Tuesday, June 3, 2014

တောင်ငူမြို့ မြတ်စောညီနောင် နှင့် ရှင်ပင်ကျောက်ဆောက်စေတီများ သမိုင်းအကျဉ်း

တောင်ငူ             မြတ်စောညီနောင်စေတီတော်မြတ်
တောင်ငူ ရှင်ပင်ကျောက်ဆောက်စေတီ
( မယ်တော်စေတီ)
တောင်ငူ ရှင်ပင်ကျောက်ဆောက်စေတီတော်မြတ်


ရှင်ပင်ကျောက်ဆောက် နှင့် မြတ်စောညီနောင်

        မြတ်စွာဘုရားသည် လယ်ကိုင်းကျောင်းတော်ရာ၌ သီတင်းသုံးနေစဉ် တစ်နေ့တွင်  “ ဇေယျဝဍ္ဎန’’ တိုင်း၊ တောင်ငူ ဒေသ သို့ ရှင်အာနန္ဒာ၊  အရှင်ဂ၀ံပတိ၊ ရှင်သီဝလိ၊ တို့နှင့် ဒေသစာရီ ကြွချီတော်မူလာရာ တောင်ငူမြို့ အနောက်ဘက် မင်းဝံ တောင်သို့ ရောက်လာရာ ခပေါင်းချောင်းဘေး  “ ရွှေလောင်း’’ ရွာ အနီးတွင် ခေတ္တ တန့်တော်မူပြီး ရှင်အာနန္ဒာအား “ ငါ တို့ ညီ
နောင် နှစ်ပါး ကြက်မင်းညီနောင် ဖြစ်စဉ်အခါက ယခု နေရာတစ်ဝိုက်တွင် အစာရှာပြီး စစ်တောင်း( ပေါင်းလောင်း) မြစ် အရှေ့
ဘက်တွင် အိပ်တန်းဝင်ကြောင်း “ နောင် ငါပရိနိဗ္ဗာန် ပြုသောအခါ ငါ၏ ကျောကုန်းရိုးမှ ကျသော ဓာတ်တော်ဖြင့် စေတီတည် လတ္တံ့ ’’ ဟု ဗျာဒိတ်ပေး ခဲ့၏ ။ ထို့နောက် စစ်တောင်းမြစ်အတွင်း သို့ စီးဝင်သော “ ပြုံး’’ ချောင်းဘေးတွင် ရပ်တန့်တော်မူပြီး
“ ဤအရပ်သည် ငါတို့ ကြက်မင်းညီနောင်ပေါက်ဖွားပျော်စံရာ အရပ်ဖြစ်ကြောင်း၊ ငါပရိနိဗ္ဗာန် ပြုသောအခါ ငါ၏ လက်ရုံးတော်
မှကျသော ဓာတ်တော်နှင့် မေးရိုး မှကျသော ဓာတ်တော်တို့ဖြင့် စေတီတည်ထားကိုးကွယ်ကြလိမ့်မည် ။”ဟု ဗျာဒိတ်တော်ပေးပြီး
ပြန်လည်ကြွမြန်းတော်မူလေသည် ။
            ဤတွင် မြတ်စွာဘုရားသည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းသို့ ကူးကြွရိုးထုံးစံမရှိ ခဲ့ကြောင်း ဆိုကြရာ မြတ်စွာ ဘုရား တောင်ငူဒေသသို့ ကြွတော်မူလာခြင်းမှာ မြတ်စွာဘုရားသည် ရှင်အာနန္ဒာ နှင့် အတူ အတိတ်ဘ၀က ကြက်မင်းညီနောင်
ဖြစ်ခဲ့ပြီး ကျင်လည်ရာအရပ် ဖြစ်ခဲ့၍ လည်းကောင်း ယင်းဒေသကို နောင်တွင် သာသနာထွန်းကားစေလို၍ လည်းကောင်း
“ နိမိတ္တ ” တန်ခိုးပြ၍ ကြွမြန်းတော်မူလာခြင်း ဖြစ်သည်ဟုလည်း ယူရမည် ဖြစ်ပါသည် ။


