၁
အမှတ်(၁)ဦးဝင်းဖေလမ်း
အုတ်တွင်းမြို့ ။
၂
တိုက်(၃၄)၊အခန်း(၁၁)
ဝေဠုဝန်အိမ်ယာစခန်း
စမ်းချောင်းမြို့နယ်
ရန်ကုန်မြို့ ။
၃
အမှတ်(၁၀)၊ဒေါင်းနင်းလမ်း
လန်ဒန်မြို့ ။
၎
အမှတ်(၅၄) တက္ကသိုလ်ရိပ်သာလမ်း
ရန်ကုန်မြို့။ ။
မင်းညွန့်လှိုင်
Wednesday, September 24, 2014
တူ စွ ဟု တ္တာ
မြင်ရတဲ့တံတားတွေဆောက်ခဲ့ပြီးပြီ
မမြင်ရတဲ့တံတားတွေဆက်ဆောက်ရဦးမယ်
မမြင်ရတဲ့လူတွေဆက်လျှောက်ဖို့ပေါ့။
မဟာ့မဟာလို့
မှားယွင်းစွာရှုမြင်မိကြသမျှ
အရာရာအလုံးစုံ
လုံးဝဥဿုံပျက်သုဉ်းသွားသည့်တိုင်
မပျောက်မပျက်မကျိုးမကြေ
မပြယ်မလွင့်နိုင်တဲ့အရာများစွာ
နှလုံးသားအဆင့်ဆင့်ကမ်းခဲ့ပေလို့သာ
မမြင်ရတဲ့လက်နဲ့စိုက်ပျိုးခဲ့
အဲ့ဒီသရက်ပင်က
ချိုမြရွှန်းမြစိမ်းမြချမ်းမြရသတွေ
ခူးဆွတ်ခွင့်ရခဲ့ပြီ။
သက်တံ့ထက်ပိုမိုနူးညံ့
သက်တံ့ထက်ပိုမိုလှပ
တံတားကြီးတစ်စင်းပေါ်က
စကြာဝဠာကိုငုံ့ကြည့်ရတဲ့အရသာ
ချစ်သူတို့ကိုလက်ဆောင်ဝေချင်ရဲ့။
မင်းနတ်သျှင်ရဲ့ပန်းထွတ်ချာ
ငါ့ပန်းအိုးမှာလန်းနေတုန်း။
ယမနေမင်းသားအတွက်
ကဗျာမစပ်အားပါ..တဲ့
ဆရာကြီးဦးပုညရဲ့မာန
နှင်းခွဲမီးနဲ့လက်လက်ထနေတုန်း။
အမတ်ကြီးအနန္တသူရိယ
ဆွဲခေါ်ပြတဲ့ရေပွက်လေးတွေ
ငါ့မျက်စိအောက်ခဏခဏထထပွက်နေလို့။
ကလေးတစ်ယောက်ရဲ့ဝင်္ကပါမှာ
ပုရွက်ဆိတ်တို့မျက်စိလည်နေပုံ
စာတန်းထိုးပြီးတာနဲ့
ကားလိပ်ကိုဖြည်းဖြည်းချင်းချလိုက်တော့။ ။
မင်းညွန့်လှိုင်
မမြင်ရတဲ့တံတားတွေဆက်ဆောက်ရဦးမယ်
မမြင်ရတဲ့လူတွေဆက်လျှောက်ဖို့ပေါ့။
မဟာ့မဟာလို့
မှားယွင်းစွာရှုမြင်မိကြသမျှ
အရာရာအလုံးစုံ
လုံးဝဥဿုံပျက်သုဉ်းသွားသည့်တိုင်
မပျောက်မပျက်မကျိုးမကြေ
မပြယ်မလွင့်နိုင်တဲ့အရာများစွာ
နှလုံးသားအဆင့်ဆင့်ကမ်းခဲ့ပေလို့သာ
မမြင်ရတဲ့လက်နဲ့စိုက်ပျိုးခဲ့
အဲ့ဒီသရက်ပင်က
ချိုမြရွှန်းမြစိမ်းမြချမ်းမြရသတွေ
ခူးဆွတ်ခွင့်ရခဲ့ပြီ။
သက်တံ့ထက်ပိုမိုနူးညံ့
သက်တံ့ထက်ပိုမိုလှပ
တံတားကြီးတစ်စင်းပေါ်က
စကြာဝဠာကိုငုံ့ကြည့်ရတဲ့အရသာ
ချစ်သူတို့ကိုလက်ဆောင်ဝေချင်ရဲ့။
မင်းနတ်သျှင်ရဲ့ပန်းထွတ်ချာ
ငါ့ပန်းအိုးမှာလန်းနေတုန်း။
ယမနေမင်းသားအတွက်
ကဗျာမစပ်အားပါ..တဲ့
ဆရာကြီးဦးပုညရဲ့မာန
နှင်းခွဲမီးနဲ့လက်လက်ထနေတုန်း။
အမတ်ကြီးအနန္တသူရိယ
ဆွဲခေါ်ပြတဲ့ရေပွက်လေးတွေ
ငါ့မျက်စိအောက်ခဏခဏထထပွက်နေလို့။
ကလေးတစ်ယောက်ရဲ့ဝင်္ကပါမှာ
ပုရွက်ဆိတ်တို့မျက်စိလည်နေပုံ
စာတန်းထိုးပြီးတာနဲ့
ကားလိပ်ကိုဖြည်းဖြည်းချင်းချလိုက်တော့။ ။
မင်းညွန့်လှိုင်
Tuesday, September 2, 2014
ဝမ်းနည်းကြေကွဲလွှာ
ကဗျာဆရာ မိုးသစ်ဝေ နှင့်
ဒေါက်တာလွဏ်းဆွေ တို့၏ ကျေးဇူးရှင်ဖခင်ကြီး -
မြားနတ်မောင် မဂ္ဂဇင်း အယ်ဒီတာချုပ်
ဆရာကြီး ဦးလွဏ်းမောင်(သင်္ချာလွဏ်းမောင်) အသက် (၇၃) နှစ် သည်
၂ . ၉ .၂၀၁၄ အဂါင်္နေ့ ညနေ ( ၆း၁၀ ) အချိန်တွင်
ကွယ်လွန်သွားကြောင်းသိရှိရသည့်အတွက်
လေးကျွန်းမြေ ကဗျာဆရာများက
မိသားစုများနှင့် ထပ်တူ ၀မ်းနည်းကြေကွဲရပါကြောင်း . . . .
လေးကျွန်းမြေ တောင်ငူ ။
ဒေါက်တာလွဏ်းဆွေ တို့၏ ကျေးဇူးရှင်ဖခင်ကြီး -
မြားနတ်မောင် မဂ္ဂဇင်း အယ်ဒီတာချုပ်
ဆရာကြီး ဦးလွဏ်းမောင်(သင်္ချာလွဏ်းမောင်) အသက် (၇၃) နှစ် သည်
၂ . ၉ .၂၀၁၄ အဂါင်္နေ့ ညနေ ( ၆း၁၀ ) အချိန်တွင်
ကွယ်လွန်သွားကြောင်းသိရှိရသည့်အတွက်
လေးကျွန်းမြေ ကဗျာဆရာများက
မိသားစုများနှင့် ထပ်တူ ၀မ်းနည်းကြေကွဲရပါကြောင်း . . . .
လေးကျွန်းမြေ တောင်ငူ ။
Subscribe to:
Posts (Atom)