ၃၁   ၂၀၁၆ တောင်ငူ

ေ မြ း ေ န ႔ - သန်းဆွေမိုး - ကလော

www.abstract.com


ေ မြ း ေ န့ 

°°°°°°°°°°

တနေ့ တနေ့ ရယ်နဲ့
တရွေ့ ရွေ့
ရွေ့၍  ရွေ့၍လာ
ရှေ့မှာ … … …
ငါတို့ ငြင်းဆန်နေတဲ့အရာ
တ ဖြ ည်း ဖြ ည်း  … …
နီးလိုသာလာခဲ့ပေါ့         ။           ။


             သန်ဆွေမိုး(ကလော)

                   ၁၄-၂-၂၀၁၆