မြတ်စောညီနောင်စေတီ
       ( တောင်ငူ )
            သာသနာသက္ကရာဇ် (၁၈၆) ခုနှစ် ကျော်ခန့်က “ မောင်တောင်သူ ’’ “ မယ်စန္ဒာ’’ တို့သည် စစ်တောင်းမြစ်
“ ပေါင်းလောင်း’’ မြစ် အရှေ့ကမ်း၊ “ မလီစု’’အရပ်တွင် အိမထောင်အစု ၁၂၀ ကျော်ဖြင့် ရွာတည်နေလေသည် ။“ မယ်စန္ဒာ’’
၏ မောင်တော်သူ “ ဦးကျောက်ဖား’’ မှာလည်း ခပေါင်းချောင်းဖျားဘက်သို့ ပြောင်းရွှေ့ပြီး ရွာတည်၏ ။ ယင်းရွာမှာ ”မင်းဝံ တောင်’’အခြေတွင် ရှိပြီး “ ဦးကျောက်ဖား’’ရွာဟုပင် ခေါ်တွင်၏ ။
            “ဦးကျောက်ဖား’’ အစ်မ “ မယ်စန္ဒာ’’ တွင် “ မြတ်လှ’’ နှင့် “ စောလှ’’ ဟူသော သားနှစ်ယောက်ရှိသည်။ ဖခင်ဖြစ်သူ
“မောင်တောင်သူ’’ မှာ သားနှစ်ဦး (၇) နှစ်သားအရွယ်ကပင် ကွယ်လွန်ခဲ့လေ၏ ။ သားများ အရွယ်ရောက်လာသောအခါ ရွာကြီးမှာ စည်ပင်လာခဲ့သဖြင့် မိခင်“ မယ်စန္ဒာ’’ အား “ မလီစု’’ တွင်ပင် ရွာအုပ်အဖြစ် ထားခဲ့ပြီး “ မလီစု’’ နှင့် မနီးမဝေး အရပ် ၌ နောင်တော် “ မြ’တ်လှ’’ က ရွာတစ်ရွာ၊ ညီတော် “ စောလှ’’ က ရွာတစ်ရွာ တည်ပြီး ရွာအုပ်လုပ်ကြ၏ ။ ရွာများမှာ “ မြ’တ်လှ’’ ရွာ၊ “ စောလှ’’ရွာ ဟု အမည်တွင်လေ၏ ။
            သာသနာသက္ကရာဇ် ၂၃၅ တွင် “သီရိဓမ္မာသောက’’မင်းကြီးလက်ထက်တွင် “ ရှင်မဟာမောဂ္ဂလိပုတ္တတိဿ’’ မထေရ် ကြီးမှူး၍ ပါဋလိပုတ်ပြည် အာသောကာရုံကျောင်းတိုက်တွင် တတိယအကြိမ် သင်္ဂါယနာတင်လေသည် ။ သင်္ဂါယနာ တင်ပြီး
နောက် ဓာတ်တော်များကို ဝေငှရာတွင် ရွာအုပ် ဦးကျောက်ဖား၊ ရွာအုပ် မြတ်လှ၊ ရွာအုပ် စောလှ တို့သည် ဓာတ်တော်များ ရရှိ
လာကြပါသည် ။                                                                                                                       
            ရွာအုပ်မြတ်လှ သည် မိမိရရှိ လာသော မြတ်စွာဘုရား လက်ရုံးတော်မှ ကျသော ဓာတ်တော် ရှစ်ဆူမှ နှစ်ဆူကို မယ်
တော် အား ခွဲပေး၏။ ညီတော် စောလှ  ကလည်း မယ်တော် အား မြတ်စွာဘုရား၏ အောက်မေးရိုးတော်မှ ကျသော ဓာတ်တော် ရှစ်ဆူ အနက် နှစ်ဆူ ကို ခွဲပေး၏ ။ မြတ်လှသည် လက်ရုံးတော်မှကျသော ဓာတ်တော်ခြောက်ဆူဖြင့် ဘုရားလောင်း ကြက်မင်း ဘ၀က အိပ်တန်းတက်ရာအရပ် (မယ်တော် အုပ်ချုပ်သော မလီစုရွာ ၏ အရှေ့ ဘက် တွင်စေတီတစ်ဆူတည်၏ ။ ညီတော် စောလှ မှာလည်ားဘုရားလောင်းကြက်မင်း၏ီတော် အာနန္ဒာ အလောင်း အိပ်တန်းခွဲ ရာ ကုန်းတွင် အောက်မေးရိုးတော် မှ ကျသော ဓာတ်တော် ခြောက်ဆူဖြင့် စေတီတည်ခဲ့၏ ။ ယင်းစေတီ၏ ဘွဲ့ အမည်မှာ “ မြတ်စောညီနောင်စေတီ’’ ဟု ခေါ်တွင်
လာခဲ့ကြပါသည် ။
            မယ်တော်“ မယ်စန္ဒာ’’ မှာလည်း မြတ်စွာဘုရား၏ လက်ရုံးတော် ဓာတ်တော် နှစ်ဆူ နှင့် အောက်မေးရိုးတော်မှ
ကျသော ဓာတ်တော် နှစ်ဆူတို့ဖြင့် နောင်တော်စေတီ ၏ အနီးတောင်ဘက်နားတွင် စေတီတစ်ဆူတည်ထား၏ ။စေတီ ၏
ဘွဲ့ တော်မှာ “ မယ်တော်စေတီ’’ ဟုပင် တွင်လေသည် ။


