ဝါးပင်
လေအဝှေ့မှာ
ရင်ချင်းအပ် ထိကပ်ပွတ်သပ်
သင်္ကြန်ယိမ်းကသလို
မြေပေါ်ငုံ့လိုက်
သက်တံ့ကွေးညွတ်ကျလိုက်
ကောင်းကင်ကိုလှမ်းဆွဲလိုက် ။
စကားတွေ ……………
တဖျစ်တောက်တောက်ပြောပြီး
ဓနိမိုးအိမ်တွေအပေါ်
ခပ်တည်တည်နဲ့ ငြိမ်နေပြန်ပါရော ။ ။
အောင်လွန်းမြိုင်
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းတွင်ဖေါ်ပြပြီး
(ခုနှစ်၊လ ၊ မမှတ်မိတော့ပါ)
No comments:
Post a Comment