Monday, May 19, 2014

တစ် ( one ) ရန်လင်းအောင်

တစ် ( one ) ရန်လင်းအောင်

တစ်

တစ်ကိုယ်တော်ဆိုတော့
အင်ပြည့်အားပြည့်ပဲ

တစ်ပွေတည်းဆို
ပေါ့ ပေါပါးပါး
လွတ်လပ်တယ်

တစ်ယောက်တည်းဆို
ဟာတာတာနဲ့
ပျင်းသလိုလို
ဝမ်းနည်းသလိုလို

တစ်ကိုယ်ရည်ဆို
လွမ်းလွမ်းဆွေးဆွေး
ကြေကွဲစရာပေါ

                            ရန်လင်းအောင်

No comments:

Post a Comment