Monday, June 2, 2014

ငါ ့ အ ေ ၀ း မ် ာ း ၊ ရန်လင်းအောင်


ငါ ့ အ ေ ၀ း မ် ာ း                           ရ န် လ င်းေ အာ င်



ငါ့ အဝေးများ . . .

သီချင်းတွေ
ဘယ်လောက်ဖြည့်ဖြည့် မလောက်ခဲ့
ရင်နဲ့ ရင်းလို့ ဘယ်လောက်ကာကာ မလုံခဲ့
ကဗျာတွေ ဘယ်လောက်ထည့်ထည့် မ၀ခဲ့
ကြယ်တွေဘယ်လောက်ဆင်ဆင်
မစင်ကြယ်တဲ့ တစ်မိုးအောက်မှာ
ငိုသံမတိတ်နိုင်
သွေးလည်းမတိတ်နိုင်
ကျော်ရမယ့် တောင်စဉ်တောင်တန်းတွေ
ဆယ်ရမယ့် မြစ်တွေ ချောင်းတွေ
ကယ်ရမယ့် လမ်းမကြီးငယ်တွေ
သွေးနဲ့ ရင်းမှ မွှေးမယ့်ပန်းတွေ
မျက်ရည်နဲ့ ဖွဲ့ မှ လှမယ့်ကဗျာတွေ
အပူသည်းသည်း
အယူသီးသီး
ဒီကမ္ဘာကြီးကိုတော့ဖြင့်
ဘာတစ်ခုမျှ
စောဒက မတက်နိုင်တော့ပြီလား ၊
မရေးဖြစ်တဲ့ကဗျာ
ပိုကောင်းလေရော့သလား၊

''ကိုယ့်ကိုယ်ကိုသာ
သနားပါ၊ များသတ္တ၀ါ "
''ကိုယ့်ကိုယ်ကိုသာ
သနားပါ၊ များသတ္တ၀ါ "
တေဘုမ္မာသီချင်းကိုသာ
သံယောင်တိုင်တည်
ဆိုညည်းမိနေတော့တာ ။

                             
                                ရန်လင်းအောင်

No comments:

Post a Comment