Saturday, May 4, 2013

မင်းညွန့်လှိုင်၊ မှိုင်း




 
 
 
 
မှို င်း

by Myinthlaingwin Minnyunthlaing (Notes) on Saturday, May 4, 2013 at 5:32pm
သေသာသွားရော
မပြည့်လေတဲ့သူ့ဆန္ဒ
သူမသေခင်
ငြိမ်းချမ်းရေးမြင်သွားချင်သတဲ့ ။

ဘယ်သူတွေ ဘယ်လိုပြောပြော
သူ့သဘောထားကရှင်းတယ်
ငြိမ်းချမ်းရေးအတွက်ဆို
သူ့ကိုအသုံးချစမ်းပါတဲ့။

ဘယ်သူတွေ ဘယ်လိုဖွဲ့ ဖွဲ့
သူကတော့ တဲ့ ပဲ
သူ့ကိုယ်သူ
ငြိမ်းချမ်းရေးကောင် တဲ့ ။

ဟောဒီ
မပြာ့တပြာ ကောင်းကင်အောက်မှာ
အတိုင်းမသိ
တမ်းတမိပါဘိ ။ ။

မ င်း ညွ န့် လှို င်



No comments:

Post a Comment