|
ရ န် ကု န် နံ နက် ခ င်း၊ မ င်း ညွ န် လှို င် ။ |
ရ န် ကု န် မ နက် ခ င်း
ခိုတွေ ကျီးကန်းတွေမျက်လုံးမပွင့်ခင်
ရေညှိတက်အရေပြားကွာ
နံရံအိုနွမ်းနွမ်းကြီးတွေပေါ်က
သံချေးတက်သံပန်းစွပ်
ပြတင်းပေါက်ဟောက်ပက်တွေမှာ
အိပ်ရေးမဝတဲ့မိန်းမကိုယ်တစ်ပိုင်းတွေ
ပေါ်လာလိုက် ကွယ်သွားလိုက်နဲ့
မနက်ခင်းကို
တလှုပ်လှုပ်နှိုးနေလေရဲ့ ။
မကြာပါဘူး
နေရောင်လုတိုက်မြင့်မြင့်ကြီးတွေ
သွားတိုက်ဆေးလိုညှစ်ထုတ်လိုက်တော့
မြို့တော်သူမြို့တော်သားတွေ
လမ်းတွေထဲကိုပန်းထွက်လာပါရော
ချောက်ကမ်းပါးထဲကပုရွက်ဆိတ်တွေ။ ။
မ င်း ညွ န့် လှို င်
|
ဟာ စ ရီ ပါး လို ငါ့  အ စ် ကို ၊ေ အာ င် လွ န်း မြို င် ။ |
ဟာစရီပါး
လို ငါ့အစ်ကို
ဟာစရီပါးကလံချားဆွဲတယ်
ငါ့အစ်ကိုကဆိုက်ကားနင်းတယ်၊
ဒါပဲကွာတယ်
အသားကမည်းမည်း၊ မျက်လုံးက
ပြူးပြူးလက်ပြင်ကုန်းကုန်း
ခြေသလုံး ကျူတံရိုးနဲ့
ငါ့အစ်ကိုမှာ
အာလောကလိုဇနီးတစ်ယောက်
မာနူးနဲ့ ရှမ်ဘူးလိုသားနှစ်ယောက်လည်းရှိရဲ့
။
အသက်လေးဆယ်ကျော်မှာနား
က လည်းလေးသေး
ရှေ့သွားတွေလည်းကျိုးလို့၊
ကျန်းမာရေးက ချူချာ
သုခမြို့တော်ထဲကရပ်ကွက်နဲ့တူတဲ့
ရခိုင်စုရပ်က ပြွတ်သိပ်တဲ့
အိမ်တစ်အိမ်ဘေးအဖီဆွဲ
ဝပ်ကျင်းဖွဲ့
မနက်လင်းတာနဲ့ သူ့ဆိုက်ကားပေါ်တက်
ဂိတ်ထိုး
ရာဟောင်ဘူတာလိုဘူတာကိုလည်းနင်းပို့ရ
ဘရာဘဇေးဈေးလိုဈေးကိုရောက်ရ
ဆေးစပ်ဖိုကြီးတွေ ထမ်းတင်ပြီး
လက်ကိုင်ကိုလက်နှစ်ဖက်ထောက်
အားကုန်မတ်ရပ်နင်း
ဆေးလိပ်ခုံတွေကိုလည်းလိုက်ပို့ရရဲ့
။
အမျိုးမျိုးသောအထွေထွေ
ခရီးသည်ကို
လိုရာအရောက်ပို့ပေးရတဲ့
ဟာစရီပါးလို ငါ့အစ်ကို . . . . .။
ဟာစရီပါးရဲ့လံချားလိုပါပဲ၊
ငါ့အစ်ကိုရဲ့ ဆိုက်ကားဟာ
ဘဲလ်မှအပအကုန်မြည်ဆိုတဲ့
ဆိုက်ကားအိုလေး
သူ့မိသားစုပါးစပ်ပေါက်တွေအတွက်
ရုန်းရ
အမြဲတမ်းအဆင်ပြေတယ်ရယ်လို့
မကြားမိဘူး ။