ယပ်တောင်
ဖေါ်ပြပါအတိုင်း
တစ်သက်စာမက
လောင်မြိုက်ခဲ့ရသော
သက်ပြင်းချသံစုစုပေါင်း
ကျွန်တော့် အမည်ပေါက်နဲ့ ။
အိုက်စပ်စပ်ဘ၀များ
အသင်တို့ လိုအပ်သလို
ခပ်ထုတ်သုံးစွဲလိုက်သော
ကျွန်တော်ရဲ့ သယံဇာတ
ကုသိုလ်လေညှင်း
အေးမြခြင်းမှာ
တူသောအကျိုးများ
ကျွန်တော့်ထံပါးမလွဲမသွေ
ရောက်ကြပါစေသား
ရစေသား . . . . . . . . .
.။ ။
ရန်လင်းအောင်
No comments:
Post a Comment