“ကဗျ ကာရက ဇနာနံ ၊ ပါမောက္ခံ ကဗျာစရိယံ၊
ဗုဒ္ဓံ ဓမ္မဉ္စ သွာခါတ ၊ သံဃံ နတွာ ဇိနောရသံ”
ကဗျကာရကဇနာနံ၊ ကဗျာဟူသမျှ ခေတ်နှောင်း၊ခေတ်လယ်၊ ခေတ်ဆန်း၊ ခေတ်ပေါ်နှင့် ဟိုက္ကူ၊မော်ဒန်အထွေထွေ၊ဘာသာ
စကားကဗျာ ကအစ၊ ကဗျာကို ၀ါသနာပါ၍၊ လိုက်စားနေကြသော။
ဇနာနံ၊ ပုဂ္ဂိုလ်တို့အနက် ။
ပါမောက္ခံ ကဗျာစရိယံ၊ ကဗျာ အရာမှာ ဆရာ့ဆရာကြီးတို့ရဲ့ တစ်ဦးတည်းသော ပါမောက္ခ ကဗျာက၀ိ အကြီးအမှူး
ဖြစ်တော်မူသော ။
ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။
နမာမိ၊ ရှိခိုးလိုက်ပါ၏ ဘုရား။
ဗုဒ္ဓံ ဓမ္မဉ္စ သွာခါတံ၊ မြတ်စွာဘုရား ကောင်းစွာဟောကြားတော်မူသော တရားတော်မြတ်တို့ကို ။
နမာမိ၊ ရိုသေမြတ်နိုး ရှိခိုးလိုက်ပါ၏ ။
ဇိနောရသံ၊ ဘုရားရှင်၏ ရွှေရင်တော်ဖွားသားတော်စစ်များ ဖြစ်ကြသော။
သံဃံ၊ တပည့်သား သံဃာတော်များကို ။
နမာမိ၊ ရှိခိုးလိုက်ပါ၏ ဘုရား။
ကိုးကား
ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏
ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်း မှ ထုတ်နုတ် ပူဇော်ပါသည်။
No comments:
Post a Comment