မြို့ကြီးတွေရဲ့  အပြင်ဘက်
မမင်းဖြူမှန်မှန်ပြော
။
မင်းဟာငါတို့ရဲ
့ ပြောရေးဆိုခွင့်ရှိသူပါ ။
ဇကောလောက်မှ
ဇကာမစိပ်
နေစောင်းသမျှအရိပ်တို့ရှည်လျား
တရားတစ်ခုကို
တရားတစ်ခုနဲ့ချေဖျက်တာ တရားတယ်
တို့များနားထဲ
ခေတ်အစားဆုံးသီချင်းနှဲ့နှဲ့သွင်းပေးခဲ့တာဘယ်သူလဲ
ကိုယ့်လူတွေနဲ့တွေ့တုန်းမေးရဦးမယ်။
မှန်ဘီလူးသာတပ်မကြည့်ရင်
အဝေးဘယ်သူမှ မမြင်နိုင် ။
၁၉၈၈
. . . ၁၉၉၀ သေမှာမကြောက်လို့ ပေတရာလျှောက်
၂၀၀၈
… ၂၀၁၀ တစ်နွယ်ငင်တော့ တစ်စင်ပါသွား ။
ဦးလေးလည်း
ပြည်သူတစ်ယောက်ပါ ၊ မိသားစုကို ငဲ့ရဦးမယ်ဆိုတဲ့ရုပ်နဲ့
ငုတ်တုတ်မေ့နေခဲ့တဲ့
ငါတို့ ။
ငါတို့
"အ " တာ မှန်ခဲ့တဲ့ အမှန်တရား နဲ့ ငါတို့ ။
ဆွဲကြည့်သလောက်ဆန့်ထွက်လာတဲ့သံသရာထဲက
ငါတို့ ။
မရုန်းနိုင်
မထွက်နိုင်
မနက်တိုင်း ရုံးတက် ရုန်းတက်နေရတဲ့ ငါတို့ ။
လမ်းပြင်နေသည်ဆိုတဲ့
ဆိုင်းဘုတ်ကြီးတွေအောက်
နေပူခံရောက်ခဲ့တဲ့
ငါတို့ ။
တံတားဆောက်နေသည်
ဆိုတဲ့ စာလုံးမည်းကြီးတွေနဲ့
သွားဖြဲ ပြူးကြည့်ခဲ့ရတဲ့ ငါတို့
။
ခွင့်ပြုမယ်ဆိုရင်ပါတီဝင်မဟုတ်လည်း
ငါတို့နိုင်ငံ
ငါတို့ ရေးလို့မရဘူးလား ။
ငါတို့
အခွင့် ငါတို့ ရေးလို့မရဘူးလား
ငါတို့လယ်
ငါတို့ စပါး
ငါတို့ထမင်းစားရတာ
ဘယ်သူ့ကျေဇူး
ဘုရားထူးရဦးမှာလဲ
။
ဘယ်လိုအလျော်အစားဘယ်လောက်အပေးအယူနဲ့
ငါတို့ကို
ချော့မြှူခဲ့ကြသလဲ ။
ငါတို့ခြံ
ငါတို့ စည်းရိုး
ဘယ်သူတွေဖျက်ချိုးနေပြီလဲ
။
ငါတို့ရဲ
့ ညစာ အမှောင်ထဲက ဆွဲထုတ်ပါရစေတော့ ။
ငါတို့
အနား လာလာရံနေတဲ့ ငါတို့ ရန်သူတွေကို မင်းမြင်ရဲ့ လား ။
စစ်ဘေးရှောင်
ဒုက္ခသည်စခန်းတွေမှာ တစ်စီလိုက်ကောက်နေရတဲ့
ငါတို့အသက်ရှူသံတွေကို မင်းကြားရဲ့ လား
မမင်းဖြူ ။
ပြော
ပြော
မမင်းဖြူ မြန်မြန်ပြော
။
အခုမှ
အနူကြား ၀ဲစား ခေါင်းမော်
ဖီလော်ဆော်ဖီတွေ
တော်ကီတွေ လော်လီပေါ့ ပ်တွေနဲ့
လာဖဲ့နေတာငြိမ်ခံရမှာလား
။
မမင်းဖြူရေ
မှန်တာကိုမြန်မြန်ပြောပါတော့
။
မင်းဟာ
ငါတို့ရဲ့  မီဒီယာ
ခေါင်းလောင်းကြီးသလောက်
ထိုးအားကောင်းမှ အသံမြည်မယ်
ဝိုးတ၀ါးကောင်းကင်ကြီး
ရဲ့  အောက်
ငါတို့ မြို့ ကြီးတွေ
မှိန်ပျောက်ပျောက်ဖြစ်လုပြီ ။ ။
မောင်သော်တာ
No comments:
Post a Comment