![]() | ||
| အို . . . ၂၀၁၅ ၊ ရန်လင်းအောင် |
အို . . . ၂၀၁၅
၂၀၁၅ ကို ရောက်ပါ့ မလား
၂၀၁၅ ကော ရှိပါ့ မလား
၂၀၁၅ ကို ဇောကပ်လို့
၂၀၁၅ ကို ဆီမန်းမန်းလို့
၂၀၁၅ ကို
ခေါင်းနားပန်းကြီးလို့
ဖုတ်ပူမီးတိုက် ၂၀၁၅ လား
ဒေါင်းတင်မောင်းတင် ၂၀၁၅ လား
ကလီကမာ ၂၀၁၅ လား
ကတိမ်းကပါး ၂၀၁၅ လား
၂၀၁၅ က စောင့်ပါ့ မလား
၂၀၁၅ ကို မိပါ့ မလား
၂၀၁၅ ကို ရောက်ပါ့ မလား
၂၀၁၅ ကော ရှိပါ့ မလား
ဤစာသားများ
သွားလမ်းသာလို့
လာလမ်းဖြောင့်ကြပါစေသား
အို . . . ၂၀၁၅ ။
ရန်လင်းအောင်
28.6.2013

No comments:
Post a Comment