ရှင်ပင်ကျောက်ဆောက် စေတီ
          (တောင်ငူ)
            ဦးကျောက်ဖားမှာလည်း မိမိရရှိခဲ့သောမြတ်စွာဘုရား၏ ကျောကုန်းတော် မှ ကျသောဓာတ်တော်ရှစ်ဆူ ကို ခပေါင်း ချောင်းဖျား ရှိ မိမိရွာသို့ ပင့်ဆောင်လေသည် ။မိမိရွာ အနီး မင်းဝံတောင် ၏ တောင်စွယ်ပေါ်တွင် ဓာတ်တော်များကို ဌာပနာ
ပြီး စေတီတော်တစ်ဆူ တည်လေသည် ။ စေတီ၏ ဘွဲ့တော်မှာ  “ ရှင်ပင်ကျောက်ဖား’’ စေတီ ဖြစ်သည် ။ ကာလကြာမြင့်လာ သည့်အခါ “ ရှင်ပင်ကျောက်ဆောက် ’’ ဟုတွင်လေသည် ။
            ပုဂံ နရပတိစည်သူမင်းကြီးသည် ဖောင်တော် ဖြင့် တိုင်းခန်းလှည့်လည်ရာ “ ရွှေတိဂုံ’’ စေတီကြီးသို့ သြွးရောက်ဖူး မြော်၏ ။ တိဂုံမြို့ ရှိ မွန်လူမျိုး သူအိုသူကောင်းတို့ထံမှ ခပေါင်းချောင်းဖျား မင်းဝံတောင်ရှိ ၊ “ ရှင်ပင်ကျောက်ဆောက်’’ နှင့်
ပေါင်းလောင်းမြစ်  “ စစ်တောင်းမြစ်’’ ကို ဆန်တက်လျှင် တရထည် ချောင်း  “ သောက်ရေခပ်ချောင်း’’သို့ဝင်လျှင်“ မြတ်စော
ညီနောင်စေတီ’’  တို့ ရှိကြောင်း သိရှိရလေသည် ။
            နရပတိစည်သူမင်းကြီးသည် ရှင်ပင်ကျောက်ဆောက် စေတီ နှင့် မြတ်စောညီနောင်  စေတီ များသို့ ဖောင်တော်ဖြင့်
သွားရောက် ပြီး ဖူးမြော် ခဲ့ပြီး ပျက်စီးယိုယွင်းနေသောစေတီများအားတွေ့ရသဖြင့်  “ အနန္တသူရိယ ’’ အမတ် “ ရမန်ငထွေး’’
(သ၀န်ကြီး+သ၀န်ငယ် တို့၏ ဘေးတော်) ကို ပြုပြင်စေပါသည် ။
            “ မြတ်စောညီနောင်စေတီ’’ သို့ တောင်ငူမြို့ မှ ကားဖြင့် ၀င်ရောက်ပြီး ဖူးမြော်နိုင်ပါသည် ။ “ ရှင်ပင်ကျောက်ဆောက် ’’
စေတီ မှာလည်း အုတ်တွင်းမြို့ မှ အနောက်ဘက် ပေါက်ခေါင်းလမ်းခွဲ သို့ ၀င်ရောက်ပြီး သွားရောက်ဖူးမြော်နိုင်ပါသည် ။
တောင်ငူမြို့ မှ တဆင့် ခပေါင်းဆည်လမ်း မှလည်း ကားဖြင့်သွားရောက်ဖူးမြော်ကြည်ညိုနိုင်ပါသည် ။

                                              ကိုးကား **၁ ။ မြတ်စွာဘုရား မြန်မာနိုင်ငံသို့ ဒေသစာရီ ကြွချီတော်မူလာခြင်း
                                                                                               နှင့်
                                                                                  စေတီတော်များ သမိုင်း
                                                                       ဗိုလ်ချုပ် ခင်မောင်ဝင်း (အငြိမ်းစား)
                                                                 ၂ ။ မင်းတရားရွှေထီး နှင့် ဘုရင့်နောင်  
                                                                       ကထိက ဦးစိန်လွင်လေး ၀ိဇ္ဇာ (ဂုဏ်ထူး) ၊ ဒီဂျေ








No comments:

Post a Comment